Home ကဗျာ ချည်ဖြူဖွဲ့လွမ်းခြင်း

ချည်ဖြူဖွဲ့လွမ်းခြင်း

1854
(လကင်္ာဒီပ)

ကိုးကွယ်ယုံကြည်မှုမပါ
ဒါဟာ အမျိုးသားလက္ခဏာ
ကမ္ဘာမှာ ကရင်သာပြုတဲ့အမှု
သုခုမအနုပညာတခုပါ
သာယာကြည်နူးဖွယ်များ
ရှားပါးတဲ့ ရိုးရာကိုသယ်‌ဆောင်
ဟို‌တောင်‌ပေါ်‌မြေပြန့်ပါမကျန်
ဒီသဏ္ဍာန် ဒီပြယုဂ်
ထုတ်‌ဖော်ကြဖို့ အချိန်တန်ပြီ‌လေ။

ထိဆဲ့မဲ့ရွား
သဲ‌ချောင်းဖျားကစခဲ့တဲ့နွယ်
တကယ်ကိုနူးညံ့သိမ်‌မွေ့
မ‌နော‌တွေ့‌စေဖွယ်
ညီရယ် ‌နောင်ရယ်ပြန်ဆုံမယ်
လာလာကွယ်ရွှင်ပြုံးပြုံး
ချည်ဖြူထုံးဖွဲ့ကြစို့ရယ်။

‌လေနှင်ရာသွား
ကိုးဒီ‌သွေးတို့ကမ္ဘာ
ဆုံဆည်းရာတ‌နေရာ
မညှာတာမိုးစက်များ
ခါးသီးစိမ့်စိမ့် ‌ဆောင်းနှင်းဒဏ်
‌လောကဓံ အပူလှိုင်း‌တွေ
‌ပြေ‌စေ‌ပျောက်‌စေ‌ဝေးလွင့်‌စေ
လာလာ‌လေတို့‌တွေ ပြန်ဆုံမယ်‌လေ။

“ပလူးလာပလူးလာ”
နာ‌ပျော်ဖွယ် တို့ဖိုးဖွားတို့ရဲ့အသံ
အရံအတား အကာအဆီးတစ်ရာ
‌မေတ္တာနဲ့ ငြိမ်း‌ပေးတဲ့ဟန်
ဆံဖြူသွားကျိုးအချစ်တိုးပြန်
မိုးမှန် ‌လေမှန် ရာသီမှန်
ကံကြမ္မာ‌ဖြောင့်ဖြူးဖို့အ‌ရေး
ဆု‌တောင်း‌ပေးဟန် ပန်းချီကား
စုတ်ချက်များခမ်းနားလှ‌ပေသကွယ်။

‌ဪ…ဝါဆိုရယ်ဝါ‌ခေါင်ရယ်
သ‌ပြေရယ် ‌ရေ‌ဖွေး‌ဖွေးရယ်
တိမ်‌တွေရယ် မိုးသဲသဲရယ်
နွယ်ယှက်လာအမှတ်တရရယ်
မပြယ်‌သေးတဲ့ အလွမ်းဓါတ်ခံရယ်
လည်ပတ်‌နေတဲ့ သံသရာကြားမယ်
နင်ရယ် ငါရယ် ပါပီမရယ်
ချည်ဖြူရယ် ထုံးဖွဲ့တဲ့ပွဲမယ်
ပြန်ဆုံမယ် ‌မျှော်လင့်ချက် ထားလျက်ကွယ်။

ဇွန်လ ၂၀၊ ၂၀၁၃။