Home သတင်း ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက် သည့်အ‌ပေါ် EU ကို UNFC ‌ဝေဖန်

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက် သည့်အ‌ပေါ် EU ကို UNFC ‌ဝေဖန်

1504
ဧပြီလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)
European-Flag1ဥ‌ရောပသမဂ္ဂ အလံ

ဥ‌ရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအ‌ပေါ် လက်နက်‌ရောင်းဝယ်မှုမှလွဲ၍ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်း‌ပေး ခြင်းမှာ ‌စောလွန်း‌နေ‌သေး‌ကြောင်း ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ယ‌နေ့ ‌ဝေဖန်‌ပြောကြားလိုက်သည်။

ယမန်‌နေ့ ဧပြီလ ၂၂ရက်‌နေ့၌ ဥ‌ရောပရှိ လူဇင်ဘတ်နိုင်ငံ၌ ပြုလုပ်သည့် EU (၂၇)နိုင်ငံမှ နိုင်ငံခြား‌ရေးဝန်ကြီး များ အစည်းအ‌ဝေးတွင် မြန်မာအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး ရုပ်သိမ်း‌ပေးပြီး‌နောက် UNFC က ထိုသို့ ‌ဝေဖန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေမှုများ ဆက်လက်ဖြစ်ပွား‌နေသလို အစိုးရသည် တိုင်းရင်းသား များနှင့် ပြုလုပ်‌သော ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးမှုများတွင် သိသာထင်ရှားပြီး ခိုင်မာ‌သော အ‌ပြောင်းအလဲများမဖြစ် ‌ပေါ်‌သေးသ၍ ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရုပ်သိမ်း‌ပေး‌ရေး အချိန်မတန်‌သေးဘူးဟု UNFC ဒုဥက္ကဌ ပဒို‌ဒေးဗစ် သာက‌ပေါက ယခုလို ‌ပြောသည်။

“(မြန်မာ)အစိုးရအ‌နေနဲ့က လိုအပ်တဲ့အ‌ပြောင်းအလဲ‌တွေမဖြစ်‌သေးဘူး။ အတိုင်းအတာက အင်မတန်မှနည်း ‌သေးတယ်။ အခုဆိုသျှမ်းပြည်မှာ တိုက်‌နေတုန်းပဲ။ ဒီလိုအချိန်မှာ ပိတ်ဆို့မှု‌တွေရုပ်သိမ်းလိုက်တာဟာ အစိုးရ ကို အား‌ပေးသလို ဖြစ်သွားမယ်”ဟု ပဒို‌ဒေဗစ်သာက‌ပေါက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံရှိ လက်ရှိဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများကို ကြည့်၍ ဥ‌ရောပသမဂ္ဂအ‌နေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ် သိမ်း‌ပေး‌ရေး အစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး မဆုံးဖြတ်ရန် ဧပြီလ ၂၁ရက်‌နေ့က UNFC မှ ‌ကြေငြာ ချက်တစ်‌စောင် ထုတ်ပြန်ခဲ့‌သေးသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အစိုးရအ‌နေဖြင့် စစ်မှန်‌သောငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေး မှုများကို ပီပြင်စွာ မလုပ်‌ဆောင်နိုင်‌သေးသည့်အပြင် ကချင်ပြည်နယ်နှင့် သျှမ်းပြည်‌မြောက်ပိုင်းတို့တွင် တိုက်ပွဲ များပြန်လည်ဖြစ်ပွား‌နေခြင်းများကို ‌ထောက်ပြထားသည်။

ထို့အပြင် ပိတ်ဆို့အ‌ရေးယူမှုများသည် မြန်မာအစိုးရအား ကြီးမား‌သောဖိအား‌ပေးမှုကိုဖြစ်‌ပေါ်‌စေပြီး (EU)မှ ပိတ်ဆို့မှုများကို ရုပ်သိမ်းလို်က်ပါက မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၏ ဒီမိုက‌ရေအ‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် လူအခွင့်အ‌ရေးတိုးတက်မှုအ‌ပေါ် ယုတ်‌လျော့သွား‌စေနိုင်သည်ဟုလည်း ‌ဖော်ပြထားသည်။

ပဒို‌ဒေးဗစ်သာက‌ပေါက “ အခုလို (EU)က ပိတ်ဆို့လို့ ထိခိုက်နစ်သွားတာ စစ်တပ်အသိုင်းအဝိုင်း‌တွေ၊ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်‌တွေကိုပဲ ထိခိုက်တာပါ။ ပြည်သူလူထုက‌တော့ သိပ်ပြီးမထူးဆန်းပါဘူး။ ‌နောက်ပြီး ပိတ်ဆို့ တာ‌တွေအားလုံး ရုပ်သိမ်းရင် အဲဒီ လူ‌တွေပဲအဆင်‌ပြေမှာ‌လေ။ တိုင်းရင်းသား‌တွေဘက်က ဘာအခွင့် အ‌ရေးမှ ရမှာ မဟုတ်ဘူး”ဟု ဆက်‌ပြောသည်။

အလားတူ လူ့အခွင့်အ‌ရေးအဖွဲ့များကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေများသည် တိုးတက် သင့်သ‌လောက် မတိုးတက်‌သေးသည့်အတွက် EU မှ ယခုကဲ့သို့ အ‌ရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်းမှာ အချိန်‌စောလွန်း‌နေ‌သေးသည်ဟု ‌ဝေဖန်‌ထောက်ပြကြသည်။