Home သတင်း တိုင်းလိုင်အမည်ဖြင့် တရားဝင် အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်း‌ဆောင်ရွက်သွားမည်

တိုင်းလိုင်အမည်ဖြင့် တရားဝင် အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်း‌ဆောင်ရွက်သွားမည်

4367
ဧပြီ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

TNDP
စစ်ကိုင်းတိုင်း‌ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်‌အောက်ပိုင်း‌ဒေသများတွင် အများဆုံး‌နေထိုင်သည့် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများကို ယင်းအမည်မှန်ဖြင့် တရားဝင်အသိအမှတ်ပြု အမျိုးသားမှတ်ပုံတင်ထုတ် ‌ပေးနိုင်‌ရေးအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတတ်‌ရေးပါတီ(TNDP)က ကြိုးပမ်း‌ဆောင်ရွက်သွား မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရတရားဝင်ထုတ်ပြန်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ၎င်းတို့ကို ရှမ်းက‌လေးဟု သတ်မှတ်ထားသလို လက်ရှိတွင် တိုင်းလိုင်(ရှမ်းနီ)များအား ဗမာ၊ ရှမ်း-ဗမာ၊ ရှမ်း စသည်ဖြင့် အမျိုးမျိုး‌ခေါ်ဆိုပြီး မှတ်ပုံတင်ထုတ်‌ပေးသည့်အ‌ပေါ် တိုင်းလိုင်အမည်မှန်ဖြစ်‌အောင် ကြိုးပမ်းသွားရမည်ဖြစ်‌ကြောင်း TNDP ၏ တွဲဖက်အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦး‌စောဝင်းထွန်းက ‌ပြောသည်။

ဦး‌စောဝင်းထွန်းက “အခုချိန်မှာ ကျ‌နော်တို့ကို တိုင်းလိုင်(ရှမ်းနီ)ဆိုပြီး မှတ်ပုံတင်ထုတ်‌ပေးထားတာ တစ်‌ယောက်မှ မရှိ‌သေးဘူး။ အမည်မှန်ဖြစ်တဲ့ တိုင်းလိုင်(ရှမ်းနီ)ဆိုပြီး တ‌ပြေးညီမှတ်ပုံတင်ထုတ်‌ပေးနိုင်‌အောင် ပါတီက ဦး‌ဆောင်ပြီးကျိုးပမ်းသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုသို ့တ‌ပြေးညီသတ်မှတ်‌ခေါ်ဆိုနိုင်ရန် လွှတ်‌တော်အတွင်းသို့ တွန်းအား‌ပေးကြိုးပမ်းသွားပြီး လာမည့် ၂၀၁၄ ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင်လည်း ရှမ်းနီ အမည်မှန်ဖြင့် ‌ကောက်ယူနိုင်‌ရေးအတွက် TNDP မှ ကြိုးပမ်းလုပ်‌ဆောင်‌နေ‌ကြောင်း သူက ဆက်‌ပြောသည်။

ထို့အပြင် နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်‌တော်ဥက္ကဌများထံသို့ တိုင်းလိုင်(ရှမ်းနီ)လူမျိုးများနှင့် ပတ်သက်သည့် သမိုင်းစာတမ်းတစ်‌စောင်ကို ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီအတွင်းအ‌ပေးပို့ထားပြီးဖြစ်‌ကြောင်း TNDP က ဆိုသည်။

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတတ်‌ရေးပါတီ(ဓါတ်ပုံ-‌ကေအိုင်စီ)
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတတ်‌ရေးပါတီ(ဓါတ်ပုံ-‌စောဝင်းထွန်း)

ကချင်ပြည်နယ်၊ မိုး‌ကောင်းမြို့ခံ ရှမ်းနီလူမျိုး စိုင်း‌ဆေဖိတ် ၃၈နှစ်က “အခုဟာ ကျ‌နော်တို့က လက်ရှိ မှတ်ပုံတင်အရကြည့်ရင် လူမျိုး‌ပျောက်‌နေသလိုဖြစ်တယ်။ ကျ‌နော်တို့မိသားစုမှာ မိဘနဲ့ အစ်ကို၊ အစ်မကလွဲရင် ကျ‌နော်နဲ့ ကျန်အငယ်သုံးဦးဆို ရှမ်းဗမာ လို့ပဲ မှတ်ပုံတင်မှာပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ကို ရှမ်းနီလူမျိုးဆိုပြီး မှတ်ပုံတင်ထုတ်‌ပေးရင် သိပ်‌ကောင်းတာ‌ပေါ့။ ဒါမှ ကိုယ့် ယဉ်‌ကျေးမှုပွဲ‌တော်‌တွေကိုလည်း ကျင်းပ‌ဖော်ထုတ်နိုင်မှာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းလိုင်(ရှမ်းနီ)လူမျိုးများသည် ‌တော်လှန်‌ရေး‌ကောင်စီ လက်ထက် ၁၉၇၄ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ရေးဆွဲ ‌နေစဉ် ကာလများတွင် ရှမ်းနီလူမျိုးများအများဆုံး‌နေထိုင်သည့် ကချင်ပြည်နယ်‌အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ‌ဒေသကြီးအထက်ပိုင်း‌ဒေသများကို ‌မြေလတ်‌ဒေသရှမ်းပြည်နယ်အဖြစ် တရားဝင်ပြည်နယ်သစ်တခု သတ်မှတ် ‌ပေး‌ရေး‌တောင်းဆိုခဲ့ဖူးပြီး ထိုစဉ်က ဦး‌ဆောင်‌တောင်းဆိုသူ ရှမ်းနီများဖမ်းဆီး‌ထောင်ကျခြင်းခံခဲ့ရသည်။

သို့‌သော် လက်ရှိအစိုးရ သစ်လက်ထက် ၂၀၁၂ခုနှစ် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပခါနီးတွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ ့ဖြိုးတိုးတတ်‌ရေးပါတီ(TNDP)အဖြစ် တရားဝင်တည်‌ထောင်ခွင့် ရရှိခဲ့သည်။

တိုင်းလိုင်(ရှမ်းနီ)လူမျိုးများသည် ချင်းတွင်း၊ သံလွင်မြစ်ဝှမ်းတ‌လျှောက်ရှိ ‌ဒေသများတွင် အများဆုံး‌နေထိုင်ကြ ပြီး ဟုမ္မလင်း၊ ခနီ္တး၊ မိုးညှင်း၊ မိုး‌ကောင်း၊ တနိုင်းစသည့်မြို့‌ပေါင်း၂၃ မြို ့နယ်တွင် အဓိက‌နေထိုင်လျှက်ရှိကာ ခန့်မှန်း‌ခြေ လူဦး‌ရေ ၂သန်းဝန်းကျင်ရှိ‌ကြောင်း သိရသည်။