Home ကဗျာ သင်ပုန်းအသစ်နဲ့ လူ (ကဗျာ)

သင်ပုန်းအသစ်နဲ့ လူ (ကဗျာ)

1808

‌တော်လှန်‌ရေး‌ခေတ်ဦးက တို့‌ခေါင်း‌ဆောင်‌တွေ
မြန်မာသင်ပုန်းကြီးထဲက
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”‌တွေကို
အနှီလူတစ်သိုက်ကို သင်ပြဘို့
ရန်ကုန်သွားခဲ့ကြတယ်။
မဟာဝါဒ အ‌မှောင်ကြားကလူတစ်စု
ဆွံ့အ နားမကြားလို့ မသင်ပြနိုင်ခဲ့
ဒါ‌ပေမယ့်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိ‌နေမြဲ။

‌တော်လှန်‌ရေး‌ခေတ်လယ်က တို့‌ခေါင်း‌ဆောင်‌တွေ
သင်ပြလို့ မရခဲ့တဲ့ မြန်မာသင်ပုန်းကြီးထဲက
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”ကို ဆက်သင်ပြဘို့
အနှီလူတစ်သိုက်ဆီ ဆက်သွားခဲ့ကြပြန်တယ်။
ဆွံ့အ နားမကြားတဲ့ ထိုလူတစ်သိုက်
‌စောင်းကြိုးသားကုန် ‌မောင်ပုံ ‌စောင်းမတတ်ခဲ့
ဒါ‌ပေမယ့်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိ‌နေဆဲ။

‌တော်လှန်‌ရေး‌ခေတ်‌နှောင်း တို့‌ခေါင်း‌ဆောင်တစ်စု
‌ခေတ်အဆက်ဆက် သင်ပြခဲ့တာနဲ့ ဆန့်ကျင်လျက်
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”‌တွေကို သင်ယူဘို့
ဆွံ့အ နားမကြားသူ‌တွေဆီက‌နေ တပည့်ခံလာခဲ့ရ‌တော့
သင်ပုန်းတစ်ချပ်လည်း ‌ကြေလို့‌ချေခဲ့လိုက်ရ
ဒါ‌ပေမယ့်
ကရင့်လက်နက်‌တွေ ကရင့်လက်ထဲမှာ တုတ်‌ချောင်း‌တွေ ဖြစ်ခဲ့ရတယ်။
သင်ပုန်းအ‌ဟောင်း‌ချေခဲ့တဲ့
သင်ပုန်းအသစ်နဲ့လူ‌ရေ ‌နောက်ထပ် သင်ပုန်းဘယ်နှစ်ချပ် ထပ်‌ချေရဦးမှာလဲ။

စ’အိုင်ခန့် (နှင်းခဲ‌မြေ)
ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၂ခုနှစ်။