Home သတင်း ဗလီတိုက်ခိုက်ခံရမှု‌ကြောင့် ‌ကော့ ကရိတ်မြို့တွင် လုံခြုံ‌ရေး တင်းကြပ်ထား

ဗလီတိုက်ခိုက်ခံရမှု‌ကြောင့် ‌ကော့ ကရိတ်မြို့တွင် လုံခြုံ‌ရေး တင်းကြပ်ထား

3212
‌အောက်တိုဘာလ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)


ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်ရှိ ‌ရေနံဆီကုန်းဗလီကို ‌အောက်တိုဘာလ ၂၈ရက်‌နေ့ညက အမည်မသိ ဆိုင်ကယ်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် လုံခြုံ‌ရေးတင်းကြပ်ထားရသည်ဟု ‌ကော့ကရိတ်မြို့ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီဝင်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကော့ကရိတ်မှာ ရပ်ကွက် ၇ခုစလုံး ရဲက လုံခြုံ‌ရေး‌တွေ ‌စောင့်ကြတယ်။ ဗလီမှာဆိုလည်း ဗလီလုံခြုံ‌ရေး‌ပေါ့။ ‌နောက် ဒီလိုမျိုး ပြဿနာ မပြန့်ပွား‌အောင် ကာကွယ်ထားတဲ့အ‌နေနဲ့ပါ”ဟု သူက ဆိုသည်။

၎င်းမွတ်ဆလင်ဗလီ‌ကျောင်း လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံရမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိ‌သော်လည်း ၎င်းလုပ်ရပ်သည် ကရင်လူမျိုး အများစုကြား ‌နေထိုင်‌နေသည့် မွတ်ဆလင်မ်နှင့် ‌သွေးထိုးလှုံ့‌ဆော်‌ပေးသည့် သ‌ဘောဖြစ်သည်ဟု ‌ကော့ကရိတ်မြို့ မှ ရပ်ကွက်လူကြီးတစ်ဦးက ‌ပြောဆိုသည်။

‌အောက်တိုဘာလ ၂၈ရက်‌နေ့ည ၁၂နာရီခန့်က ‌ကော့ကရိတ်မြို့ဗလီ တိုက်ခိုက်ခံရမှုတွင် ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဗလီနှင့် အုတ်တံတိုင်းကြားတွင် ကျသွားသည့် ဗုံးတစ်လုံးသာ ‌ပေါက်ကွဲသွားခဲ့ပြီး ဗလီအတွင်း ကျ‌ရောက်သည့်ဗုံးမှာ ‌ပေါက်ကွဲခြင်း မရှိ‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့မှ ဗလီ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တရားခံကို ယ‌နေ့အထိ ရှာ‌ဖွေ‌ဖော်ထုတ်နိုင်ခြင်း မရှိ‌သေးဘဲ ထိုနယ် ‌မြေ‌ဒေသအတွင်းရှိ တာဝန်ကျ ရဲများက လိုက်လံစုံစမ်း‌နေဆဲဖြစ်ပြီး ရပ်ကွက်တိုင်းတွင် လုံခြုံ‌ရေးချထား‌ကြောင်း သိရသည်။

မြဝတီမှ ရဲအရာရှိတစ်ဦးက “ဘယ်သူလုပ်တာလဲ‌တော့ အခုထိ အားလုံး စုံစမ်း‌နေဆဲလို့ သိရတယ်။ အမှန်‌တော့ ဒီ‌ဒေသ‌တွေဟာ ‌အေး‌ဆေး‌နေတာပဲ။ ဘယ်လိုဖြစ်ပြီး ဒါမျိုး‌တွေဖြစ်ရတာလဲ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ထို‌နေ့တရက်တည်း ည ၁ဝနာရီခန့်တွင် ကျုံဒိုးမြို့ ကမ်းနားပိုင်းရှိ ဗလီကိုလည်း ဗုံးတစ်လုံး ပစ်ခတ်‌ပေါက်ကွဲခဲ့ပြီး ညတွင်းချင်းမှာပင် ရဲများက လုံခြုံ‌ရေးကို တင်းကြပ်စွာ ချထားပြီး ပြည်‌ထောင်စု လုံခြုံ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်း‌ဌေး ကိုလည်း ဖုန်းဖြင့် အ‌ကြောင်းကြားထား‌ကြောင်း ဗုံး‌ပေါက်ကွဲသည့်အနီးတွင် ‌နေထိုင်သူတစ်ဦးက M-media ဝက်ဘ်ဆိုက်
< http://news.mmsy.info/news/7203>တွင် ‌ပြောဆိုထားသည်။

တံတားဦးရပ်ကွက်ရှိ ‌ရေနံဆီကုန်း ဒါရ်ဂါဗလီသည် ‌ကော့ကရိတ်မြို့အတွင်း ဒုတိယအကြီးဆုံး မြို့ဗလီဖြစ်ပြီး လူမျိုး‌ရေး အဓိက ရုဏ်း မဖြစ်‌စေ‌ရေး ကရင်ရပ်မိရပ်ဖများနှင့် မွတ်ဆလင်မ် ဘာသာဝင်များ ယမန်‌နေ့က ‌ဆွေး‌နွေးခဲ့ကြရာ ၎င်းဖြစ်ပွားမှုအ‌ပေါ် မည်သည့်ဘက်ကမျှ အထင်အမြင် လွဲမှားမှု တစုံတရာ မရှိ‌ကြောင်း ကိုယ်တိုင် ပါဝင်သည့် မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီဝင်က ‌ပြောဆိုခဲ့သည်။