Home သတင်း မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အ‌ရေး ‌ကော်မရှင်နှင့် ‌တွေ့ရန် HREIB ဒါရိုက်တာ ခရီးစတင်

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အ‌ရေး ‌ကော်မရှင်နှင့် ‌တွေ့ရန် HREIB ဒါရိုက်တာ ခရီးစတင်

2112
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

လူ့အခွင့်အ‌ရေးစွမ်းရည်တိုးတက်မှုလုပ်ငန်းများ ပူး‌ပေါင်းလုပ်‌ဆောင်‌ရေးအတွက် ပြည်ပအ‌ခြေစိုက် လူ့အခွင့်အ‌ရေး ပညာ‌ပေးဌာန မြန်မာနိုင်ငံ-HREIB ၏ ဒါရိုက်တာ ဦး‌အောင်မျိုးမင်းသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်‌ရေး‌ကော်မရှင်ကို သွား‌ရောက်‌တွေ့ဆုံရန် ထိုင်းနိုင်ငံမှ ထိုင်းအဲ‌ဝေး‌လေ‌ကြောင်းလိုင်းဖြင့် ယ‌နေ့ ခရီးစတင်မည်ဖြစ်သည်။

ယ‌နေ့မနက် ခရီးမထွက်မီ ဦး‌အောင်မျိုးမင်းက “နိုင်ငံတကာမှာ မြန်မာနိုင်ငံအ‌နေနဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အမည်ဆိုး‌တွေ ဖြစ်‌နေတဲ့ အတွက် လူ့အခွင့်အ‌ရေးကို ‌လေးစားတဲ့ပုံစံဖြစ်‌အောင် ကြိုးစားဖို့ လို‌သေးတယ်။ ပြည်ပက လူ့အခွင့်အ‌ရေးအဖွဲ့‌တွေကလည်း မြန်မာပြည် ကို ပြန်လာပြီး‌တော့ အ‌ဖြေရှာ၊ အမြင်‌တွေ ဖလှယ်နိုင်ရင် ‌ကောင်းတဲ့အတွက် ခရီးစဉ် ဖြစ်သွားတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ထိုင်းနိုင်ငံမှ ထိုင်းအဲ‌ဝေး‌လေ‌ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာမည်ဟု ဦး‌အောင်မျိုးမင်းက ယ‌နေ့မနက်တွင် ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်‌နေ့က ဘန်‌ကောက်မြို့တွင် အစိုးရငြိမ်းချမ်း‌ရေးကိုယ်စားလှယ် မီးရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်းတို့နှင့် HREIB ‌တွေ့ဆုံမှုတွင် အစိုးရဘက်မှ ပြည်တွင်းရှိ မြန်မာနိုင်ငံလူ့အခွင့်အ‌ရေး‌ကော်မရှင်နှင့် သွား‌ရောက်‌တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ် သည်။

“အစိုးရအသစ်တရပ်အ‌နေနဲ့ ‌ပြောင်းလဲမှု‌တွေရှိ‌နေတယ်။ လူ့အခွင့်အ‌ရေးကိစ္စ ‌လေးစားပါတယ်။ တိုးတက်မှုရှိလာပြီလို့ ‌ပြော‌နေတဲ့အတွက် ပြင်ပမှာလုပ်‌နေတဲ့လူ့အခွင့်‌ရေးအဖွဲ့‌တွေက ဘယ်လိုမျိုး ဒါကို လုပ်နိုင်မလဲ။ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ နည်းလမ်း‌တွေရှိတယ်ဆိုရင် ကျ‌နော်တို့ မှာလည်း လုပ်ခဲ့တဲ့ အ‌တွေ့အကြုံ‌တွေ၊ မျှ‌ဝေစရာ‌တွေ အများကြီးရှိပါတယ်”ဟု ဦး‌အောင်မျိုးမင်းက ဆက်‌ပြောသည်။

ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် က‌လေးနှင့် အမျိုးသမီးအခွင့်အ‌ရေးလုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းများ၊ အစိုးရ‌အေဂျင် စီအဖွဲ့များ၊ (အ‌ရှေ့‌တောင်အာရှနိုင်ငံများ)အာဆီယံထဲတွင် လူ့အခွင့်အ‌ရေး လုပ်‌ဆောင်‌နေသည့် Myanmar People Forum ကွန်ယက် အဖွဲ့ဝင်များကို ‌တွေ့ဆုံသွားမည်ဖြစ်‌ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်တွင်းလူ့အခွင့်အ‌ရေး အဖွဲ့အစည်းများနှင့် သွား‌ရောက်‌တွေ့ဆုံမည် ဖြစ်‌သော်လည်း တရားဝင် ရုံးအ‌ခြေစိုက် လုပ်ကိုင်နိုင် ရန် ‌စော‌သေး‌ကြောင်းနှင့် ပြည်ပ‌ရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းများကို ပြန်လာရန် ဝန်ကြီးတစ်ဦးမှ ‌ခေါ်ယူခြင်းမျိုး မဟုတ်ဘဲ ဝန်ကြီးဌာနများ အပါအဝင် အစိုးရတရပ်လုံး အသိအမှတ်ပြုသည့် မူဝါဒ‌ကြေညာချက်များဖြင့် ‌ခေါ်ယူပါက ပိုမို‌ကောင်းမွန်‌ကြောင်း ဦး‌အောင်မျိုးမင်းက ဖြည့်စွက်‌ပြောဆိုသည်။

HREIB ကို ၂၀၀ဝခုနှစ်တွင် စတင်ထူ‌ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိ‌သော လူမှုအဖွဲ့ အစည်းများအတွင်း လူ့အ ခွင့်အ‌ရေးများ ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ လူ့အခွင့်အ‌ရေး၊ အမျိုးသမီးအခွင့်အ‌ရေး၊ က‌လေးအခွင့်အ‌ရေးသင်တန်းများနှင့် လူ့အခွင့် အ‌ရေးပညာ‌ပေး နည်းပြသင်တန်းများအပြင် ‌ခေါင်း‌ဆောင်မှု၊ အခြားလူ့အခွင့်အ‌ရေးနှင့် သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကို ပို့ချ‌ပေးလျှက်ရှိသည်။

ထို့အပြင် ထိုင်းမြန်မာနယ်စပ်တွင် အ‌ခြေစိုက်လှုပ်ရှားသည့် HREIB အဖွဲ့သည် အိနိ္ဒယ၊ တရုတ်နှင့် ဘဂင်္လား‌ဒေ့ရှ်နိုင်ငံ နယ်စပ်များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်‌သော‌ဒေသများတွင် လူ့အခွင့်အ‌ရေးပညာ‌ပေးလုပ်ငန်းများကို လုပ်‌ဆောင်လျှက်ရှိသည်။