Home သတင်း ‌နေအိမ်အသိမ်းခံရသူများအား စည်ပင်ဝန်ထမ်းလုပ်ခိုင်း

‌နေအိမ်အသိမ်းခံရသူများအား စည်ပင်ဝန်ထမ်းလုပ်ခိုင်း

2391
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ကျူး‌ကျော်‌နေရာဟုဆိုကာ ပြီးခဲ့သည့်လက ‌နေအိမ်များ ဖျက်သိမ်းခံရသူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်‌မြောက်ပိုင်းရှိ (၅၀)ရပ်ကွက်မှ အိမ် ‌ထောင်စုဝင်များအား စည်ပင်ဝန်ထမ်းလုပ်မည်ဆိုပါက ‌မြေ‌နေရာ‌ဟောင်း၌ တဲတန်းလျား ပြန်လည်‌ဆောက်ခွင့်‌ပေးမည်ဟု ၎င်းမြို့နယ် စည်ပင်အမှိုက်ပုံ အရာရှိ ဦး‌မောင်‌မောင်သန့်ဇင်က လာ‌ရောက်‌ပြောဆို‌ကြောင်း သိရသည်။

‌နေအိမ်ဖျက်သိမ်းခံရသူ ဦးဝင်းချိုက “အရာရှိက ပြီးခဲ့တဲ့ ၁၇ရက် ‌နေ့လည် ၁၁နာရီ‌လောက်က လာ‌ပြောတာပါ။ ပါးစပ်နဲ့ပဲ ‌ပြောတာပါ။ ဘာစာရွက်စာတမ်းမှ မပါပါဘူး။ ဝန်ထမ်းလုပ်တာနဲ့ ချက်ချင်း တန်းလျား‌ဆောက်‌ပေးပါမယ်တဲ့။ ဒီကလူ‌တွေက အရင်ကတည်းက ကန် စွန်းစိုက်၊ သ‌ပြေစိုက်စားလာကြ‌တော့ ဝန်ထမ်း ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ဒီစိုက်ပျိုးစားတာက ကိုယ်ပိုင်လုပ်ငန်းလို ဖြစ်‌နေပြီ‌လေ”ဟု ဆိုသည်။

ယင်းသို့ မ‌ပြောဆိုမီ အမှိုက်ပုံရှိရာ ၅ဝရပ်ကွက်နှင့် ကပ်လျက်ရှိ‌သော UE (1) ဟု‌ခေါ်သည့် ရပ်ကွက်(၁)ရှိ ပန်းခြံတည်‌ဆောက်မည့် ‌နေရာ တွင် အိမ်‌ဆောက်‌နေနိုင်‌ကြောင်း စည်ပင်ဝန်ထမ်းများနှင့် SB မှ လာ‌ရောက်‌ပြောဆိုခဲ့‌သေးသည်ဟု သိရသည်။

“သူတို့ လာ‌ပြောတာက ကိုယ့်သ‌ဘောနဲ့ကိုယ်သွား‌နေလို့ ရတယ်တဲ့။ ကျမတို့က ဘယ်‌နေရဲမလဲ။ အဲဒီရပ်ကွက်သား‌တွေနဲ့ ရန်တိုက်‌ပေး သလို ဖြစ်‌နေမှာ‌ပေါ့။ ရပ်ကွက်က လူ‌တွေကလည်း ဘယ်လက်ခံပါ့မလဲ”ဟု အမျိုးသမီးတစ်ဦးက ‌ပြောသည်။

ဒဂုံမြို့သစ်‌မြောက်ပိုင်း စည်ပင်သာယာ အုပ်ချုပ်‌ရေးမှူးရုံးသို့ ဆက်သွယ်‌မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးမှ ဖယ်ရှားခိုင်းခဲ့သည်ကို သိရှိ ‌သော်လည်း ပြန်လည်‌နေရာချထား‌ပေးခြင်းကို မသိရှိ‌ကြောင်း ‌ဖြေကြား‌ပြောဆိုခဲ့သည်။

အိမ်ယာ‌ပြောင်း‌ရွှေ့‌ပေးခဲ့ရသူ အိမ်‌ထောင်စု ၁၂စုတွင် ‌ကျောင်း‌နေအရွယ်က‌လေး ၁၃ဦး ပါဝင်ပြီး လက်ရှိအချိန်တွင် (၅၀)ရပ်ကွက်နှင့် UE (1)ကြားရှိ ကျန်စစ်သားပတ်လမ်း‌ဘေးတွင် အိမ်‌ထောင်စုအားလုံး တဲတန်းလျားထိုး စုပြုံ‌နေထိုင်၍ ဆိုက်ကားနင်းကာ ဝမ်းစာ‌ဖြေရှင်း‌နေရ သည်။

၎င်းတို့ကို ယခင်လက သက်ဆိုင်ရာ မြို့နယ်ရှိ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၏ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်ခင် ဝိုင်းကြည်မှ ဟင်းများနှင့် အိမ်မိုးရန် တာလပတ်ကို လာ‌ရောက်လှူဒါန်းကာ အား‌ပေးစကား ‌ပြောကြားသွားခဲ့သည်ဟုလည်း သိရသည်။

စည်ပင် အမှိုက်ပုံရှိ ‌မြေ‌နေရာအများစုကို ယခင်က လယ်သမားများဖြစ်‌သော ဦး‌အောင်ကြီး၊ ဦးမျိုးသိန်း၊ ဦးလှ‌သောင်း၊ ‌ဒေါ်ရီနှင့် ဦး‌ကျော် မြင့်တို့ ပိုင်ဆိုင်သည်။ လယ်သမား ဦး‌အောင်ကြီးက “ဝန်ထမ်းအိမ်၊ ‌မြေကွက်‌တွေလုပ်မယ်။ သုဿန်‌မြေအတွက် လုပ်မယ်ဆိုပြီး သိမ်းခဲ့ တာပါ။ ကျ‌နော့်‌မြေဆို ၄၅ဧက ရှိပါတယ်။ ကျ‌နော့်အစ်ကိုဆို ဧက ၅ဝရှိတယ်။ ၁၉၈၈ခုထိ အခွန်‌ဆောင်ခဲ့ပါတယ်”ဟု ‌ပြောသည်။

ထို‌နေရာကို စည်ပင်ဌာနမှ သုဿန်‌မြေ‌နေရာဟု ‌ပြောဆို‌သော်လည်း ဆက်လက်၍ လယ်ယာလုပ်ကိုင်ခွင့်‌ပေးခဲ့ပြီး သီးစားခအဖြစ် တစ် ဧကလျှင် ၅တင်းအထိ ‌ပေး‌ဆောင်ခဲ့ရ‌ကြောင်း အမှိုက်ပုံ‌နေရာ ပြုလုပ်သည့်အချိန်တွင်မူ လယ်စိုက်ပျိုးခြင်းကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။