Home သတင်း ဘုရားသုံးဆူမြို့ အာဏာပိုင်အချို့ ခြိမ်း‌ခြောက်ခံ‌နေရ

ဘုရားသုံးဆူမြို့ အာဏာပိုင်အချို့ ခြိမ်း‌ခြောက်ခံ‌နေရ

2005
ဇူလိုင်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)၌ အာဏာပိုင်အချို့အား အမည်မသိ လူတစ်စုက ခြိမ်း‌ခြောက်ခဲ့ ‌ကြောင်း မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ခြိမ်း‌ခြောက်ခံရသူများမှာ ရပ်ကွက်အုပ်ချုပ်‌ရေးမှုး ဦး‌အေးကို၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ တာဝန်ခံ ဦးခိုင်ဝင်းနှင့် ကာကွယ်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦးချစ်ဝင်းတို့ဖြစ်‌ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ရက်၊ စ‌နေ‌နေ့ နံနက် ၁နာရီ ၁၅အချိန်တွင် ဦးခိုင်ဝင်း၏ ‌နေအိမ်‌နောက်‌ဖေးတံခါးမှ ထွင်း‌ဖောက်ဝင်‌ရောက်ပြီး အိမ်နံရံ၌ “ခိုင်ဝင်းကို သတ်မယ်။ မင်းတို့ ထမင်းဝ‌အောင်စားထား။ ‌သေမဲ့‌နေ့ကို ‌စောင့်‌နေပါ။”ဟု ‌ရေးသားခဲ့သလို ထို‌နေ့နံနက် ၃နာရီခွဲ၌ပင် ဘုရား သုံးဆူ ကာကွယ်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦးချစ်ဝင်း၏ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးခဲ့‌ကြောင်း သူက ဆက်‌ပြောပြသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ခံ ဘာသာ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးကလည်း “သူတို့က သူများ‌တွေအ‌ပေါ် အာဏာ‌တွေ၊ ပါဝါ‌တွေ သုံးတာများတယ်။ ‌ပြောမရဲကြလို့သာ‌ပေါ့။ အဲဒါ‌ကြောင့် သူများ‌တွေကြည့်မရတာ ဖြစ်နိုင်တယ်”ဟု ‌ပြောသည်။

သို့‌သော် အခြားမြို့ခံတစ်ဦးက “ကျ‌နော်တို့ သိတာက‌တော့ ဒီအခြိမ်း‌ခြောက်ခံရတဲ့သူ‌တွေက မြို့အတွင်းမှာ‌တော့ ပရဟိတလုပ်ငန်းနဲ့ လူမှု ‌ရေးလုပ်ငန်း‌တွေပဲ လုပ်‌နေတာ ‌တွေ့တယ်ဗျ။ အထူးသဖြင့် ဦးခိုင်ဝင်းအတွက် ပိုစိတ်မ‌ကောင်းဘူး။ ဘာဖြစ်လဲဆို‌တော့ သူက ပရာဟိတနဲ့ ပြည်သူလူထုအကျိုးကိုလည်း ‌နေလုပ်တဲ့သူ‌လေ။”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့သည် ခြိမ်း‌ခြောက်မှု၊ ဓါးပြတိုက်မှု၊ ခိုးဝှက်မှု၊ ပြန်‌ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး အာဏာပိုင်များ၏ လာဘ်‌ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု များပြား‌သော မြို့တစ်မြို့ဖြစ်သည်။