Home သတင်း ‌နော်အုန်းလှကိုအာဏာပိုင်များ ပြန် လည်‌စောင့်ကြည့်‌နေ

‌နော်အုန်းလှကိုအာဏာပိုင်များ ပြန် လည်‌စောင့်ကြည့်‌နေ

1915
ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ပြီးခဲ့သည့်‌မေလက လျှပ်စစ်မီး အချိန်ပြည့်ရရှိ‌ရေးအတွက် ဖ‌ယောင်းတိုင်မီးထွန်း ဆန္ဒထုတ်‌ဖော်မှုတွင် ဦး‌ဆောင်ပါဝင်ခဲ့သူ ‌နော်အုန်းလှအား လက်ရှိအချိန်တွင် အစိုးရအာဏာပိုင်များက ‌စောင့်ကြည့်‌လေ့လာမှုများ ပြု လုပ်လျှက်ရှိသည်။

‌နော်အုန်းလှက “အခု ကျမသွား‌လေရာကို အနည်းဆုံး ရဲနှစ်‌ယောက် သုံး‌ယောက်‌လောက်က လိုက်ကြည့်‌နေတယ်။ ကျမက‌တော့ ကိုယ် သွားစရာ ရှိတာကိုသွား‌နေတာပါပဲ။ မဟုတ်တာလုပ်‌နေတာမှ မဟုတ်တာ။ သူတို့မလိုက်နိုင်‌တော့လည်းမျက်‌ခြေပြတ်သွားတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌စောင့်ကြည့်မှုမှာ လျှပ်စစ်မီးရရှိ‌ရေး ဆန္ဒထုတ်‌ဖော်ပွဲအပြီး ‌နောက်ပိုင်းတွင် စတင်လုပ်‌ဆောင်လာခြင်းဖြစ်‌ကြောင်း သူမက ထပ် ‌ပြောသည်။

“ကျမတို့က နိုင်ငံ‌ရေးပါတီကလူလည်း မဟုတ်ဘူး။ လွှတ်‌တော်တက်သူလည်း မဟုတ်ဘူး။ ဒါ‌ပေမဲ့ လူထုအတွက် တတ်နိုင်သ‌လောက် လုပ်‌ပေး‌နေတာပါ။ အစိုးရက ပြည်သူအတွက် ဘာမဆိုလုပ်‌ပေးရမဲ့တာဝန်ရှိတယ်‌လေ။ ကျမကို အခုလို လိုက်‌နေတာကိုကြည့်ရင် ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌နေတာ မဟုတ်ဘူး”ဟု ‌နော်အုန်းလှက ‌ပြောဆိုသည်။

ထို့အပြင် ‌နော်အုန်းလှအ‌နေဖြင့် မီဒီယာများ၊ လူမှုအသိုင်းအဝိုင်းများနှင့် ဆက်သွယ်လျှက်ရှိသည့် စမ်း‌ချောင်းမြို့နယ်မှ ဖုန်းဆိုင်တဆိုင်ကို လည်း ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဆက်သွယ်‌ရေးဌာနမှ ဖုန်းလိုင်းအသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

သူမက “ကျမဆက်တဲ့ ဖုန်းဆိုင်က က‌လေး‌တွေကိုလည်း ဘယ်သူဆက်လာတာလဲ။ ဘာ‌တွေ‌ပြောတာလဲ‌မေး‌တော့ သူတို့ကလည်း ဘာမှ မသိပါဘူး။ ပိုက်ဆံရလို့ ဖုန်း‌ပေး‌ပြောတာပါလို့ ပြန်‌ဖြေတာ‌ပေါ့။ ဒါကို စိတ်ဆိုးပြီး လိုင်းပိတ်လိုက်တယ် ထင်ပါရဲ့”ဟု ခန့်မှန်း‌ပြောဆိုသည်။

‌နော်အုန်းလှသည် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်သည့်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပယ်ခံထားရသူ အဖွဲ့ဝင်အမျိုး သမီးတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ယုံကြည်ချက်၊ ခံယူချက် တူညီသူများဖြင့် လူထုအတွက် လုပ်‌ဆောင်‌ပေး‌နေသူ ကရင်အမျိုးသမီးဖြစ်သည်။