Home သတင်း လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းအစိုးရ ‌ပြော

လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းအစိုးရ ‌ပြော

1557
ဇွန်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်‌ရေး၌ အသင့်အတင့် ကာကွယ်သည့် အဆင့်တွင်သာ ရှိ‌နေ‌သေးသဖြင့် လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု ထိုင်းလူမှုဖူလုံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ဝန်ကြီး ဌာနမှ အမျိုးသမီးတဦးဖြစ်သူ ဒါရိုက်တာ Chuliporn က ‌ပြောကြားလိုက်သည်။

လူကုန်ကူးမှုတိုက်ဖျက်‌ရေး၌ လုံးဝအကာအကွယ်‌ပေးနိုင်သည့် အဆင့်၊ အသင့်အတင့် ကာကွယ်‌ပေးနိုင်သည့် အဆင့်နှင့် လစ်လျူရှုထားသည့် အဆင့်ဟူ၍ အဆင့် ၃ဆင့်ထဲတွင် ထိုင်းနိုင်ငံသည် ယင်းအဆင့်သာ ရှိ‌နေ‌သေး ‌ကြောင်းကို ယ‌နေ့ မဲ‌ဆောက်မြို့၌ နံနက် ၈နာရီမှ ည‌နေ ၃နာရီအထိ ပြုလုပ်သည့် “ထိုင်းလူကုန်ကူးမှု ပ‌ပျောက်‌ရေး‌နေ့” အခမ်းအနားတွင် သူမက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လူလူချင်း‌ရောင်းစားတဲ့ လူကုန်ကူးမှု‌တွေ ကျူးလွန်‌နေတာဟာ လုံးဝ မရှိသင့်ဘူး။ ‌နောက် လူကုန်ကူးတဲ့သူ ‌တွေကိုလည်း ဖမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အဆင့် မဟုတ်ပါဘူး။ အခုလို မျိုးပညာ‌ပေးပွဲ‌လေး လုပ်ဖြစ်သွား‌တော့ အားလုံးလည်း ဗဟုသုတ‌တွေရရှိပြီး ကျမတို့နဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်‌ရေးကို ပူး‌ပေါင်းသွားကြ‌စေချင်ပါ တယ်။”ဟု ‌ပြောသည်။

ထိုင်းလူဝန်မှုကြီးကြပ်‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုင်းနိုင်ငံ လူကုန်ကူးမှုများကို တိုက်ဖျက်သည့် အ‌နေဖြင့် စွတ်ခွန်ထိုင်း နှင့် တာ့ခ်ခရိုင်တို့တွင် စခန်းများထားရှိပြီး တရားဝင် မဟုတ်သူများ ကူးသန်းသွားလာ ပါက ဖမ်းဆီးအ‌ရေးယူမှုများ ပြုလုပ်ကာ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့‌ပေး‌နေ‌ကြောင်း ‌ပြောသည်။

ယ‌နေ့ အခမ်းအနားတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အစိုးရဌာနဆိုင်ရာများနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများ ပူး‌ပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရဌာနများမှ တာဝန်ရှိသူများ၊ လူထုအ‌ခြေပြုအဖွဲ့အချို့မှ ပုဂ္ဂိုလ်များနှင့် ထိုင်း-မြန်မာနယ်စပ် ‌ရွေ့‌ပြောင်းမြန်မာစာသင် ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် လူထု ပရိဿတ် ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ပညာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး ‌ဖောင်‌ဒေးရှင်း-FED က ကိုရန်မျိုးနိုင်က “ဒီလိုပွဲ‌လေး လုပ် လိုက်ခြင်းဖြင့် အားလုံးလည်း ဗဟုသုတအသိ‌တွေ ပိုများလာမယ်။ အရင်ကဆို တခုခုဖြစ်ရင် ဘယ်‌နေရာသွား တိုင်ရမှန်း မသိဘူး။ အခုလို ကူညီမယ့်အဖွဲ့အစည်းလည်း ရှိတယ်ဆိုတာ သိသွား‌တော့ လူကုန်ကူးမှုကြုံလာရင် ဘယ်လို တိုင်ကြားလို့ ရမယ်ဆိုတာကို သိလာမယ်‌လေ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် တက်‌ရောက်သည့် ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်းများဖြစ်သည့် ဆာ့သူး‌လေ၊ ပါရမီ၊ ခွဲက‌ဘောင်၊ အာရုံဦး၊ ‌နေ့သစ်၊ CDC ‌ကျောင်းသူ‌ကျောင်းသား‌လေးများက လူကုန်ကူးမှုတိုက်ဖျက်‌ရေး ပြဇာတ်၊ ‌တေးသီချင်း၊ သံချပ်၊ အကပ‌ဒေသာများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့သလို ပန်းချီပြိုင်ပွဲများလည်း ကျင်းပခဲ့သည်။

ခွဲက‌ဘောင်‌ကျောင်းမှ ၁၂ တန်း‌ကျောင်းသူ ‌နော်ဒါးဒါသူးက “အခုထိုင်းနယ်စပ်မှာ လူကုန်ကူးမှု‌တွေ ‌ခေတ်စား ‌နေတယ်‌လေ။ ဒီပွဲကို တက်တဲ့အတွက် သူများရဲ့ အလိမ်မခံရ‌အောင် အသိ‌တွေ အများကြီးရလာတယ်။ တခြား မသိ‌သေးတဲ့ သူ‌တွေကိုလည်း သမီးသိထားတာ‌လေး‌တွေ ပြန်‌ပြောပြမယ်။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာအသိအမှတ်ပြု လူကုန်ကူးမှုခံရသူများအား ကာကွယ်‌ရေးအက်ဥပ‌ဒေ-TVP ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စတင်ကာ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့‌ကြောင်း ထိုင်းလူမှု့ဖူလုံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးဝန်ကြီးဌာန၏ ‌ပြောကြားချက်အရ သိရသည်။