Home သတင်း ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်‌ရေး စခန်းများမှ လူထုများ ကျန်းမာ‌ရေး အကူအညီလိုအပ်‌နေ

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်‌ရေး စခန်းများမှ လူထုများ ကျန်းမာ‌ရေး အကူအညီလိုအပ်‌နေ

1982
ဇွန်လ ၁၆ရက်။ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်‌ရေးစခန်းများတွင် ခိုလုံ‌နေကြသည့် ပြည်သူလူထုများ၏ ကျန်းမာ‌ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကယ်ဆယ်‌ရေးလုပ်ငန်းများကို ဦး‌ဆောင် ကူညီ‌ပေး‌နေ‌သော ဦးထွမ်းစိုး က ‌ကေအိုင်စီကို‌ပြောသည်။

“အဓိဌာန်‌ကျောင်းမှာ မ‌နေ့က ဝမ်း‌ရေါဂါဖြစ်တယ်။ ဒါနဲ့ အိမ်သာအားနည်းချက်ရှိတာ ‌တွေ့လို့ ဒီ‌နေ့ အိမ်သာ‌ဆောက် ‌ပေးလိုက်ကြပါတယ်။ အ‌အေးမိဖျားတာ တစ်‌ယောက် နှစ်‌ယောက် ‌တော့‌တွေ့‌နေရပါတယ်။ မဏိရတနာ‌ကျောင်းက လည်းဝမ်းပျက်တာနဲ့ ဖျားတာကို‌တွေ့ရပါတယ်။ “ဟု ၎င်းက ‌ပြောသည်။

ဓညဝတီ‌ကျောင်းမှာ လူဦး‌ရေ(၃၅ဝ ) ရှိပြီး အခင်းများ၊ ‌စောင်များမလုံ‌လောက်သည့် အခက်အခဲများနှင့် ရင်ဆိုင်‌နေရသလို မဏိရတနာ ‌ကျောင်းမှာလည်း အ‌ပေါ်ထပ်တွင် ရဟန်း‌တော်များ‌နေထိုင်ကြရပြီး ‌အောက်ထပ်တွင် လူဦး‌ရေ ၃၀ဝ နီးပါး ခိုလှုံ‌နေထိုင်ကြသည်ဟုသိရသည်။

“ ‌ရေက ‌ရေသန့်‌သောက်ကြတာပါ။ ဒါ‌ပေမယ့် မ‌လောက်ဘူး‌လေ ။ ဓညဝတီ‌ကျောင်းဆို မူလတန်း‌ကျောင်း‌လေ ဒီ‌တော့ အခင်း‌တွေဘာ‌တွေမရှိဘူး‌ပေါ့။ ခြင်‌ထောင်လဲ လိုတယ်။ ခြင်ကတအားကိုက်တယ်‌လေ။ အစာအစား‌တွေက‌တော့ ဆန်‌တွေက စားလို့ မရတဲ့ဆန်‌တွေပါတယ်‌လေ။ ဟင်းက မရှိဘူး။ ငါးပိကို အရည်ကျဲကျဲနဲ့စားကြရတာ‌လေ။ “ ဟု ကယ်ဆယ်‌ရေးစခန်းတွင် ခိုလှုံ‌နေထိုင်သူတဦးက ‌ပြောသည်။

လူများစုမှာ စိတ်ဓာတ်များကျ‌နေကြပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကုသမှုလည်းလိုအပ်သည်ဟု သိရသည့်အပြင် ကျန်းမာ‌ရေးအတွက် ကုသ‌ပေးမည့် ‌ဆေးဝန်ထမ်းများလည်းလိုအပ်‌နေ‌ကြောင်း သိရသည်။

“ ဦး‌ကျော်သူတို့က တစ်‌ယောက် ၅၀၀ဝ ကျပ်‌ပေးမယ်‌ပြော‌တော့ သူတို့ ‌ပျော်‌နေကြတယ်‌လေ။ သူတို့ကို စိတ်ဓာတ်‌ရေးရာအရ အား‌ပေးဖို့လည်း လို‌နေပါတယ်” ဟု ကယ်ဆယ်‌ရေးစခန်းတွင်ရှိ လူထုများကို ကူညီ‌ပေး‌နေ‌သော ကယ်ဆယ်အဖွဲ့ဝင်တဦးကလည်း ‌ကေအိုင်စီကို ‌ပြောသည်။
စစ်‌တွေမြို့နယ်တွင် ကယ်ဆယ်‌ရေးစခန်း ၃၇ ခု ဖွင့်ထားပြီး လူဦး‌ရေ ၃၀၀၀၀‌ကျော်ရှိ်သည်ဟု ပြည်တွင်းသတင်းမီဒီယာများက ‌ဖော်ပြခဲ့သည်။