Home သတင်း ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးကွန်ယက် မကြာခင် ဖွဲ့စည်းမည်

ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးကွန်ယက် မကြာခင် ဖွဲ့စည်းမည်

1261
ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် စစ်မှန်‌သော ဒီမိုက‌ရေစီ ငြိမ်းချမ်း‌ရေးအတွက် ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးများကွန်ယက်ကို လာမည့် ဇူလိုင် ၁၉ရရက်(အာဇာနည်‌နေ့) ‌နောက်ပိုင်းတွင် ဖွဲ့စည်းသွားရန် ကွန်ယက်‌ဖော်‌ဆောင်‌ရေး ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ မသန္တာက ‌ကေအိုင်စီ သို့ ‌ပြောသည်။

“ကျမတို့ အခု ဖြစ်‌မြောက်‌ရေး‌ကော်မတီအ‌နေနဲ့ပဲ ရှိပါ‌သေးတယ်။ လုပ်ငန်းစဉ်က‌တော့ လူမှု‌ရေးနွယ်တဲ့ နိုင်ငံ‌ရေးလုပ်ငန်းလို့‌တော့ ‌ပြောလို့ ရပါတယ်။ ဒီအတွက် ကွန်ယက်ကို‌တော့ လာမဲ့ ဇူလိုင် ၁၉ရက်‌နောက်ပိုင်းမှာ ဖွဲ့စည်းဖို့ ကြိုးစား‌နေပါတယ်”ဟု ဆိုသည်။

အဆိုပါကွန်ယက်အဖွဲ့ကို စစ်မှန်‌သော ဒီမိုက‌ရေစီရရှိ‌ရေး ‌ဖော်‌ဆောင်ရန်၊ ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်ရန်၊ လူ့အခွင့်အ‌ရေး တန်းတူညီမျှမှု အပြည့်အဝရရှိ‌ရေး ‌ဖော်‌ဆောင်ရန်နှင့် အဖိနှိပ်ခံ အမျိုးသမီးများကို ကာကွယ်‌စောင့်‌ရှောက်‌ရေး စသည့် ရည်ရွယ်ချက် ၄ချက်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်း ပြီးခဲ့သည့် ‌မေလ ၃ဝရက်‌နေ့က ဖွဲ့စည်းခဲ့သည့် ဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ကြေညာထားသည်။

ယခုလက်ရှိ ကွန်ယက်ဖြစ်‌မြောက်‌ရေး‌ကော်မတီအဖွဲ့တွင် အမျိုးသမီး ၇ဦး ပါဝင်ပြီး ၎င်းတို့၏ အမည်နှင့် တာဝန်အတိအကျကို ယခုအချိန် တွင် မထုတ်ပြန်ရ‌သေး‌သော်လည်း မကြာမီ ထုတ်ပြန်သွားမည်ဟု ထိုဖြစ်‌မြောက်‌ရေး‌ကော်မတီမှ မသန္တာက ‌ပြောသည်။

“အခုပါဝင်တဲ့ အမျိုးသမီး ၇ဦးရဲ့နာမည်‌တွေကို ထုတ်‌ဖော်ဖို့က သူတို့ရဲ့ သ‌ဘောထားကိုလည်း ‌မေးရအုံးမှာမို့ လာမဲ့ တနဂင်္‌နွေ(ဇွန် ၂၄) ရက်‌နေ့ကျမှ ထုတ်ပြန်ဖြစ်ဖို့များပါတယ်”ဟု ဆိုသည်။

ကွန်ယက်အဖွဲ့ကို ၎င်းတို့၏ အဖွဲ့ဝင်များရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်များ၌ ဖွဲ့စည်းသွားမည်ဟု သိရှိရ သလို လက်ရှိအချိန်တွင် အမျိုးသမီး ဖွံ့ဖြိုး‌ရေးကိစ္စ စည်းရုံး‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေသလို ‌မြေယာ၊ လယ်ယာ သိမ်းဆည်းခံရများ နှင့် ပွဲစားလိမ်လည်မှုများကိုလည်း ‌ရှေ့‌နေငှားရမ်းကာ ကူညီလုပ်‌ဆောင်‌ပေး‌နေ‌ကြောင်းလည်း သူမက ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် လုပ်ငန်း‌ဖော်‌ဆောင်ရာတွင် တိုင်းရင်းသားပြည်သူနှင့် ဖိနှိပ်ခံ အမျိုးသမီးများအတွက် လုပ်‌ဆောင်‌နေသည့် မည်သည့်အဖွဲ့အ စည်းနှင့်မဆို ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟုလည်း ၎င်းဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။