Home ထိပ်တန်းသတင်း မြစ်ဆုံစီမံကိန်းပြန်လည်တည်‌ဆောက် ရန် CPI ကြိုပမ်း‌နေဟု KDNG ထုတ်ပြန်

မြစ်ဆုံစီမံကိန်းပြန်လည်တည်‌ဆောက် ရန် CPI ကြိုပမ်း‌နေဟု KDNG ထုတ်ပြန်

2025
‌မေလ ၂၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်ပြည်နယ်ရှိ မြစ်ဆုံ‌ရေအားလျှပ်စစ်စီမံကိန်း ပြန် လည်တည်‌ဆောက်နိုင်ရန် တရုတ်နိုင်ငံလျှပ်စစ် ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ‌ကော်ပို‌ရေးရှင်း-CPI ကကြိုးပမ်း‌နေ‌ကြောင်း မြစ်ဆုံအ‌ရေးကို ‌စောင့် ကြည့်‌နေသည့် ကချင်လူမှုဖွံ့ ဖြိုး‌ရေးကွန်ရက်-KDNG က ယ‌နေ့ ထုတ်ပြန်‌ပြောဆိုလိုက်သည်။

“မြစ်ဆုံ‌ရေကာတာကို သမ္မတကြီးက ဆိုင်းငံ့ထားတဲ့ ကြားကပဲ မြစ်ဆုံ‌ရေကာတာကို ဆက်ကြိုးစားဖို့လုပ်‌ဆောင် ‌နေတဲ့ သူတို့(CPI)‌ခြေလှမ်း‌တွေကို ကျမတို့ ပြည်သူလူထု‌တွေကို ပြန်ပြီး သတိ‌ပေးတဲ့အ‌နေနဲ့ပါ။”ဟု KDNG အဖွဲ့မှ မဆိုင်းမိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေလ ၁၆ရက်‌နေ့က CPI ကုမ္ပဏီမှ မြစ်ဆုံ ‌ရေကာတာ ပြန်လည် တည်‌ဆောက်‌ရေးစီမံကိန်းသည် လုံခြုံစိတ် ချရသည့်အပြင် အကျိုးရလာဒ်များစွာရှိ‌နေ‌ကြောင်း သက်‌သေပြရန် အဖွဲ့ဝင်နိုင်ငံ ၉ဝ ပါဝင်‌သော နိုင်ငံတကာ အကြီးစား‌ရေကာတာ စီမံကိန်း‌ကော်မရှင် (ICOLD) အဖွဲ့၏ စုံစမ်းစစ်‌ဆေး‌ပေးမှုကို လိုလားသည်ဟု တရုတ် သတင်းဌာနတစ်ခုတွင် ‌ဖော်ပြထား‌ကြောင်း သူမက ဆက်‌ပြောသည်။

တဆက်တည်း၌ပင် ICOLD သည် ‌ရေကာတာ‌ဆောက်လုပ်‌ရေး စီမံကိန်းလုပ်ငန်းများ၏ အဓိက စည်းရုံးလှုံ့ ‌ဆော်‌သော အဖွဲ့ဖြစ်သကဲ့သို့ CPI နှင့် အလွန်ရင်းနှီးကျွမ်းဝင်သည့် ပြင်သစ်နိုင်ငံ ပဲရစ်(စ်)မြို့တွင် အ‌ခြေစိုက် သည့်အဖွဲ့ဖြစ်ပြီး ဥက္ကဌမှာ တရုတ်နိုင်ငံမှ ဖြစ်သည်ဟုလည်း KDNG ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ICOLD သည် ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆည်တည်‌ဆောက်‌ရေးဆိုင်ရာ အတက်ပညာရှင်များ၊ ဘူမိ‌ဗေဒပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လုပ်‌ဆောင်‌နေသည်များနှင့် မိုး‌လေဝသပညာရှင် များ ပါဝင်သည့်အဖွဲ့လည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ မြစ်ဆုံပြန်လည်တည်‌ဆောက်‌ရေးအတွက် လှုပ်ရှားမှု တစ်စုံတစ်ရာ မ‌တွေ့ရှိရ ‌သေး‌သော်လည်း CPI ကိုယ်စားလှယ်များက ကချင်ပြည်နယ်ရှိ ‌ဒေသခံပြည်သူလူထု့အား လိုက်လံ‌တွေ့ဆုံပြီး ‌ရေကာတာတည်‌ဆောက်ခွင့်ရ‌ရေးအတွက် စည်းရုံးလှုံ့‌ဆော်‌နေသည်ဟု မဆိုင်းမိုင်က ‌ပြောသည်။

CPI သည် ယခင်လ ဧပြီ ၁၈ရက်‌နေ့က ကချင်ပြည်နယ် ‌အောင်မြင်သာ စံပြ‌ကျေးရွာရှိ ‌ဒေသခံ အချို့နှင့် သွား ‌ရောက်‌တွေ့ဆုံပြီး မြစ်ဆုံတည်‌ဆောက်‌ရေးစည်းရုံးသည့် ဗီဒီယိုမှတ်တမ်း တစ်ခုကိုလည်း KDNG က မြန်မာဘာ သာပြန်ဆိုခဲ့ပြီး ဖြစ်သည်။

ယင်းမှတ်တမ်း ဗီဒီယိုတွင် မြစ်ဆုံစီမံကိန်း‌ကြောင့် ‌ဒေသခံပြည်သူများအကျိုးရရှိမည့်အပြင် လူဦး‌ရေ နှစ်‌သောင်း ‌ကျော်သည် စီမံကိန်းအနီး စီးပွား‌ရေးအဖြစ် ဆိုင်ဖွင့်နိုင်‌ကြောင်းနှင့် စီမံကိန်းပြီးဆုံးသွားပါကလည်း စက်ရုံထဲ တွင် အလုပ်လုပ်လို့ရမည်ဟု CPI အရာရှိ LU Qizhou ၏ တရုတ်ဘာသာဖြင့် ‌ပြောဆိုမှုကို ဘာသာပြန်ခဲ့သည်။

သို့‌သော် ‌ရေကာတာ ဆက်လက် တည်‌ဆောက်ပါက လယ်ယာ‌မြေဆုံးရှုံးမှုများ ရှိလာသည့်အ‌ပေါ် ‌ဒေသခံများ အ‌နေဖြင့် လက်မခံကြ‌ကြောင်း သိရသည်။

မြစ်ဆုံအ‌ရေးနှင့် ပက်သက်ပြီး CPI ၏ ‌ခြေလှမ်းများကို ‌စောင့်ကြည့်သွားမည်ဖြစ်ပြီး မြစ်ဆုံ‌ဒေသခံ လူထုထံသွား ‌ရောက်ကာ ‌ရေကာတာများ‌ကြောင့် ဒုက္ခခံစား‌နေရသည့် တရုတ်ပြည်သူလူထုအပါအဝင် နိုင်ငံတကာရှိ ‌ဒေသခံ များ၏ ခံစား‌နေရသည်များကို အသိပညာ‌ပေးကာ KDNG က ပြသသွားမည်ဖြစ်သည်။

KDNG သည် ကချင်ပြည်နယ်တွင်းနှင့် ပြင်ပ‌ရောက် ကချင်လူမှုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ အဖွဲ့အစည်းများ စု‌ပေါင်းထား‌သော ကွန်ယက်အဖွဲ့ဖြစ်ပြီး ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် စတည်ဖွဲ့စည်းခဲ့ သည်။