Home သတင်း လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများအာဏာပိုင် များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများအာဏာပိုင် များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

2081
‌မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ကယားပြည်နယ်၊ လွိုင်‌ကော်မြို့‌မြောက်ဘက် ၃မိုင်အကွာရှိ လယ်ယာ‌မြေအသိမ်းခံရသည့် လယ်သမားများသည် ပြည်နယ်အစိုးရအဖွဲ့၊ Square Power Group Company မှ Director အဖွဲ့ဝင်များနှင့် ပြီးခဲ့သည့် ‌မေလ၉ရက်(ဗုဒ္ဓဟူး)‌နေ့က ‌တွေ့ဆုံ ‌ဆွေး‌နွေး ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ‌ဒေသဖွံဖြိုး‌ရေးအတွက် ‌ဆွေး‌နွေးရန်ဟူ၍ ဖိတ်ကြားခဲ့သည့် ထို‌တွေ့ဆုံပွဲသို့ ပကြဲစံပြရွာ၊ ချိကယ်ရွာ၊ ‌ထေးသမ‌ကျေးရွာများမှ ‌တောင်သူလယ်သမား ၅၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

အစည်းအ‌ဝေးတွင် လျှပ်စစ်ဝန်ကြီးမှ လယ်ယာ‌မြေများ‌ပေါ်တွင်တည်‌ဆောက်မည့် ဘိလပ်‌မြေစက်ရုံစီမံကိန်းအား ကန့်ကွက်မည့်သူ များပါ က ‌နောက်ဆုတ်‌ပေးမည်ဟု ‌ပြောကြားခဲ့‌ကြောင်းလည်း ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူများက ‌ပြောသည်။

Square Power Group Company မှ တာဝန်ရှိသူကလည်း “ပြည်‌ထောင်စုအစိုးရက ကျ‌နော်တို့ကို ထုံး‌ကျောက်ထုတ်ဖို့အတွက် ဧက ၁,၀၀ဝ ‌ပေးတာကို ကျ‌နော်တို့က ၂၈၉ဧကပဲ ယူပါမယ်။ စက်ရုံ‌ဆောက်ဖို့ ဧက ၅၀၀‌ပေးတာကို ၃၆၇ဧကပဲ ယူမှာပါ”ဟု ရှင်းပြပြီး စက်ရုံ တည်‌ဆောက်ပါက ‌ဒေသခံများ ရရှိမည့် အကျိုးအမြတ်များကို တွက်ချက်ပြပြီး စက်ရုံတည်‌ဆောက်ခွင့်‌ပေးရန် ‌ပြောဆိုသွားခဲ့သည်။

သို့‌သော် အဆိုပါပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ လူငယ်အဖွဲ့၊ ယဉ်‌ကျေးမှုအဖွဲ့များမှ ‌နောက်ဆုတ်‌ပေးရန်အပြင် စက်ရုံကို ရွာများနှင့်‌ဝေးရာ၌ ‌ဆောက်လုပ်ရန် ‌တောင်းဆိုထားခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့‌သော ‌တောင်သူတစ်ဦးက “Company ဘက်က‌ကော၊ ပြည်နယ်အစိုးရက‌ကော ကျ‌နော်တို့‌မေးတာ‌တွေ ကို တစ်ချက်ချင်း တိတိကျကျ မ‌ဖြေပါဘူး။ လုံး‌ထွေးပြီး ‌ဖြေကြပါတယ်။ ကျ‌နော်တို့က‌တော့ ‌တောင်သူမို့ စက်ရုံ‌ဆောက်လို့ ဘာကြီးပဲ ဖြစ်ဖြစ် ‌တောင်သူအလုပ်ပဲ လုပ်တတ်ပါတယ်။ တစ်သက်လုံးလည်း ဒီအလုပ်ပဲလုပ်လာတာပါ။ ကိုယ့်‌မြေပဲ လိုချင်ပါတယ်။”ဟု ဆိုသည်။

ထို‌ဒေသတွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန်အတွက် ‌မြေတိုင်းခြင်း၊ ‌ကျောက်အရည်အ‌သွေး ‌လေ့လာခြင်းများကို စစ်အစိုးရလက် ထက် ၂၀၀၈ခုနှစ်ကတည်းက Company မှ လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်သည်။