မေလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ)
ကမ္ကာတစ်ဝှမ်းရှိ နိုင်ငံအတော်များများတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နိုင်ငံတကာ လိင်တူချစ်သူများပေါ် ခွဲခြားဆက်ဆံခြင်း၊ ကြောက်ရွံ့ မုန်းတီးခြင်းများကို ဆန့်ကျင်သောနေ့ International Day Against Homophobia (IDAHO) အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ရန်ကုန် အပါအဝင် မြို့ ၄မြို့တို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Burmese’s Lesbian, Gay, Bisexual and Transgender (LGBT)အဖွဲ့မှ ဦးစီးပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် ကျောက်ပန်းတောင်းမြို့ များတွင် IDAHO နေ့ အခမ်းအနားများ ကျင်းပခဲ့ရာ ရန်ကုန်မြို့၊ Excel Tower(10th Floor,Shwegondai)၌ ပြုလုပ်သည့် အခမ်းအနား သို့ ပရိဿတ် ၃၀ဝနီးပါး တက်ရောက်ခဲ့သည်ဟု ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ် လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ကြောက်ရွံ့မုန်းတီးခြင်းများ ဆန့်ကျင်သောနေ့အတွက် ဆောင်ပုဒ်က “လိင်တူချစ် ခြင်းသည် ရောဂါမဟုတ် မုန်းတီးခြင်းသာရောဂါ ဖြစ်သည်”ဖြစ်ပြီး မြန်မာနိုင်ငံတွင် လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးခြင်းနှင့် အကြမ်းဖက်ခြင်းများ ပပျောက်ရေးအတွက် လုပ်ဆောင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု မေလ ၁၆ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန် မာနိုင်ငံ၏ လိင်တူချစ်သူများအဖွဲ့ LGBT ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“တို့တွေဟာ မြန်မာလိင်တူချစ်သူတွေအနေနဲ့ ဒီအခမ်းအနားကို ထိုင်းနိုင်ငံမှာပဲ ပြီးခဲ့တဲ့နှစ်အထိ ကျင်းပလာခဲ့တယ်။ ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာတယ်။ ဒါက တန်းတူရေးအတွက် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရပ် တန့်ဖို့ ကျနော်တို့ တောင်းဆိုတဲ့ နေရာတခုဖြစ်တယ်။”ဟု ရန်ကုန်မြို့မှ အခမ်းအနား စီစဉ်သူတစ်ဦးက ထုတ်ပြန်ချက်တွင် ပြောဆိုထား သည်။
ရန်ကုန်မြို့ အခမ်းအနားတွင် လိင်တူချစ်သူများ ခံစားနေရသည့် ခွဲခြားဆက်ဆံမှုများကို ဝေမျှသည့် ရင်ဖွင့်သံအစီအစဉ်၊ “အမုန်းမရှိတဲ့ ကမ္ဘာ”ဟူသော သရုပ်ဖော်ဇာတ်လမ်းတို၊ တေးသရုပ်ဖော်များ တင်ဆက်ပြသခြင်း၊ လိင်တူချစ်သူ သက်ကြီးရွယ်အို ၆ဦးကို ဂါရဝပြုခြင်း အစီအစဉ်များ ပြုလုပ်ကျင်းပခဲ့သည့်အပြင် အကင်္ျီ၊ မဂ္ဂဇင်းများကိုလည်း ထုတ်လုပ်ဝေငှခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ မြို့ခံ တစ်ဦးက ပြောသည်။
“သူတို့ ဘဝဖြတ်သန်းလာရတာတွေ၊ လူတွေ အပယ်ခံဘဝ ဖြစ်ခဲ့ရတာတွေကို ပြဇာတ်၊ တေးသရုပ်ဖော်တွေအနေနဲ့ ပြကြတယ်။ သဘာဝ ကို ဆန့်ကျင်တဲ့ စိတ္တဇဝေဒနာတမျိုးလို ့ သတ်မှတ်ခံထားရတာတွေကို ပပျောက်အောင်ပေါ့။”ဟု အဆိုပါမြို့ခံက ပြောဆိုသည်။
သို့သော် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းတွင် လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်သော်လည်း ယခုလို လွတ်လပ်စွာ အကျယ်တဝင့် လုပ်ခွင့်များရလာလျှင် လူမှုအသိုင်းအဝိုင်းမှ တဖြည်းဖြည်းနှင့် လက်ခံလာကြမည်ဖြစ်ကြောင်း ထိုမြို့ခံက ပြောသည်။
“အရင်တုန်းက ကိုယ် ကိုယ်တိုင်က အခြောက်တွေကို အရမ်းမုန်းတဲ့လူထဲမှာ ပါတယ်။ ရွံရှာသလို ရှိတယ်။ ဒါပေမဲ့ သူတို့တွေလည်း ဘယ် ဖြစ်ချင်ပါ့မလဲ။ ဒီလို လူ့အသိုင်းအဝိုင်းထဲမှာ အပစ်ပယ်ခံနေရပြီး နေနေရတာတောင် သူတို့ဘဝက ဖျောက်လို့မှ မရနိုင်တာ။ အဲလိုအတူ တူ လွတ်လပ်စွာ အသိအမှတ်ပြု နေထိုင်ခွင့်ပေးလိုက်တာဟာ အကောင်းဆုံးပါပဲ။ အဲဒီနေ့ သူတို့တွေ ပျော်ရွှင်နေတာကိုကြည့်ပြီး ပီတိဖြစ် မိသွားပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။
လိင်တူချစ်သူများသည် ရာနှစ်စုများစွာကတည်းက မိသားစုများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူ အာဏာပိုင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကျန်းမာရေးပညာရှင်များ၊ ပညာရှိပုဂ္ဂိုလ်များနှင့် လူ့ဘောင်အဖွဲ့အစည်းတခုလုံးရဲ့ မတရားပြောဆိုခြင်း ပစ်ပယ်ခြင်းများ ကို ခံစားလာခဲ့ရာ ယနေ့အချိန်အထိ အဆိုပါ ဖိနှိပ်ချုပ်ချယ်များမှာ ရှိနေဆဲဖြစ်သည်ဟု LGBT ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ကမ္တာ့ကျန်းမာရေးအဖွဲ့ချုပ် (World Health Organization-WHO)က လိင်တူချစ်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါစာရင်းမှ ပယ်ဖျက်လိုက် သည့် ၁၉၉ဝခုနှစ်၊ မေလ ၁၇ရက်နေ့ကို IDAHO နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။