Home သတင်း အစိုးရနှင့် RCSS/SSA ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲတွင် ဗိုလ်ချုပ်ကြီးစိုးဝင်း တက်‌ရောက်

အစိုးရနှင့် RCSS/SSA ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲတွင် ဗိုလ်ချုပ်ကြီးစိုးဝင်း တက်‌ရောက်

1760
‌မေလ ၁၉ရက်၊ ၂၀၁၂။ စအိုင်သန်-ရန်ကုန်

ရှမ်းပြည်နယ် အ‌ရှေ ့ပိုင်းအ‌ခြေစိုက် RCSS/SSA အဖွဲ ့နှင့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲသို့ ဒုတိယ တပ်မ‌တော်ကာကွယ် ‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း တက်‌ရောက်ခဲ့‌ကြောင်း သတင်းရရှိသည်။

‌မေလဆန်းက ပြန်လည်ဖွဲ ့စည်းလိုက်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီတွင် ဒုတိယ တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းမှာ ဒုဥက္ကဌအဖြစ် တာဝန်‌ပေးအပ်ခြင်း ခံထားရပြီး အဖွဲ့ဝင်အဖြစ် စစ်တိုင်းမှူးများ ပါဝင်လာကြ သည်။

“ဒုချုပ်က တစ်နိုင်ငံလုံးက တပ်‌တွေရဲ ့လှုပ်ရှားမှုကို သိတယ်။ စစ်ဦးစီးချုပ်‌တွေက အစီရင်ခံရတာ တပ်ရင်း‌တွေကို သူ့သ‌ဘောနဲ့သူ ‌ရွှေ့လို့ ရတယ်။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ သူ တက်‌ရောက်‌ဆွေး‌နွေးတာ အရမ်း ‌ကောင်းတယ်”ဟု အငြိမ်းစားဗိုလ်မှူးတစ်ဦးက ‌ပြော သည်။

အဆိုပါ‌ဆွေး‌နွေးပွဲကို ယ‌နေ့ ရှမ်းပြည်နယ်အ‌ရှေ ့ပိုင်း ကျိုင်းတုံမြို့၌ ပြုလုပ်မည်ဖြစ်ပြီး ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ စစ်တိုင်းမှူးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို ့တက်‌ရောက်‌ကြောင်း သတင်းရရှိသည်။

ပြည်‌ထောင်စုအဆင့် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း‌ခေါင်း‌ဆောင်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ ့နှင့် RCSS/SSA အဖွဲ့ တို့သည် အစိုးရသစ်တက်လာပြီး‌နောက် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမူများ ပြုလုပ်ကာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမူ ရရှိထားခဲ့သည်။

ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲသို ့စစ်ဖက်မှ ဗျူဟာမှူးများနှင့် တိုင်းမှူးများသာ တက်‌ရောက် ‌လေ့ရှိကြသည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂တွင် သင်တန်းဆင်းသူဖြစ်ပြီး ‌မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့် ကာကွယ်‌ရေးဝန်ကြီးဌာန စစ်ဆင်‌ရေး အထူးကြီးကြပ်‌ရေးမှူး(ကစထမှူး)အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး အစိုးရသစ် ဦးသိန်းစိန်လက်ထက်တွင် ဒုတိယ တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။