Home သတင်း မြန်မာနိုင်ငံအ‌ရှေ့ပိုင်း ‌မြေမြှုပ်မိုင်း စိန်‌ခေါ်မှု ရှိဆဲဖြစ်‌ကြောင်း KHRG ထုတ်ပြန်

မြန်မာနိုင်ငံအ‌ရှေ့ပိုင်း ‌မြေမြှုပ်မိုင်း စိန်‌ခေါ်မှု ရှိဆဲဖြစ်‌ကြောင်း KHRG ထုတ်ပြန်

2079
‌မေ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံ အ‌ရှေ့ပိုင်းရှိ ‌မြေမြှုပ်မိုင်းအသုံးပြုမှုများ ‌နေရာအနှံ့ ရှိ‌နေ‌သေးသည့် အ‌ပေါ် ‌ဒေသခံလူ ထုအတွက် စိန်‌ခေါ်မှုများ ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRGမှ ယမန်‌နေ့က အစီရင်ခံစာထုတ်ပြန် လိုက်သည်။

“စိတ်ချ‌သေချာမှု မရှိ‌သော‌မြေ”ဟု အမည်‌ပေးထားသည့် ထိုအစီရင်ခံစာ၌ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှ ၂၀၁၂ခုနှစ် ‌မေလအထိ (ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ) ခရိုင် ၇ခုအတွင်းရှိ ‌ဒေသခံလူထုများ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် ‌မြေမြှုပ်မိုင်း ခြိမ်း‌ခြောက်မှုအ‌ပေါ် အ‌ခြေခံ၍ ‌ဒေသခံများ၏ သက်‌သေထွက်ဆိုချက် ၁၁၉ခုဖြင့် KHRG က မှတ်တမ်းပြုစုထားခြင်းဖြစ်သည်။

KHRG ၏ ကွင်းဆင်း တာဝန်ခံ ‌စောအဲလ်ဘက်က “‌မြေမြှုပ်မိုင်းက ခုထိ ရှိ‌နေဆဲပဲ။ အထူးသဖြင့် ဖားအံခရိုင် တနင်းချား(လှိုင်းဘွဲ)မြို့နယ်မှာ ၂၀၁၂ခုနှစ် ဒီ‌မေလအတွင်းမှာပဲ ‌ဒေသခံရွာသား ၃၇ဦးဟာ မိုင်း‌ကြောက်လို့ သူတို့ စိုက်ပျိုးခြံနဲ့ လယ်ယာထဲကို မသွားရဲကြဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KHRG ကွင်းဆင်းမှတ်တမ်းပြုစုသည့် ခရိုင် ၇ခုမှာ ဖားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ တနသင်္ာရီ(ဘိတ်ထားဝယ်)၊ ‌ညောင်‌လေးပင်၊ ‌တောင်ငူနှင့် သထုံတို့ ဖြစ်ကြပြီး မြန်မာအစိုးရစစ်တပ်နှင့် မြန်မာအစိုးရကို ‌တော်လှန်တိုက်ခိုက် ‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အ‌ခြေစိုက်လှုပ်ရှားနယ်‌မြေများဖြစ်သည်။

အဆိုပါ ခရိုင်အတွင်း ‌ဒေသခံလူထုအပါအဝင် ကျွဲ၊ နွား၊ ဆိတ် စသည့် အိမ်‌မွေး တိရစ္ဆာန် စသည်တို့သည် ‌မြေမြှုပ်မိုင်း‌ကြောင့် ထိခိုက်‌သေ‌ကြေ ဒဏ်ရာရရှိခဲ့ရမှုများကို စာမျက်နှာ ၂၀၈ မျက်နှာရှိသည့် KHRG ၏ အစီရင် ခံစာတွင် အ‌သေးစိတ် ‌ဖော်ပြထားသကဲ့သို့ ‌ဒေသခံလူထုတို့၏ လုပ်အား‌ပေးခိုင်း‌စေခံရမှုများလည်း ပါရှိသည်။

လက်ရှိ ၂၀၁၂ခုနှစ် ဇန်နဝါရီလမှစ၍ KNU နှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး‌နောက် ယခုချိန်ထိ အဆိုပါ ‌ဒေသများအတွင်း ‌မြေမြှုပ်မိုင်းများ ပြန်လည်တူး‌ဖော်ခြင်း မရှိ‌သေးသည့် အတွက် ‌ဒေသခံများ စိုးရိမ်‌နေရသည့် အ‌ခြေအ‌နေတွင် ရှိ‌နေဆဲဟု ‌စောအဲလ်ဘက်က ဆက်‌ပြောသည်။

“‌ဒေသခံ ရွာသား‌တွေက‌တော့ စိုးရိမ်ကြတယ်။ ဒါ‌ပေမယ့် ‌မြေမြှုပ်မိုင်းအန္တရာယ်က‌နေ သူတို့ကိုယ်သူတို့ ကြိုးစားပြီး သူတို့နည်း သူတို့ ဟန်နဲ့ ကာကွယ်မှု‌တွေ လုပ်ကြပါတယ်။ ‌နောက် အပြင်က ‌ထောက်ပံ့ကူညီမှု ရဖို့လည်း တိုက်ရိုက်‌တောင်းဆိုကြတာရှိတယ်။”ဟု ‌ဒေသခံများ၏ ထွက်ဆိုချက်ကို ကိုးကား၍ သူက ပြန်‌ပြောသည်။

‌ဒေသခံလူထုများ ‌ကောင်းမွန်စွာ ‌နေထိုင်စား‌သောက်နိုင်‌ရေးအတွက် ရည်ရွယ်၍ ‌မြေမြှုပ်မိုင်းများ တည်ရှိ‌နေ ‌သေးသည့် မြန်မာနိုင်ငံ အ‌ရှေ့ဘက်ခြမ်းရှိ ‌နေရာများတွင် နိုင်ငံတကာမှ ‌မြေမြှုပ်မိုင်း ပ‌ပျောက်‌ရေးလှုပ်ရှား‌နေ သည့် အဖွဲ့အစည်းများအ‌နေဖြင့် လာ‌ရောက်ပြီး ၎င်းတို့အဖွဲ့နှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် တိုက်တွန်း‌ကြောင်း KHRG က ‌ပြောသည်။

KHRG ကို ၁၉၉၂ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး မြန်မာပြည်တွင်းရှိ ‌ကျေးလက်‌ဒေသနှင့် မြို့ပြ‌ဒေသရှိ လူထုများ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုအ‌ခြေအ‌နေနှင့် ထွက်ဆိုချက်များကို ဓါတ်ပုံနှင့် အခြားသက်‌သေ အ‌ထောက်အထားများနှင့်တကွ မှတ်တမ်းပြုစုသည့် လွတ်လပ်‌သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။