Home သတင်း နယ်စပ် ဘုရားသုံးဆူတွင် မှတ်ပုံတင်အမြန်လုပ်‌ဆောင်‌ပေး‌နေ

နယ်စပ် ဘုရားသုံးဆူတွင် မှတ်ပုံတင်အမြန်လုပ်‌ဆောင်‌ပေး‌နေ

3776
‌မေလ ၂ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ အလွတ်သတင်း‌ထောက်)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ‌နေထိုင်သူများကို ယခုလပိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်‌ရေးမှူးမှ မှတ်ပုံတင်များကို လုပ်‌ဆောင်‌ပေးလျှက်ရှိရာ ‌ဒေသခံပြည်သူ အများအပြား ပြုလုပ်‌နေကြသည်ဟု သိရသည်။

မြို့နယ် လူဝင်မှု ကြီးကြပ်‌ရေးမှူးမှ ဘုရားသုံးဆူ မြို့သူမြို့သားများသာမက ၎င်းမြို့နယ်တဝိုက်ရှိ ‌ကျေးရွာများမှ ရွာသူရွာသားများကို ရပ် ကွက်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌ထောက်ခံချက်ဖြင့် မှတ်ပုံတင်နှင့် အိမ်‌ထောင်စုစာရင်းများကို လုပ်‌ဆောင်‌ပေး‌နေခြင်း ဖြစ်‌ကြောင်း မြို့ခံများ က ‌ပြောဆို‌နေကြသည်။

ဘုရားသုံးဆူမြို့ခံ နိုင်‌အောင်က “လုပ်ခလည်း သက်သာတယ်။ လူနည်းတဲ့ရက်မှာဆိုရင် ချက်ချင်းလုပ် ချက်ချင်းရတယ်။ လူများရင် ‌တော့ တပတ်‌လောက် ‌စောင့်ရတယ်။ အထူးသဖြင့် ဘုရားသုံးဆူမြို့‌အောက်ဘက်က မွန်ရွာ‌တွေ၊ ကရင်ရွာ‌တွေက လူ‌တွေ လာလုပ်တာ များတယ်။ ရွာဥက္ကဌ ‌ထောက်ခံချက်နဲ့လာရင် အကုန်လုပ်‌ပေးတယ်”ဟု ‌ပြောသည်။

မှတ်ပုံတင်လုပ်ခ ကုန်ကျစရိတ်အတွက် လူတစ်ဦးလျှင် ဘတ် ၂၀ဝနှုန်းဖြင့် သတ်မှတ်ထားပြီး ယခုဆိုလျှင် ‌ဒေသခံ ရာနှင့်ချီ၍ လုပ်‌ဆောင် ပြီးစီးသွားပြီဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့‌ပေါ်ရှိ နိုင်ငံ‌ရေးပါတီများဖြစ်သည့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ပြည် ‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်များကိုလည်း လုပ်‌ဆောင်‌ပေးကာ အချို့‌ဒေသအသီးသီးမှ စီးပွား‌ရေးအရ လာ‌ရောက်လုပ်ကိုင် ‌နေ ထိုင်ကြသူများကိုလည်း ၎င်းပါတီများ၏ အကူအညီဖြင့် မှတ်ပုံတင်လုပ်ခွင့် ရကြသည်ဟု သိရသည်။

မှတ်ပုံတင် ကိုယ်တိုင်လုပ်ခဲ့သူ အမျိုးသမီးတဦးက “ကျမ‌တော့ လုပ်ပြီးသွားပြီ။ ဘာအခက်အခဲမှမရှိဘူး။ ရွာက ‌ထောက်ခံချက်နဲ့လာလုပ် ရင် လုပ်‌ပေးတယ်။ အရင်ကလို မခက်ခဲ‌တော့ဘူး။ အများကြီးလည်း (‌ငွေ)မကုန်ဘူး။”ဟု ဆိုသည်။

ကရင်နှင့် မွန်လူမျိုး အများစု‌နေထိုင်သည့် ဘုရားသုံးဆူမြို့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ကြား‌နေရာတွင် တည်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်ရာ ‌ဒေသအသီးသီးမှ လူမျိုး‌ပေါင်းစုံက နယ်စပ်စီးပွား‌ရေး လာ‌ရောက်လုပ်ကိုင်လျှက်ရှိသည့် မြို့တမြို့လည်း ဖြစ်သည်။