Home သတင်း ကချင်စစ်‌ပြေးဒုက္ခသည်များ ကျန်းမာ‌ရေးအတွက် ‌ဆေးဝါး မလုံ‌လောက်

ကချင်စစ်‌ပြေးဒုက္ခသည်များ ကျန်းမာ‌ရေးအတွက် ‌ဆေးဝါး မလုံ‌လောက်

2156
‌မေလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ အလွတ်သတင်း‌ထောက်)

မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်‌ရေး တပ်မ‌တော် (KIA) တို့ကြား ဆက်တိုက်ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့်ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ သည့်‌ဒေသခံ ကချင်စစ်‌ပြေးဒုက္ခသည်များမှာ ယခုလို မိုးဦးရာသီတွင် ကျန်းမာ‌ရေးချို့တဲ့ပြီး ‌ဆေးဝါးများ လုံ‌လောက်မှုမရှိ‌ကြောင်း သိရသည်။

“‌လော‌လောဆယ်‌တော့ ဝမ်းပျက်၊ ဝမ်း‌လျှောတာတို့ ပြီး‌တော့ ငှက်ဖျား‌ဝေဒနာ ခံစား‌နေရတာ‌တွေ ရှိ‌နေတယ်။ တချို့လူကြီးပိုင်း ‌တွေဆို အားပြတ်သလို အဲလိုဖြစ်တာလည်းရှိတယ်၊ သူတို့အတွက်က ‌ဆေးဝါးပြီး‌တော့ အစားအ‌သောက်‌တွေကလည်း အလုံအ ‌လောက် မရှိဘူး”ဟု ကချင်အမျိုးသမီးအဖွဲ့(ထိုင်းနိုင်ငံ) တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။

လက်ရှိတွင် စစ်‌ပြေးဒုက္ခသည်များအကြား ဝမ်းပျက်ဝမ်း‌လျှော၊ ‌သွေးလွန်တုပ်‌ကွေး၊ ငှက်ဖျား‌ရောဂါများအပြင် အာဟာရချို့တဲ့သည့် ‌ဝေဒနာများလည်း ခံစား‌နေကြရသည်။ အထူးသဖြင့် ခ‌လေးသူငယ်များတွင် ဝမ်း‌ရောဂါ အဖြစ်များပြီး ‌သေဆုံးမှုများရှိ‌သော်လည်း ဒုက္ခသည်များမှာ ‌နေရာအနှံ့အပြား ရှိ‌နေသည့်အ‌ပေါ် အတိအကျ ‌ပြောဆိုရန် ခက်ခဲ‌ကြောင်း KWAT အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

အစိုးရတပ်နှင့် ‌ကေအိုင်‌အေတို့ကြား ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ပြေးဒုက္ခသည်များ တိုးပွားလာပြီး ယခုဆိုလျှင် စစ်‌ပြေးဒုက္ခသည် ၈‌သောင်းနီးပါး ရှိ‌နေပြီးဖြစ်‌ကြောင်း ဒုက္ခသည်စခန်းတွင် အကူအညီ‌ပေး‌နေသူတစ်ဦး က ‌ပြောသည်။

မြစ်ကြီးနား၊ ဝိုင်း‌မော်မြို့များတွင် ရှိ‌နေသည့် ဒုက္ခသည်များကို UNICEF, WFP အဖွဲ့များမှ ‌ဆေးဝါး၊ အစားအ‌သောက်များ သွား ‌ရောက်ကူညီမှုများရှိ‌သော်လည်း နယ်စပ်ဘက်တွင် ရှိ‌နေသည့် ဒုက္ခသည်များ၏ ကျန်းမာ‌ရေးနှင့် ပတ်သက်၍ ပုံမှန်ကူညီ‌ပေး‌နေ ‌သော အဖွဲ့အစည်းများ မရှိ‌ကြောင်း မွန်း‌နေလီက ယခုလို ‌ပြောသည်။

မွန်း‌နေလီက “‌တောထဲ နယ်စပ်ဘက်‌ရောက်တဲ့လူ‌တွေအတွက်က အကူအညီ‌ရောက်တာနည်းတယ်‌လေ။ သူတို့အတွက်က ‌ဆေးဝါးအကူအညီ အနည်းအကျဉ်းပဲ ရကြတယ်။ ကျမတို့ KWAT က‌နေပြီး‌တော့ စခန်း‌တွေမှာ ‌ဆေးခန်း‌တွေဖွင့်ပြီး‌တော့ ‌ဆေး‌ပေး ‌ဝေမှု‌တွေ လုပ်‌ပေး‌နေတာရှိတယ်။ ပြီး‌တော့ ‌ကေအိုင်အိုက‌နေ ကူညီ‌ပေး‌နေတာရှိတယ်”ဟု ဆိုသည်။

ကချင်ဒုက္ခသည်များမှာ တရုတ်-မြန်မာနယ်စပ်၊ မြစ်ကြီးနား၊ ဝိုင်း‌မော်၊ မိုင်ဂျာယန်၊ လိုင်ဇာ‌ဒေသများအပြင် အချို့မှာ ‌တော‌တောင် ထဲတွင် ခိုလှုံ‌နေကြပြီး မိုင်ဂျာယန်တဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် ဝမ်းပျက် ဝမ်း‌လျှော‌ရောဂါ အဖြစ်များ‌နေကာ အခြားဒုက္ခသည် စခန်းများတွင်လည်း စတင် ဖြစ်ပွား‌နေပြီဟု သိရသည်။

“တိုက်ပွဲ‌တွေ ဆက်ဖြစ်‌နေ‌တော့ ဒုက္ခသည်‌တွေကလည်း တ‌နေ့တ‌နေ့ များများလာ‌နေတယ်။ ‌နေစရာလည်း မလုံ‌လောက်၊ စားစရာ လည်း လုံ‌လောက်မှု မရှိဘူး။ မိုးတွင်းဆို ပိုပြီး ဒုက္ခ‌ရောက်ရတယ်”ဟု ကချင်ပြည်သူတစ်ဦးက ‌ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေသဖြင့် အစိုးရ စစ်တပ်များအ‌နေဖြင့် ကချင်ပြည် လွတ်လပ်‌ရေးတပ်မ ‌တော်(KIA) အ‌ပေါ် ထိုးစစ်ဆင်‌နေမှုများကို ဇွန်လ ၁ဝရက်‌နေ့မတိုင်မီ တလအတွင်း ရပ်ဆိုင်း‌ပေးရန် တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်‌ကောင်စီ(UNFC) မှ ‌မေလ ၁ဝရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်မှ ထိုးစစ်ဆင်‌နေမှုများကို မရပ်ဆိုင်း‌ပေးပါက UNFC အဖွဲ့ဝင်များနှင့် ပဏာမသ‌ဘောတူညီမှု ရရှိထားခြင်းအ‌ပေါ် ပြန်လည် စဉ်းစားသုံးသပ်ရမည်ဟုလည်း ‌ဖော်ပြထားသည်။