Home သတင်း နှမ်းပိုးကျ၍ ကြိတ်ရွာနှမ်းစိုက်ခင်း ထက်ဝက်‌ကျော် ပျက်စီး

နှမ်းပိုးကျ၍ ကြိတ်ရွာနှမ်းစိုက်ခင်း ထက်ဝက်‌ကျော် ပျက်စီး

1769
ဇန်နဝါရီလ ၂ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်‌ကျေးရွာတွင် ယခုနှစ် နှမ်းပိုးကျသည့် ပြဿနာနှင့် ကြုံ‌တွေ့‌နေရသည့်အ တွက် နှမ်းခင်းအားလုံး၏ ထက်ဝက်‌ကျော်မှာ ပျက်စီးဆုံးရှုံးကုန်သည် ဟု နှမ်းစိုက်ပျိုးသူ ရွာသားများက ‌ပြောသည်။

ပြီးခဲ့သည့်လ မတိုင်ခင်က စိုက်ပျိုးခဲ့သည့် နှမ်းခင်းများမှာ ယခုအချိန်တွင် အပွင့်‌ဝေ‌နေချိန်ဖြစ်ပြီး ယခုလို ပိုးကျခြင်း‌ကြောင့် နှမ်းစိုက်‌တောင်သူ အများစုမှာ ၎င်းတို့၏လုပ်ငန်း အရှုံး‌ပေါ်လျှက်ရှိသည်ဟု ကြိတ်ရွာသား ‌တောင်သူတစ်ဦးက ‌ပြောသည်။

သူက “ကြိတ်‌ချောင်း ‌အောက်ပိုင်းမှာရှိတဲ့ နှမ်းခင်း‌တွေ အကုန်လုံးပဲ ပိုးကျတဲ့ပြဿနာနဲ့ ကြုံ‌နေရတယ်။ ‌မြေပဲတချို့ အပါအဝင် ပဲ။ ဒီနှစ်အတွက်‌တော့ မှန်းထားတာနဲ့ တခြားစီဖြစ်‌နေတယ်။ အရှုံး‌ပေါ် အရင်းပြတ်ပဲ။ အကြံကုန်‌နေပြီ။”ဟု ‌ပြောသည်။

ယမန်နှစ်က နှမ်း‌ဈေး‌ကောင်းမွန်သည့်အ‌ပေါ် ကြိတ်ရွာသားအများစုမှာ နှမ်းစိုက်ပျိုးမှုကို ပိုမိုလုပ်ကိုင်လာမှ ယခုလို ပိုးကျမှုနှင့် ကြုံလာရခြင်းဖြစ်သည်။

ယခင်နှစ်က နှမ်း ၁တင်းလျှင် ‌ငွေ ၁၇,၀၀ဝမှ ၂၀,၀၀ဝအထိ ‌ဈေးရှိခဲ့ပြီး ယခုနှစ် လက်ရှိအချိန်တွင် နှမ်း‌ဈေးမှာ ၁တင်းလျှင် ၁၂,၀၀ဝကျပ်သာ ရှိ‌သေးသည်ဟု အမည်မ‌ဖော်လိုသူ နှမ်းနှင့် ပဲ အဝယ်ဒိုင်တစ်ဦးက ‌ပြောသည်။

အဆိုပါ နှမ်းဖျက်ပိုးမှာ ပွင့်ခါနီးဖြစ်သည့် နှမ်းပင်အညွှန့်ကို ကိုက်ဖြတ်စားသုံးခြင်းဖြစ်၍ နှမ်းပင်များမှာ ရက်အနည်းငယ်အ တွင်း လျင်မြန်စွာ ပျက်စီးသည့်အတွက် ပို၍ အထိနာ‌ကြောင်း အခြားနှမ်းစိုက်ပျိုးသူတစ်ဦးက ‌ပြောသည်။

“ဒီနှစ် ကျ‌နော် နှမ်းခင်း ၂ခင်း လုပ်တယ်။ ပိုးက နှစ်ရက်သုံးရက်တည်းနဲ့ စားပစ်လိုက်တာ ၂ခင်းလုံးအပြတ်ပဲ။ ‌ဆေးဖြန်းဖို့ ‌တောင် အချိန်မရဘူး။ ဘယ်လိုလုပ်ရမှန်း‌တောင် မသိဘူးဖြစ်‌နေတယ်။ ‌နောက်နှစ်လုပ်ဖို့အတွက်ဆို အ‌တော်‌လေး စဉ်းစားရ အုံးမယ်”ဟု ‌ပြောသည်။

၎င်း‌ကျေးရွာအနီး ဖြတ်သန်းလျှက်ရှိသည့် ကြိတ်‌ချောင်း၏ အ‌ပေါ်ဘက်တွင် နှမ်းပိုးမကျ‌သော်လည်း နှမ်းစိုက်ပျိုးမှုများသည့် ‌ချောင်း‌အောက်ပိုင်းတွင်မူ ပိုးကျမှုနှင့် ရင်ဆိုင်‌နေရသည်။

ကြိတ်‌ကျေးရွာသူရွာသားများသည် လယ်ယာလုပ်ငန်းအပြင် ကွမ်းသီး၊ နှမ်းနှင့် ပဲ စိုက်ပျိုး‌ရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် ကြပြီး သစ်လုပ်ငန်းကိုလည်း အနည်းငယ် လုပ်ကိုင်ကြသည်။

ကြိတ်‌ကျေးရွာအနီးတဝိုက်ရှိ ရွာအချို့တွင် နှမ်းပိုးကျသည့်အ‌ခြေအ‌နေ အနည်းငယ် ကြုံ‌နေရ‌သော်လည်း ဆိုးရွားမှု သိပ်မရှိ ‌ကြောင်း သိရသည်။ ယခုနှစ်အတွင်း ကြိတ်‌ကျေးရွာ အပါအဝင် ထို‌ကျေးရွာအုပ်စုရှိ ရွာ ၆ရွာထက်မနည်း မိုးစပါး ‌ရေလွှမ်းမှုနှင့် ကြုံခဲ့ရ‌သေးသည်။