Home ထိပ်တန်းသတင်း နိုင်ငံ‌ရေးတရားဝင်လုပ်‌ဆောင် ရန် ‌ဒေါက်တာတူးဂျာ ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်မည်

နိုင်ငံ‌ရေးတရားဝင်လုပ်‌ဆောင် ရန် ‌ဒေါက်တာတူးဂျာ ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်မည်

1541
ဇန်နဝါရီလ ၃ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်တိုင်းရင်းသား‌ခေါင်း‌ဆောင် တဦးဖြစ်သည့် ‌ဒေါက်တာတူးဂျာသည် နိုင်ငံ‌ရေးကို ဥပ‌ဒေ‌ဘောင်အတွင်းမှ ဆက် လက် လုပ်ကိုင်သွားနိုင်ရန်အတွက် လာမည့် ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ဝင် ‌ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

‌ဒေါက်တာတူးဂျာက “ပါတီတစ်ရပ်‌ထောင်ဖို့ကလည်း မစဉ်းစား‌တော့ဘူး။ မနှစ်တုန်းက ပါတီ‌ထောင်ဖို့ကြိုးစားခဲ့တယ်။ ဒါ‌ပေမယ့် မှတ်ပုံတင်မကျဘူး။ ဒါ‌ကြောင့် အခု‌တော့ ပါတီမ‌ထောင်‌တော့ဘဲနဲ့ ကိုယ်စားလှယ်‌လောင်းအ‌နေနဲ့ပဲ ဝင်ပြိုင် မယ်။ တကယ်လို့ ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ နိုင်လို့ရှိရင် လွှတ်‌တော်‌ရောက်သွားမယ်။ အဲဒီက‌နေပြီး အများအကျိုး၊ ပြည်သူလူထုအကျိုးကို တတ်နိုင်တဲ့ဘက်က‌နေပြီး ‌ဆောင်ရွက်‌ပေးသွားချင်တာ‌ကြောင့် ဒီကြားဖြတ် ‌ရွေး‌ကောက်ပွဲကို ဝင်တာပါ။”ဟု ‌ပြောသည်။

၎င်းအပြင် ပါတီကိုယ်စားလှယ်အ‌နေဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ကချင်ပြည်နယ်၊ မိုး‌ကောင်းမြို့နယ် ပြည်သူ့ လွှတ်‌တော် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်းတစ်ဦးအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုလက်ရှိတွင် ‌ရွေး‌ကောက်ပွဲ ‌လျှောက်လွှာတင်ရန် ပြင်ဆင်‌ရေးဆွဲ‌နေ‌ကြောင်း ‌ဒေါက်တာတူးဂျာက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ဒေါက်တာတူးဂျာသည် ကချင်ပြည်နယ်တိုးတက်‌ရေးပါတီ KSPP ပါတီကို ထူ ‌ထောင်ခဲ့ပြီး ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ကြိုးစားခဲ့‌သော်လည်း ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော KIA သည် အစိုးရနှင့် နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်းရန် လက်မခံခဲ့သည့်အတွက် KSPP ပါတီအား ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ပါတီ မှတ်ပုံတင်ခွင့် မ‌ပေးခဲ့‌ပေ။

ထိုအချိန်မှစ၍ ပါတီကို ရပ်ဆိုင်းထားခဲ့ပြီး ‌ဒေါက်တာတူးဂျာအ‌နေဖြင့် ပါတီထဲတွင် ပါဝင်ခြင်းမရှိ‌တော့‌သော်လည်း ကျန် ရှိ‌နေ‌သေးသည့် ပါတီဝင်‌ဟောင်းများမှာ ကြားဖြတ်‌ရွေး‌ကောက်ပွဲအပြီးတွင် ပါတီကို ပြန်လည်မှတ်ပုံတင်နိုင်သည်ဟု ‌ဒေါက်တာတူးဂျာက ခန့်မှန်း‌ပြောဆိုသည်။

နိုင်ငံ‌ရေးဖြစ်‌ပေါ်‌ပြောင်းလဲမှုကို ‌ထောက်ခံအား‌ပေးသည့်အ‌နေဖြင့် ဒီမိုက‌ရေစီလမ်း‌ကြောင်းအတိုင်း ‌ရွေး‌ကောက်ပွဲမှတ ဆင့် လွှတ်‌တော်ထဲတွင် နိုင်ငံ‌ရေး တရားဝင် လုပ်‌ဆောင်သွားရန် ‌ရွေး‌ကောက်ပွဲတွင် ပါဝင်သင့်သည်ဟု ထင်မြင်ယူဆ ‌ကြောင်း ၎င်းက ဆက်လက်၍ ယခုလို ‌ပြောသည်။

“လက်ရှိအ‌နေအထားမှာ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု‌တွေ အရှိန်တိုးမြှင့်သွား‌နေပါပြီ။ အခုလိုအချိန်မျိုးမှာလည်း လွှတ် ‌တော်ထဲမှာ အသက်ဝင် လှုပ်ရှားလာပြီ။ ဒါ‌ကြောင့်မို့ ပြုပြင်‌ပြောင်းလဲ‌ရေးကို တကယ်လိုလားတယ်၊ ဒီမိုက‌ရေစီနိုင်ငံ ‌ပေါ်‌ပေါက်လာဖို့ လိုလားတယ်ဆိုရင် ဖြစ်‌ပေါ်‌ပြောင်းလဲ‌နေတဲ့ နိုင်ငံ‌ရေးဖြစ်စဉ်‌တွေမှာ ပါဝင်လုပ်‌ဆောင်သွားသင့်တယ် လို့ မြင်ပါတယ်။”ဟု ‌ဒေါက်တာတူးဂျာက ‌ပြောသည်။

‌ဒေါက်တာတူးဂျာသည် သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး ၁၉၇၅ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ကချင်လွတ်‌မြောက် ‌ရေးအဖွဲ့ (KIO)တွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာမည့် ကြားဖြတ် ‌ရွေး‌ကောက်ပွဲအတွက် မဲဆန္ဒနယ်‌မြေ ၄၈‌နေရာ လစ်လပ်လျှက်ရှိပြီး ထိုအထဲတွင် ကချင်ပြည်နယ်၊ ဗန်း‌မော်၊ မိုး‌ကောင်းနှင့် ဖားကန့်မြို့နယ်များ ပါဝင်သည်ဟု အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သိ ရသည်။