Home သတင်း အ‌မေရိကန် သန်းကြွယ်သူ‌ဌေး George Soros မယ်‌တော်‌ဆေးခန်း သို့ လာ‌ရောက်

အ‌မေရိကန် သန်းကြွယ်သူ‌ဌေး George Soros မယ်‌တော်‌ဆေးခန်း သို့ လာ‌ရောက်

1509
ဇန်နဝါရီ ၃ရက်။ ‌ရွှေသိုက်‌တော

အ‌မေရိကန်နိုင်ငံမှ ပရဟိတအလှူရှင်တဦးဖြစ်သည့် သန်းကြွယ်သူ‌ဌေး ‌ဂျော့ဆိုး‌ရော့စ် (George Soros) သည် ထိုင်း-မြန်မာ နယ်စပ် မဲ‌ဆောက်‌ဒေသရှိ လူမှုအဖွဲ့အစည်းများ၏ အ‌ခြေအ‌နေများကို သိရှိနိုင်ရန်အတွက် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း သို့ ယ‌နေ့နံနက်တွင် လာ‌ရောက်‌လေ့လာခဲ့သည်။

‌ဂျော့ဆိုး‌ရော့စ်နှင့်အဖွဲ့ကို မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင် အပါအဝင် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု ‌ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နယ်စပ်တွင် ၎င်းတို့‌ဆောင်ရွက်‌နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ‌ပြောကြားခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “ဒီနယ်စပ်‌ဒေသမှာရှိတဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး အ‌ခြေအ‌နေ‌တွေကို သူ လာ‌လေ့လာ တာ ဖြစ်တယ်။ သူ‌ပြောတာက ဒီနယ်စပ်‌ဒေသမှာ ‌ဆောင်ရွက်‌နေတဲ့ အ‌ခြေအ‌နေ‌တွေကို ပြည်တွင်းမှာ ‌ဆောင်ရွက်‌နေတဲ့ အ‌နေအထား‌တွေနဲ့ ဘယ်လိုဆက်စပ်‌ဆောင်ရွက်နိုင်မလဲ ဆိုတာ‌တွေကို လာ‌ရောက်‌လေ့လာတာလို့ ကျမတို့ကို ‌ပြောပါတယ်။ ကျမတို့ကလည်း လက်ရှိနယ်စပ်က အ‌ခြေအ‌နေ‌တွေကို ရှင်းပြခဲ့ပါတယ်။”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့မှ မိခင်နှင့် က‌လေး ကျန်းမာ‌ရေးအစီအစဉ် တာဝန်ခံ ‌နော်‌သောသီ‌ဖောက ယ‌နေ့‌ဆွေး‌နွေးပွဲ၌ ‌ဂျော့ဆိုး‌ရော့စ်က လက်ရှိနယ်စပ်တွင် မြန်မာ့အ‌ရေးအတွက် ၎င်းတို့ အကူအ ညီများ ‌ပေး‌နေသည့်ကိစ္စများနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်‌ပေး ‌ပြောဆိုမှုများမရှိဟု ဆိုသည်။

အသက် ၈၁နှစ်အရွယ်ရှိ ‌ဂျော့ဆိုး‌ရော့စ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး မြန်မာ့ဒီမိုက‌ရေစီ ‌ရေးအတွက် အစဉ်တစိုက် ‌ငွေ‌ကြေးအကူအညီများ ‌ထောက်ပံ့‌ပေး‌နေသူလည်း ဖြစ်သည်။

မြန်မာ့ဒီမိုက‌ရေစီ‌ရေးနှင့် ပညာ‌ရေးအတွက် ၎င်းထူ‌ထောင်ထားသည့် Open Society Institute (OSI) အဖွဲ့က နှစ်စဉ် အ‌မေရိ ကန်‌ဒေါ်လာ ၂သန်းခန့် ‌ထောက်ပံ့ ကူညီ‌ပေးလျှက်ရှိသည်။

‌ဂျော့ဆိုး‌ရော့စ်သည် မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်‌နေ့က မြန်မာနိုင်ငံသို့ သွား‌ရောက်လည်ပတ်ခဲ့ကာ သမတဦးသိန်းစိန် အပါအဝင် အစိုးရထိပ်တန်း ‌ခေါင်း‌ဆောင်အချို့နှင့် ‌တွေ့ဆုံခဲ့သည်။

အလားတူ ယခုလ ၂ရက်‌နေ့တွင် မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် ‌တွေ့ဆုံခဲ့ သည်ဟု သိရသည်။