ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ဟော်တယ်ခမ်းမ၌ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီးများနှင့် ဇန်နဝါရီလ ၁၂ရက်နေ့က အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ခရီးစဉ်အပြီးတွင် ကိုယ်တိုင် ပါဝင် သွားရောက်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒို စောဒေးဗစ်ထောအား ကရင်သတင်းဌာန(KIC)နှင့် ဘီဘီစီတို့၏ သွားရောက် တွေ့ဆုံ မေးမြန်းထားချက် ဖြစ်ပါတယ်။
စောဒေးဗစ်ထော ။ ။ ကျနော်တို့ သွားဆွေးနွေးတာကတော့ သူတို့(အစိုးရ)အပိုင်းမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးကို လုပ်ချင်တယ်။ အဲ့ဒါတော့ သူတို့ရဲ့ တင်ပြချက်ပဲ။ ကျနော်တို့ဘက်ကလည်း ဒီအပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့အတွက် အချက် ၁၁ချက်ကို တင်ပြတယ်။ ဒီ ၁၁ချက်တင်ပြတဲ့အပေါ်မှာ သူတို့(အစိုးရ)အနေနဲ့က မူအားဖြင့် ဒီ ၁၁ချက်လုံးကို လက်ခံတဲ့ အနေ အထားမျိုး ရောက်သွားတယ်။ ဒါ့အပြင် ဆက်ပြီးတော့ နောက်ထပ် လိုအပ်လို့ရှိရင်လည်း ဆက်ဖြည့်နိုင်ဖို့အတွက် အခန်းတစ် ခန်းကို ထပ် ဖြည့်ထားပေးတယ်။
မေး။
ဟုတ်ကဲ့။ ဒီလက်မှတ်ထိုးခဲ့တဲ့ အချက်က ၄ချက်ပေါ့နော်။ ဒီလက်မှတ်ထိုးခဲ့တဲ့အပေါ်မှာ အခု ကေအဲန်ယူကနေပြီးတော့ အပစ် အခတ် ရပ်စဲလိုက်ပြီဆိုတော့ အခုမြန်မာဘက်အခြမ်းမှာ ကေအဲန်ယူရဲ့ အရင်နယ်မြေတွေကို သူတို့ဘယ်နေရာတွေကို သူတို့ သတ်မှတ်ပေးလဲ။ ကိုယ်ကကော ဘယ်နေရာတွေ ပါဝင်မလဲ။
ဖြေ။
ကျနော်တို့ ဒီနယ်မြေတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မဆွေးနွေးသေးပါဘူး။ လောလောဆယ် ဒီအပစ်ရပ်ဖို့ပဲ ဆွေးနွေး တယ်ဆိုတဲ့အတွက်ကြောင့် ၄၅ရက်အတွင်းမှာ ဒီကိစ္စတွေကို ဆက်လက် ဆွေးနွေးသွားဖို့အတွက် ရှိပါတယ်။ ၄၅ရက်ဆိုတာ က အချိန်အကြာဆုံးကိုပြောတာ။ ဒါထက်စောရင်လည်း ဒါထက်စောစော ကျနော်တို့ ဆွေးနွေးဖို့လည်း အကြောင်းရှိပါတယ်။
မေး။
ဒါဆိုရင် လောလောဆယ် ကေအဲန်ယူရဲ့ တပ်တွေနဲ့ ကေအဲန်ယူရဲ့မိသားစုတွေက ဘယ်မှာနေမှာလဲ။
ဖြေ။
အခု အနေအထားကတော့ သူတို့လက်ရှိနေတဲ့အတိုင်းပဲ နေနေကြဖို့ ကျနော်တို့ ဒီသဘောထားပဲ ရှိပါတယ်။ အခုက အပစ်ရပ် တဲ့ကိစ္စကိုပဲ ကျနော်တို့ လက်ရှိ လုပ်ပါတယ်။
မေး။
အဲ့ဒီတော့ ဒီနေရာချတယ်ဆိုရင် ဘယ်နေရာတွေကို ကေအဲန်ယူဘက်က တောင်းဖို့ရှိပါသလဲ။
ဖြေ။
အဲဒီအပိုင်းမှာကျတော့ ကျနော်တို့အနေနဲ့ ဒီတပ်မဟာ ခရိုင်တွေဘက်ခြမ်းမှာပဲ အခြေခံပါတယ်။ တပ်မဟာ၊ ခရိုင်တွေကနေပြီး တော့ သူတို့အနေနဲ့ ကျနော်တို့ နောက်တကြိမ် သွားဆွေးနွေးနိုင်ဖို့ အတွက် သူတို့အနေနဲ့ ပါဝင်ပြီးတော့ အချက်အလက်တွေ ပေးဖို့လိုပါတယ်။
မေး။
အဲဒီမှာ ပဒိုတို့ရဲ့ အချက်အလက်တွေက ဘယ်လိုအချက်လက်တွေ ဖြစ်ဖို့လိုပါသလဲ။
ဖြေ။
အချက်အလက်ဆိုတာက သူတို့တွေက ဒေသခံတွေဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေရဲ့ ပြောပြချက်တွေကိုပဲ ကျနော်တို့က အကောင်အထည်ဖော်ပေးမှာ ဖြစ်တယ်။
မေး။
အဲတော့ ဒုက္ခသည်စခန်းတွေကို ဒီမြန်မာဘက်ကိုရွှေ့ဘို့ အနေအထားတွေ အဲ့ဒါတွေကော ဆွေးနွေးဖြစ်သေးလား။
ဖြေ။
ကျနော်တို့ဆွေးနွေးတဲ့အထဲမှာ အဓိကကတော့ ဒီပြည်တွင်း အိုးမဲ့အိမ်မဲ့၊ နေရာမဲ့တဲ့သူတွေကိစ္စကိုပဲ စတင် ကိုင်တွယ်မှာ ဖြစ် တယ်။ ဒုက္ခသည်(စခန်းတွင်း)ကိစ္စကတော့ နောက်မှပဲ တဖြည်းဖြည်းနဲ့ စီစဉ်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းဒုက္ခသည် (IDP) တွေက စားရေး၊ သောက်ရေး၊ လုံခြုံရေးတွေမှာ တော်တော်လေး ပြဿနာရှိတယ်။ ဒုက္ခသည်တွေက အတိုင်းအတာ တစ်ခုထိတော့ လုံခြုံတယ်လို့ပြောလို့ ရပါတယ်။
မေး။
အဲ့ဒီတော့ ဒုက္ခသည်စခန်းတွေကို ဘယ်တော့လောက် ရွှေ့ဖြစ်မယ်လို့ ထင်လဲ။
ဖြေ။
ဒီဟာကတော့ ဒီဆွေးနွေးပွဲအပေါ် မူတည်ပြီးတော့ ကျနော်တို့ရဲ့ အကောင်ထည်ဖေါ်မှုအပေါ်မှာ တဦးနဲ့တဦး ယုံကြည်ပြီ၊ စိတ် ချပြီ။ လူထုတွေကလည်း သူတို့တွေရဲ့ ဘဝအာမခံချက်တွေ ရှိပြီဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဆက်ပြီး ဆွေး နွေးသွားပါမယ်။
မေး။
ဟုတ်ကဲ့ ပဒို ခုနကပြောတဲ့ ဒီ၄၅ရက်အတွင်းမှာ ဒီနေရာချရေးတွေ ဆွေးနွေးမယ်ဆိုတော့ ဘာတွေဆွေးနွေးမှာလဲ။ ဟိုဘက် (အစိုးရဘက်)ကကော အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ပြောလာတာရှိလဲ။
ဖြေ။
ကျနော်တို့ဘက်က အဓိက တိုင်ပင်တာကတော့ ပြည်တွင်းဒုက္ခသည်ကိစ္စ ဖြစ်တယ်။ ပြည်တွင်းဒုက္ခသည်တွေက တကယ်ကို အဓိကကျတဲ့ ကိစ္စဖြစ်တယ်။ ပြည်တွင်းဒုက္ခသည်တွေမှာ သူတို့ကျေးရွာတွေကို ပြန်နိုင်ဖို့ လိုအပ်တယ်။ ကျေးရွာကိုပြန်နိုင်ဖို့က သူတို့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိခဲ့လို့ရှိရင်လည်းပဲ အမှတ်အသား လုပ်ပေးတာပဲဖြစ်ဖြစ်၊ ဖော်ထုတ်ပေးတာပဲဖြစ်ဖြစ်၊ သူတို့ လုပ်ကိုင် စားသောက်တဲ့ နေရာတွေမှာလည်း ထို့နည်းတူပဲ ဒီလိုအနေအထားမျိုး ရှိခဲ့လိုရှိရင် သူတို့အနေနဲ့ ယုံကြည်စိတ် ချစွာနဲ့ ပြန်နိုင်ဖို့တော့ လိုအပ်ပါတယ်။ တစ်ဆက်တည်းမှာ ကျနော်တို့အနေနဲ့က ပြည်တွင်းဒုက္ခသည်တွေအတွက်ကို နိုင်ငံတ ကာအနေနဲ့ ဘယ်လိုအကူညီပေးမလဲဆိုတာကိုကော ကျနော်တို့အနေနဲ့ စဉ်းစားဖို့ ရှိပါတယ်။ ပြည်တွင်းဒုက္ခသည်တွေမှာ ဘယ်သူမှ ထိထိရောက်ရောက် ကူညီတာမရှိတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒီဟာတွေကို အသေးစိတ်ဆွေးနွေးဖို့ ရှိတဲ့အ ပြင် ကျနော်တို့ ဒီမှတ်ပုံတင်ပေါ့လေ နိုင်ငံသားဆိုတဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကျနော်တို့ ဒီနယ်စပ်မှာ ရှိနေ တဲ့သူတွေ တစ်လျှောက်လုံးက ဒီနိုင်ငံသားနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ နိုင်ငံသားကဒ်ပြား မရှိတဲ့အတွက်ကြောင့် သူတို့မှာ နိုင်ငံသား အခွင့်အရေးတစ်ရပ် ဆုံးရှုံးနေတယ်လို့ တွေ့ရပါတယ်။ ဒီအရာတွေကိုလည်း လုပ်ကိုင်ဖို့အတွက် ကျနော်တို့ ဆွေး နွေးခဲ့တာ ရှိပါတယ်။
မေး။
အခုအကြိမ်မှာ အဲမှာ သွားဆွေးနွေးတဲ့အပေါ်မှာ ဘယ်လိုလုပ် ကေအဲန်ယူရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အနေနဲ့ပေါ့ အစိုးရရဲ့
Agreement အပေါ်မှာ ဘယ်လိုပုံစံမျိုး ခံစားရပါသလဲ။ အဲဒီအပေါ်မှာကော နောက်ထပ်ဖြစ်လာမဲ့ အကျိုးဆက်တွေနဲ့ ပတ် သက်ပြီး ဘယ်လိုမျှော်လင့်သလဲ။
ဖြေ။
ကျနော်တို့ အဓိက ဆွေးနွေးကြတာကတော့ ကရင်ပြည်နယ် ဖားအံမြို့မှာ ဆွေးနွေးတယ်။ အဲဒီဆွေးနွေးတဲ့အချိန်မှာ ကျနော် တို့အတွက် ဆက်စပ်နယ်မြေဖြစ်နေတဲ့ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း၊ မွန်ပြည်နယ်က စစ်တပ်ဘက်က အုပ်ချုပ်သူတွေ ဖိတ်ကြား ထားပေးတာရှိတယ်။ ပြည်ထောင်စုဝန်ကြီးအဖွဲ့တွေမက အဲဒီလူတွေရဲ့ရှေ့မှာ ဆွေးနွေးခွင့်ရတယ်။ ကျနော်တို့ ဘာတွေ သဘောတူထားလဲဆိုတာလည်း အဲဒီလူတွေ သိသွားရတယ်။ စစ်တပ်ဘက်ကဆိုရင် အထူးသဖြင့် တာဝန်ရှိ တစ်ယောက်ပါ တယ်။ အဲဒါပြီးတော့ မွန်ပြည်နယ်၊ မော်လမြိုင် ဝန်ကြီးချုပ်နဲ့လည်း ကျနော်တို့ သဘောတူညီထားတဲ့ အချက်တွေကိုလည်း ရှင်းပြတယ်။ သူတို့ဘက်ကလည်း လိုအပ်တဲ့ အကူညီတွေကိုပေးဖို့ သဘောထားရှိပါတယ်။ ထို့အတူ ပဲခူးတိုင်း ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့ ညောင်လေးပင်မြို့နဲ့ တောင်ငူမြို့ ကိစ္စကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နေပြည်တော်ကိုလည်း ရောက်ပါတယ်။ နေပြည်တော်မှာတော့ ကျနော်တို့ကို ဒုသမ္မတ စိုင်းမောက်ခမ်းကနေပြီး တော့ ညစာနဲ့ဧည့်ခံတယ်၊ ဝမ်းပမ်းတသာနဲ့ကြိုဆိုတယ်။ နောက်ပြီးတော့ ကျနော်တို့လက်ထဲကိုလည်း အပစ်ရပ်ဘို့အတွက် နိုင်ငံတော်အစိုးရကနေပြီးတော့ တပ်တွေကို ညွှန်ကြားတဲ့စာကိုလည်း ရခဲ့ပါတယ်။ ဒီဟာတွေကိုကြည့်မယ်ဆို အားရဖွယ်ရာ ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။
မေး။
အတီးတို့ ဒီလက်မှတ်ရေးထိုးတဲ့ ၁၂ရက်နဲ့ မရှေးမနှောင်းမှာပဲ သမ္မတကနေ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတော့ အတီးတို့ ဆွေးနွေးတဲ့အထဲမှာ အကျဉ်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ပြီးတော့ ဆွေးနွေးတာများ ရှိသလား။
ဖြေ။
ကျနော်တို့ တောင်းဆိုချက်ထဲမှာ ဒီအကျဉ်းသား လွတ်မြောက်ရေးဆိုတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့က နို်င်ငံရေးအ ကျဉ်းသားဆိုတာ ဝိဝါဒတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုး ရှိနေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးပဲပြောပြော၊ ရာဇဝတ်လို့ဘဲပြောပြော ကျနော်တို့ မပြောတော့ဘဲနဲ့ အကျဉ်းသားလွတ်မြောက်ရေးကို တောင်းတဲ့အတွက်ကြောင့် မဂင်္လာ သတင်းအားဖြင့် လက်မှတ်ရေးထိုးပြီး ၂နာရီကျော်အကြာမှာ နိုင်ငံတော်သမ္မတကနေပြီးတော့ လူ ၆၅၁ဦးကို လွှတ်ပေးလိုက်တယ် ဆိုတဲ့သတင်းကို ကြားသိရတာ တော်တော် ဝမ်းသာစရာကောင်ပါတယ်။
မေး။
အဲဒီအထဲမှာ ပဒိုမန်းငြိမ်းကောပါ ပါသလား။
ဖြေ။
ပဒိုမန်းငြိမ်းက စာရွက်စာတမ်းကိစ္စ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ တစ်ပါတည်း ပြန်ခေါ်လာလို့ မရပါဘူး။ ဒါပေမဲ့ နိုင်ငံတော် သမ္မတကနေပြီးတော့ ပဒိုမန်းငြိမ်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်ဆိုတဲ့ ကတိကို ပေးထားပါတယ်။
မေး။
အဲဒီတော့ ဘယ်တော့လောက် ရောက်မယ်လို့ ထင်ပါသလဲ။
ဖြေ။
အဲဒါက စာရွက်စာတမ်း ကိစ္စဆိုတော့၊ သူတို့ အကျဉ်းဦးစီးဌာနရယ်၊ တရားရုံးကိစ္စတွေပြီးရင်တော့ သူတို့ အကြောင်းကြားလာ ပါလိမ့်မယ်။ သူ့မိသားစုလည်း ဝမ်းသာမှာပါ။
မေး။
အတီးတို့ ခရီးစဉ်မဆုံးခင် ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေတာပေါ့နော်။ အချို့က လက်မှတ်ရေးထိုးမှုက စောလွန်းတယ်လို့ ပြော ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အတီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။
ကျနော်တို့အနေနဲ့က ဒီအပစ်ခတ်ရပ်စဲရေးက ထာဝရငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့သွားတဲ့ အဖွဲ့ဝင်အားလုံးကို အစည်းအဝေး ထိုင်ပါတယ်။ အစည်းဝေးထိုင်ပြီးတော့ ကျနော်တို့ တောင်းဆိုချက် ၁၁ ချက်ကိုလည်း ရတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ၁၁ချက်မှာ ဆက်ဆွေးနွေးစရာတွေ ရှိလာတယ်။ တစ်ဘက်က လည်း ဒီ ၁၁ချက်ကို ဆက်ဆွေးနွေးဖို့ တစ်ခုမှ မငြင်းပယ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အပစ်ခတ်ရပ်စဲကို ပထမဆုံး လုပ်ဖို့အတွက် ကျနော်တို့ လက်မှတ်ထိုးခြင်းဖြစ်ပါတယ်။
မေး။
ဟုတ်ကဲ့။ အဲဒီမှာ အတီးတို့ သွားတဲ့အထဲမှာ တပ်မဟာမှူးဆိုလို့ ဗိုလ်မှူးချုပ်ဂျော်နီတစ်ယောက်ပဲ ပါတယ်ပေါ့နော်။ အဲတော့ တခြားတပ်မဟာမှူးတွေကကော ဘာကြောင့် မလိုက်သွားတာလဲ။ ပြီးတော့ တခြားခရိုင်ဥက္ကဌတွေကော ဘာကြောင့်မလိုက် ဖြစ်တာလဲ။
ဖြေ။
ကျနော်တို့ တပ်မဟာ(၄)၊ တပ်မဟာ(၆)တို့မှာဆိုရင်တော့ တပ်မဟာမှူးထက် ခရိုင်ဥက္ကဌ ပြီးရင်ပြီးတယ်ဆိုတဲ့ သဘောထားရှိ ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအရ ခရိုင်ဥက္ကဌတွေက အာဏာအမြင့်ဆုံးပဲ။ တပ်မဟာမှူးတွေက ဒုခရိုင်ဥက္ကဌပဲဖြစ်တဲ့အတွက် ကြောင့် သူတို့က အာဏာကုန် လွှဲပေးတဲ့သဘော ဖြစ်ပါတယ်။
မေး။
နောက်တခုက တပ်မဟာ(၅)က ဘယ်သူမှ မသွားတဲ့ ကိစ္စက ဘာကြောင့်များပါလဲ။
ဖြေ။
ကျနော်ထင်တယ်။ သူတို့ဆီမှာ အခက်အခဲရှိမယ်လို့ ကျနော်ထင်တယ်။ သွားဖို့လည်း ကျနော်တို့ အကြောင်းကြားပါတယ်။ သွားဖို့ အခက်ခဲရှိလို့ မသွားနိုင်တာပါ။