Home သတင်း ပဒိုမန်းငြိမ်း‌မောင် လွတ်‌မြောက်လာရန် KNU မှ ထပ်မံ‌တောင်းဆိုသွားမည်

ပဒိုမန်းငြိမ်း‌မောင် လွတ်‌မြောက်လာရန် KNU မှ ထပ်မံ‌တောင်းဆိုသွားမည်

1976
ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)

အစိုးရ အကျဉ်း‌ထောင်မှ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိ‌သေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟို‌ကော်မတီ ဝင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်း‌မောင် ပြန်လည်လွတ်‌မြောက်လာ‌ရေးအတွက် ဆက်လက် ‌တောင်းဆိုသွားမည်ဟု KNU က ‌ပြောသည်။

KNU ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ပဒို‌စော‌ဒေးဗစ်‌ထောက “သူ လွတ်‌မြောက်ဖို့အတွက် ‌တော့ အစိုးရနဲ့ ‌နောက်တကြိမ် ထပ်‌တွေ့တဲ့အခါမှာ ‌တောင်းဆိုသွားမှာပါ”ဟု ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေတွင် ပဒိုမန်းငြိမ်း‌မောင် အ‌ရေးကိစ္စ တိတိကျကျ မသိရှိရ‌သေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း ‌သေချာစွာ မသိရှိရ‌သေး‌ကြောင်း ပဒို‌စော‌ဒေးဗစ်‌ထောက ဆက်လက် ‌ပြောဆိုသွားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်း‌ရေး သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက်ပိုင်း နိုင်ငံ‌ရေးအကျဉ်းသားများ ပြန်လည် လွတ်‌မြောက်လာခဲ့‌သော် လည်း ပဒိုမန်းငြိမ်း‌မောင်မှာ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိခဲ့‌ပေ။

ထို့အပြင် ပဒိုမန်းငြိမ်း‌မောင် မလွတ်‌မြောက်‌သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီး‌နောက် ၄၅ရက်အတွင်း ထပ်မံ ‌တွေ့ ဆုံမည့် ‌ဆွေး‌နွေးပွဲတွင် ပဒိုမန်းငြိမ်း‌မောင်အ‌ရေး အပါအဝင် ‌တောင်းဆို‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများကို ပြင်ဆင်‌နေပြီဟု ပဒို‌စော‌ဒေးဗစ်‌ထောက ယခုလို ‌ပြောသည်။

“အဖွဲ့အစည်းအတွက် အလုပ်လုပ်‌နေတဲ့သူပဲ ‌တောင်းရမှာ‌ပေါ့။ သူနဲ့တင် မကပါဘူး။ တို့‌တွေကို ထမင်း‌ကျွေးလို့ အဖမ်းခံရတဲ့ လူ‌တွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူ‌တွေ၊ ‌ရေတိုက်လို့ အဖမ်းခံရတဲ့လူ‌တွေပါ လွတ်‌အောင် ‌တောင်းရလိမ့်မယ်”ဟု ‌ပြော သည်။

လာမည့်အပတ်တွင် ပဒိုမန်းငြိမ်း‌မောင်အား ရုံးထုတ်စစ်‌ဆေးရာ၌ ‌ရှေ့‌နေ‌ခေါ်ယူသွား‌ပေးမည်ဟုလည်း အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်‌ဟောင်းဖြစ်သူ ကရင်အမျိုးသမီး ‌နော်အုန်းလှကလည်း ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၂၄ရက်‌နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွား‌ရောက်‌တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွား‌ရောက်ခဲ့သည့် ခရီးစဉ်တွင် ‌ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်း‌မောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့‌ဆောင်ခံရ ကာ တရားမဝင် နယ်စပ်ဖြတ်‌ကျော်မှု၊ တရားမဝင် စာရွက်စာတမ်း ကိုင်‌ဆောင်မှု၊ မတရားအသင်းအက်ဥပ‌ဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်‌ထောင်တွင် ‌ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံ‌နေရသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟို‌ကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူး‌ပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ‌ကောင်စီ (UNFC) တွင် ‌ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။