Home ထိပ်တန်းသတင်း ‌ရေကြီးပြီး‌နောက်ပိုင်း စခန်းရှိ လူများ သွားလာ‌ရေး အခက်ကြုံ‌နေဆဲ

‌ရေကြီးပြီး‌နောက်ပိုင်း စခန်းရှိ လူများ သွားလာ‌ရေး အခက်ကြုံ‌နေဆဲ

1636
‌အောက်တိုဘာလ ၆ရက်။ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် ပြီးခဲ့သည့်ရက်က ‌ရေကြီးခဲ့ခြင်း‌ကြောင့် တံတား ပျက်စီးမှုရှိကာ ယခုအချိန်တွင် ဒုက္ခသည်များမှာ စခန်းတွင်း သွားလာရန် အခက်အခဲ ကြုံ‌တွေ့‌နေကြရသည်။

‌အောက်တိုဘာ ၂ရက်‌နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း‌ကြောင့် စခန်းကို ဖြတ်သန်းစီးဆင်း‌နေသည့် မဲ့စရင်း‌ချောင်း (မှိုင်းလုံးကြီး‌ချောင်း)မှ ‌ရေလျှံတက်လာပြီး ၄ရက်‌နေ့တွင် အမှတ်(၂) စခန်းအတွင်းရှိ သွယ်တန်းထားသည့် တံတားများ ပျက်စီး ကာ ‌မြေပြိုရာမှ ထိုသို့သွားလာ‌ရေး ခက်ခဲရခြင်းဖြစ်သည်။

စခန်း‌ကော်မတီဝင် ကရင်နီအမျိုးသမီးတဦးက “ကျမတို့ အဓိက ‌ကျောင်းသား‌တွေ အ‌ရေး‌ပေါ်လူနာ‌တွေအတွက် ဒုက္ခဖြစ် တယ်။ ‌ကျောင်း‌တွေဆို ‌ရေစကြီးတဲ့‌နေ့က‌နေ ပိတ်ထားရတယ်။ လူနာ‌တွေဆိုလည်း အထမ်းနဲ့ ‌တောလမ်းက‌နေ သယ်သွားရ တယ်။”ဟု ‌ပြောသည်။

‌ရေကြီး ‌မြေပြိုမှု ဖြစ်ပွားသည့်အတွက် စခန်းအတွင်းရှိ အိမ်‌ခြေ ၂၄လုံးမှာ ‌ပြောင်း‌ရွှေ့ထားရ‌ကြောင်းလည်း သူမက ‌ပြောသည်။

အဆိုပါ ကရင်နီဒုက္ခသည်စခန်း၏ ရပ်ကွက်(၁)အတွင်းရှိ တံတားနှင့် ရပ်ကွက်(၃)-ရပ်ကွက်(၄)ကြားရှိ တံတားများ ကျိုးသွား သည့်အတွက် စခန်းရှိ ‌ကျောင်းသူ‌ကျောင်းသားများ ‌ကျောင်းမသွားနိုင်ဘဲ ဖြစ်‌နေရသလို အထူးသဖြင့် စခန်းအတွင်းရှိ အ‌ရေး ‌ပေါ်လူနာများအား မယ်‌ဟောင်‌ဆောင်‌ဆေးရုံသို့ ‌ဆေးဝါးသွား‌ရောက်ကုသ‌ပေးရန် အခက်အခဲရှိ‌ကြောင်း ရပ်ကွက်(၁)မှ ဒုက္ခ သည်တစ်ဦးက ‌ပြောသည်။

ဒုက္ခသည်တစ်ဦးဖြစ်သူ ‌သောထူးက “‌ရေက ပြန်ကျသွား‌ပေမယ့် ‌ရေကြီးတုန်းက တံတား‌တွေပျက်သွားလို့ အခုဆို တရပ်ကွက် နဲ့ တရပ်ကွက် သွားလာလို့မရဘူး၊ အထူးသဖြင့် စခန်းက လူနာ‌တွေအတွက် အရမ်း အခက်အခဲဖြစ်တယ်။”ဟု ‌ပြောသည်။

ယခင်က စခန်းရှိ အ‌ရေး‌ပေါ်လူနာများကို NGO ကားများဖြင့် မယ်‌ဟောင်‌ဆောင်‌ဆေးရုံသို့ သယ်‌ဆောင်ကုသ‌ပေး‌လေ့ရှိရာ ယခုလို တံတားပျက်ကာ ‌မြေပြိုသည့်အတွက် ကားများ သွားလာမရဘဲ စခန်းအနီးရှိ ဝါကာရွာ(ထိုင်းရွာ)သို့ ‌ခြေလျင်ဖြင့် ၃နာရီ ခရီးဖြင့် သွားလာ‌နေရသည်။

မဲ‌ဟောင်‌ဆောင်ခရိုင်တွင် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် အမှတ်(၂) ဟူ၍ရှိပြီး စခန်း(၂)တွင် ရပ်ကွက် ‌လေးခုနှင့် ဒုက္ခ သည်ဦး‌ရေ ၃,၀၀၀‌ကျော် ရှိသည်။ ထိုစခန်းတွင် အများစုမှာ ကရင်လူမျိုးဖြစ်ပြီး ကရင်နီ၊ ရှမ်းနှင့် ကချင်လူမျိုးများလည်း ရှိ သည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း စခန်းအမှတ်(၂) ဒုက္ခသည်တွင် ပထမအကြိမ် ‌ရေကြီးခဲ့စဉ်ကလည်း လူ‌နေအိမ်များ ပြိုကျ ပျက်စီးသလို ‌ချောင်းကမ်းပါးရှိ ‌နေအိမ်တချို့ ‌ရေထဲ‌မျောပါသွားခဲ့သည်။