Home ထိပ်တန်းသတင်း လွှတ်‌တော်တွင် ငြိမ်းချမ်း‌ရေး‌ကော်မတီ အပါအဝင် ‌ကော်မတီများ ဖွဲ့စည်း

လွှတ်‌တော်တွင် ငြိမ်းချမ်း‌ရေး‌ကော်မတီ အပါအဝင် ‌ကော်မတီများ ဖွဲ့စည်း

2541
ဩဂုတ်လ ၂၄ရက်။ (‌ကေအိုင်စီ)

ဩဂုတ်လ ၂၂ရက်‌နေ့တွင် စတင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေးတွင် တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ကော်မတီ အပါအဝင် ‌ကော်မတီများကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်‌တော်တွင် တိုင်းရင်းသား‌ရေးရာနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ အပါအဝင် ‌ကော်မတီ (၈)ရပ်နှင့် ပြည်သူ့လွှတ် ‌တော်တွင် ‌ကော်မတီ ၁၈ရပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်‌တော်တွင် တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ကော်မတီ၊ နိုင်ငံသားများ မူလ အခွင့်အ‌ရေးနှင့် ပြည်ပ‌ရောက် နိုင်ငံသားများဆိုင်ရာ ‌ကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် ‌ငွေ‌ကြေး‌ရေးဆိုင်ရာ ‌ကော်မတီ၊ ပညာ‌ရေး ကျန်းမာ ‌ရေးနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ‌ကော်မတီ၊ ပြည်သူများ၏ တိုင်ကြားစာနှင့် အသနားခံလွှာ ‌ကော်မတီ အပါအဝင် ‌ကော်မတီ ၈ခု ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်‌တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးစံထွန်းကို ဥက္ကဌအဖြစ် ‌ရွေးချယ်ခဲ့ပြီး ပြည်သူ့လွှတ် ‌တော်တွင် မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်း‌ဇော်ကို ဥက္ကဌအဖြစ် ‌ရွေးချယ်ထား‌ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ‌ဖော်ပြ ထားသည်။

သို့‌သော် သတင်းစာထဲတွင် ‌ကော်မတီ ဥက္ကဌကိုသာ ‌ဖော်ပြထားပြီး ‌ကော်မတီ၏ ဖွဲ့စည်းပုံအ‌သေးစိတ်ကိုမူ ‌ဖော်ပြထားခြင်း မရှိ‌ပေ။

‌ရွေးချယ်ထားသည့် ‌ကော်မတီဥက္ကဌများအဖြစ် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ကိုယ်စားလှယ်များ၊ ဝန်ကြီး ‌ဟောင်းများ ပါဝင်‌နေသည့်အတွက် တချို့နိုင်ငံ‌ရေးပါတီများက တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များလည်း ပါဝင်သင့် ‌ကြောင်း ‌ဝေဖန်‌နေသည်။

“ငြိမ်းချမ်း‌ရေး ‌ကော်မတီဆို‌တော့ အဓိက ငြိမ်းချမ်း‌ရေးကိစ္စ ‌ဖြေရှင်းရမှာ‌ပေါ့။ ဒါမှ အကျိုးရှိမယ်‌လေ။ ဖွဲ့ပြီး ဘာမှ အ‌ကောင် အထည်မ‌ဖော်နိုင်ရင် အလကားပဲ။”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

ဥက္ကဌအဖြစ် ‌ရွေးချယ်ခံထားရသည့် ဦးသိန်း‌ဇော်သည် ဗိုလ်မှူးချုပ်‌ဟောင်းအဖြစ် ယခင် စစ်အစိုးရလက်ထက်က ဆက် သွယ်‌ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(ကြံ့ဖွံ့)မှ ‌ရွေး‌ကောက်တင် ‌မြှောက်ခံရသူဖြစ်သလို ဦးစံထွန်းသည်လည်း ကြံ့ဖွံ့ပါတီမှ ‌ရွေး‌ကောက်တင်‌မြှောက်ခံရသူပင် ဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေးသို့ ပြည်သူ့လွှတ်‌တော်ဥက္ကဌ သူရဦး‌ရွှေမန်းနှင့် ၎င်းကိုယ်စားလှယ် ၃၈၉ ဦး၊ အမျိုးသားလွှတ်‌တော် ဥက္ကဌ ဦးခင်‌အောင်မြင့်နှင့် ကိုယ်စားလှယ် ၂၁၁ဦး တက်‌ရောက်ခဲ့ကြသည်။