Home ထိပ်တန်းသတင်း နယ်ခြား‌စောင့် ၁ဝဦး KNLA တပ်မဟာ(၇)ထံ လာ‌ရောက် ပူး‌ပေါင်း

နယ်ခြား‌စောင့် ၁ဝဦး KNLA တပ်မဟာ(၇)ထံ လာ‌ရောက် ပူး‌ပေါင်း

1521
ဇူလိုင်လ ၂၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တ‌နေရာတွင် အ‌ခြေစိုက်သည့် နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင် ၁ဝဦးသည် ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ(၇)ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့ကြသည်။

နယ်ခြား‌စောင့်(၁၀၁၂)တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ကြပ်ကြီး ‌စောဒီ့ကျူ ဦးစီးသည့် တပ်ဖွဲ့ဝင် ၁ဝဦးသည် နယ်ခြား‌စောင့်အ‌နေ ဖြင့် ဆက်လက် တာဝန်ထမ်း‌ဆောင်လိုစိတ် မရှိ‌တော့‌သော‌ကြောင့် KNLA နှင့် ယခုလို လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်‌ကြောင်း ‌စောဒီ့ကျူက ‌ပြောသည်။

“ကျ‌နော်တို့ လူမျိုး‌တွေကို အစိပ်စိပ်အမွှာမွှာဖြစ်‌အောင် ဖျက်ဆီး‌နေတဲ့ ဒီအစိုးရလက်‌အောက်မှာ မလုပ်ချင်‌တော့လို့ ကျ‌နော်တို့ ညီအစ်ကို‌တွေနဲ့ လာ‌ရောက်ပူး‌ပေါင်းတာ ဖြစ်တယ်။ ကျ‌နော်တို့တပ်ရင်းမှူး ဗိုလ်ဘိလည်း အစိုးရကို ပြန်‌တော်လှန်‌နေပြီ‌လေ။ ဒါ ‌ကြောင့် ကျ‌နော်တို့လည်း တပ်ရင်းမှူးနဲ့အတူ အစိုးရကို ပြန်‌တော်လှန်ဖို့ ဒီလိုလုပ်တာပါ။”ဟု ‌စောဒီ့ကျူက ‌ပြောသည်။

အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၁ဝဦးမှာ တပ်ကြပ်ကြီး ဒီ့ကျူ ၅ဝနှစ်၊ ဒုတပ်ကြပ် ဖားဆွဲ့ ၄ဝနှစ်၊ တပ်ကြပ် ဖားနို ၂၃နှစ်နှင့် တပ်သားများဖြစ်သည့် ဒီ့တို ၂၁နှစ်၊ ‌ဖောကလူ ၁၉နှစ်၊ ဒီ့ကွီ ၁၈နှစ်၊ ဒို့ဝါး ၁၇နှစ်၊ တာ့ဘလယ့် ၁၆နှစ်၊ အယ်ခူ ၁၅နှစ်၊ ‌မောင် သန်း ၁၃နှစ်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ AR ၆လက်၊ မက္ကဇင်း ၂၄ချပ်၊ AR စက်လတ် ၁လက်၊ မက္ကဇင်း ၁ချပ်၊ 79 ၁လက်၊ ကျည် ၂ဝလုံး၊ AK ၁လက်၊ မက္ကဇင်း ၂ချပ်၊ အီကွင့်မန့် ၅စုံ၊ စကား‌ပြောစက် ၂လုံး ပါရှိသည်။

‌ကေအဲန်အယ်လ်‌အေနှင့် လာ‌ရောက်ပူး‌ပေါင်းသည့် အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များသည် အစိုးရအား ပြန်လည် ‌တော် လှန်ခုခံရန် အလွန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ‌ပြောသည်။

တပ်သားဒီ့တိုက “ဒီမှာ တရက်နှစ်ရက်‌နေပြီးရင် ‌ခေါင်း‌ဆောင်‌တွေ ညွှန်ကြားတဲ့အတိုင်း တပ်ရင်းမှူး ဗိုလ်ဘိဆီကို ပြန်သွားပြီး အစိုးရစစ်တပ်ကို ပြန်တိုက်မယ်။ ကြုံ‌တွေ့ရမယ့် အခက်အခဲ‌တွေကို ခံနိုင်ဖို့အတွက် ကျ‌နော်တို့‌တွေ အားလုံး ပြင်ဆင်ထား တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

Photo-KIC (‌ကေအဲန်အယ်လ်‌အေနှင့် လာ‌ရောက်ပူး‌ပေါင်းသည့် BGF တပ်ဖွဲ့ဝင်များ)
ထိုသို့ ‌ရောက်ရှိလာသည့် ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင် ၁ဝဦးအနက် ၄ဦးမှာ အသက်မပြည့်‌သေးသည့် က‌လေးစစ်သားများဖြစ်၍ နှစ် ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီး အဆိုပါ က‌လေးစစ်သားများ၏ ‌ရှေ့‌ရေးကို အ‌ကောင်းဆုံး စီစဉ်‌ဆောင်ရွက်သွားမည်ဟု ‌ကေအဲန် အယ်လ်‌အေ တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌ကေဘီ‌အေက‌နေ နယ်ခြား‌စောင့် အသွင်‌ပြောင်းမယ့်အချိန်မှာ တပ်အင်အား မပြည့်တဲ့အတွက် အစိုးရက မဖြစ်မ‌နေ အတင်း အဓမ္မ လိုက်လံစု‌ဆောင်းခိုင်းလို့ ဒီက‌လေး‌တွေ ပါသွားတာဖြစ်တယ်။ ကျ‌နော်တို့ ‌ကေအဲန်အယ်လ်‌အေမှာ အသက်မပြည့်‌သေး တဲ့ က‌လေးစစ်သား‌တွေကို လုံးဝ လက်မခံဘူး။ အဲဒါ‌ကြောင့် ဒီက‌လေး‌တွေ နားလည်‌အောင်ရှင်းပြပြီး‌တော့ သူတို့အတွက် အ ‌ကောင်းဆုံး စီစဉ်‌ပေးမှာပါ”ဟု ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)တွင် ယခုလ ဇူလိုင်လအတွင်း နယ်ခြား‌စောင့်တပ်-BGF ၂၆ဦး လက်နက်ခဲယမ်းများနှင့် အတူ လာ‌ရောက်ပူး‌ပေါင်းခဲ့ပြီး ၎င်းအထဲတွင် တပ်ကြပ်ကြီး ၄ဦး ပါဝင်သည်ဟု ‌ကေအဲန်အယ်လ်‌အေမှတ်တမ်းအရ သိရသည်။