Home ထိပ်တန်းသတင်း KNLA ၏ ပစ်ခတ်မှု‌ကြောင့် အစိုးရ စစ်တပ် ၁၃ဦး ထိခိုက်ကျဆုံး

KNLA ၏ ပစ်ခတ်မှု‌ကြောင့် အစိုးရ စစ်တပ် ၁၃ဦး ထိခိုက်ကျဆုံး

1969
‌မေလ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်အား ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)က ပစ်ခတ်တိုက်ခိုက်ရာ အစိုးရစစ်တပ်ဘက်က ၆ဦးကျဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု KNLA ဘက်က ‌ပြောသည်။

ယမန်‌နေ့က မွန်းလွဲ ၂နာရီ‌ကျော်တွင် KNLA (၂၀၁)တပ်ရင်းက အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၅) လက်‌အောက်ခံ ခမရ(၃၇၂)တပ်ရင်းအား ‌ဝေါ်‌လေ‌ဒေသ ‌ဖောမု‌ဘောထာ့‌ကျေးရွာအနီးတွင် မိနစ် ၂၀‌ကျော်ကြာ ဝင်‌ရောက်တိုက်ခိုက်ရာမှ ယခုလို အစိုးရဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်‌ကြောင်း တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

“မ‌နေ့က မွန်းလွဲ ၂နာရီခွဲမှာ ကနဲ‌လေးလှုပ်ရှားတပ် (၃၇၂)တပ်ရင်းကို ‌ဝေါ်‌လေနဲ့ ကနဲ‌လေးကြား ‌ဖောမု‌ဘောထာ့မှာ ကျ‌နော်တို့လူ ‌တွေဝင်ပစ်‌တော့ ရန်သူဘက်က ၆ဦး ‌သေတယ်။ ၇ဦး ဒဏ်ရာရတယ်ဆို‌ပေမယ့် လက်နက်တလက်မှ မရလိုက်ဘူး။ ကျ‌နော်တို့ ဘက်က ထိတာ‌တော့လည်း မရှိဘူး။”ဟု ၎င်းက ‌ပြောသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားရာ‌ဒေသတွင် လွန်ခဲ့သည့် ၆လက နယ်ခြား‌စောင့်တပ်ဖွဲ့စည်း‌ရေးကို ငြင်းဆန်ခဲ့သည့် တိုးတက်‌သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) တပ်မဟာ(၅)နှင့် အစိုးရစစ်တပ်တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲ‌ကြောင့် ‌ထောင်နှင့်ချီ သည့် ‌ဒေသခံရွာသူရွာသားများသည် ထိုင်းနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်‌ပြေးခိုလှုံခဲ့ရသည်။

ယင်းသို့ထွက်‌ပြေးခိုလှုံခဲ့ကြသည့် ‌ဒေသခံရွာသူရွာသားများအနက် တချို့သည် ယခုအချိန်တွင် မိမိ‌နေရပ်ရင်းသို့ ပြန်လည်အ‌ခြေချ ‌နေထိုင်ကြ‌သော်လည်း အချို့မှာ နယ်စပ်တွင်သာ အဆင်‌ပြေသလို ခိုလှုံ‌နေထိုင်‌နေဆဲ ဖြစ်သည်။

မြဝတီမြို့‌တောင်ဘက် မိုင် ၂၀‌ကျော် ကွာ‌ဝေးသည့် ‌ဝေါ်‌လေ‌ဒေသ၌ ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် DKBA တပ်မဟာ (၅)တပ်ဖွဲ့၊ KNLA (၂၀၁)တပ်ရင်းနှင့် အစိုးရစစ်တပ် စကခ(၅)လက်‌အောက်ခံ ခမရ(၅၄၄)၊ ခမရ(၃၇၂) လှုပ်ရှားတပ်ရင်းများနှင့် ခလရ(၅၄၃)၊ ခလရ(၃၁၀) အ‌ခြေစိုက်တပ်များ စခန်းထိုင်လျှက်ရှိသည်။