Home ထိပ်တန်းသတင်း မယ်လစခန်း ပိုးကရင် စာ‌ပေ၊ ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ပြီးစီး

မယ်လစခန်း ပိုးကရင် စာ‌ပေ၊ ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ ပြီးစီး

1895
‌မေလ ၂ရက်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ၁၅ကြိမ်‌မြောက် ပိုးကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲကို စခန်းတွင်း ရှိ သီရိစန္ဒာဘုန်းကြီး‌ကျောင်းတွင် ယ‌နေ့ ကျင်းပပြီးစီးခဲ့သည်။

ပိုးကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(Pwo Karen Literature and Culture Course-PKLCC)က မတ်လ ၂၉ရက်‌နေ့မှစ၍ စတင် သင်ကြားခဲ့သည့် အဆိုပါသင်တန်းဆင်းပွဲတွင် ပရိဿတ်‌ပေါင်း ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်အ‌ပေါ် သင်တန်းတာဝန်ခံ ‌စောမြင့်ထွန်းက “အခုလို ဒုက္ခသည်စခန်းထဲမှာ ‌ရောက်ရှိ‌နေ ထိုင်‌နေရ‌ပေမဲ့ လူမျိုးတမျိုးရဲ့ ဂုဏ်အဂင်္ါဖြစ်တဲ့ စာ‌ပေနဲ့ ယဉ်‌ကျေးမှုကို ‌ဖော်ထုတ်ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်း ကို ပြုလုပ်ရတာပဲဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပိုးကရင်စာ‌ပေသင်တန်းကို ကရင်အမျိုးသမီးအစည်းအရုံး၏ ပညာ‌ရေးကဏ္ဍ‌အောက်မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး သာမ‌ဏေ‌လေး များ အပါအဝင် သင်တန်းသူ သင်တန်းသား ၄၀၀‌ကျော် တက်‌ရောက်သည့်အနက် အရည်အချင်းစစ်‌ဆေးခဲ့ရာ ၂၀၀‌ကျော် ‌အောင်မြင်ခဲ့‌ကြောင်း ‌စောမြင့်ထွန်းက ဆက်၍ ‌ပြောဆိုသည်။

“စာ‌ပေသင်တန်းမှာ စာ‌ရော၊ ယဉ်‌ကျေးမှုကိုပါ စနစ်တကျ သင်ကြား‌ပေးတာ ဖြစ်တယ်။ တကယ်ကြုံဆုံရတဲ့ အခက်အခဲက တချို့မိဘ‌တွေအ‌နေနဲ့ ဒီစာ‌ပေသင်တန်းဟာ အလကားဆိုပြီး ထင်မြင်မှုပါပဲ။ ဒါ ကျ‌နော်တို့အတွက် နားလည်မှုအားနည်း‌သေး တဲ့ အခက်အခဲပါ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ဖြေရှင်း‌ကျော်လွှားနိုင်ခဲ့ပါတယ်။”ဟု သူက ဆိုသည်။

မယ်လဒုက္ခသည်စခန်းတွင် ၁၅ကြိမ်‌မြောက် ပိုးကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲ

အ‌ခြေခံစာမှ စတုတ္ထတန်းအဆင့်ထိ ဆရာ၊ ဆရာမ စုစု‌ပေါင်း ၃ဝဦးဖြင့် သင်ကြားပို့ချခဲ့သည့် ၎င်းစာ‌ပေသင်တန်းဆင်းပွဲတွင် ရိုးရာ‌တေးသီချင်း သီဆို ကခုန်မှုများအပြင် သက်ဆိုင်ရာ အတန်းအလိုက်ဆု၊ စံပြ‌ကျောင်းသူ‌ကျောင်းသားဆုနှင့် ဆရာ၊ ဆရာ မများကိုလည်း ထူးချွန်ဆုများ ‌ပေးအပ်ခဲ့သည်။

မယ်လစခန်းတွင် ပိုးကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုထိန်းသိမ်းရန်အတွက် PKLCC ကို ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့ သည်။