မေလ ၃ရက်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးပွဲတော်မှာ ယနေ့ ၅ရက်မြောက်ပြီဖြစ်သော် လည်း ပွဲတော်အရောင်းဆိုင်ခန်းများ၌ မြန်မာကုန်ပစ္စည်းများ ပါဝင်လာခြင်းမရှိ်သေးကြောင်း ပွဲတော်သွားရောက်ခဲ့ကြသူများက ပြောသည်။
မဲဆောက်မြို့နေ မြန်မာအမျိုးသမီးတစ်ဦးက “မနေ့ညကအထိ ပွဲခင်းထဲသွားတာ တင်ထားပြီး ရောင်းနေတဲ့ ကုန်ပစ္စည်းတွေ အားလုံးဟာ မဲဆောက်၊ ချင်းမိုင်ဘက်က ထွက်တဲ့ပစ္စည်းတွေချည်းပါပဲ။ ဗမာပြည်ပစ္စည်းဆိုလို့ ဘာတစ်ခုမှမတွေ့မိသေးဘူး။” ဟု ဆိုသည်။
၎င်းကုန်သွယ်ရေးပွဲတော်ကို ဧပြီလ ၂၉ရက်မှ စတင် ဖွင့်လှစ်ရောင်းချခြင်းဖြစ်ပြီး လူသုံးကုန် လက်လုပ်ပစ္စည်းများ၊ သစ်သီးယို များ၊ ချည်မျှင်နှင့် ချုပ်လုပ်သော အဝတ်အထည်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ထိုင်းဒေသထွက် အစားအသောက်များ ကို ဈေးနှုန်းမြင့်မားစွာဖြင့် တည်ခင်းရောင်းချလျှက်ရှိသည်။
“ဒီပွဲတော်က ရောင်းသမျှတွေဟာ ဈေးချိုချိုတွေ တစ်ခုမှမပါဘူး။ အကုန်ဈေးကြီးတာချည်းပဲ။ တော်ရုံသာမန်လူတွေ ဘယ်လိုမှ ဝယ်နိုင်မှာ မဟုတ်ဘူး။ အဝတ်အထည်ဆို တစ်ထည်ထဲတင် ဈေးနှုန်းက ဘတ် ၂၀၀လောက်ကနေ ၂,၀၀၀ကျော်အထိ ရှိ တယ်။”ဟု ထိုပွဲတော်တွင် သစ်သီးရောင်းချနေသည့် ထိုင်းဈေးသည်တစ်ဦးက ပြောသည်။
ယခင် မြန်မာစစ်အစိုးရသည် နှစ်နိုင်ငံနယ်ခြားသည့် သောင်ရင်းမြစ် နယ်မြေပိုင်းခြားမှုကို အကြောင်းပြ အငြင်းပွားကာ ချစ် ကြည်ရေးတံတားကို ၂၀၁ဝခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့က စတင်ပိတ်ပစ်ခဲ့ပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ကျဆင်းလာ ခဲ့ရသည်။
လက်ရှိအချိန်ထိမူ နယ်စပ်ချစ်ကြည်ရေးတံတား မည်သည့်နေ့ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို အတိအကျ မသိရသေးသော် လည်း မေလ ၁ဝရက်နေ့တွင် ဖြစ်နိုင်ခြေရှိကြောင်း မြန်မာအာဏာပိုင်များနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

ထို့အပြင် မဲဆောက်မြို့တွင် မကြာမီ တည်ထောင်မည့် အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် ကျွမ်းကျင်သူများ ငှားရမ်းရန် ဘတ် ဂျက်ကို ထိုင်းအစိုးရက အတည်ပြုလိုက်ကြောင်း ဧပြီလ ၁၅ရက်နေ့တွင် ထိုင်းမီဒီယာများက သတင်းများ ထုတ်ပြန်ခဲ့သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း၊ ဘုရားသုံးဆူ-စံခ လဘူရီတို့ထက် မြဝတီ-မဲဆောက်လမ်းမှာ နယ်စပ်ကုန်စည်စီးဆင်းမှု အများဆုံးဖြစ်သည်။


















