Home ထိပ်တန်းသတင်း MKO မှ မ‌လေး‌ရောက် ကရင်လူမျိုး ၃၀၀‌ကျော်ကို ‌ဆေးဝါး၊ ရိက္ခာ ကူညီခဲ့

MKO မှ မ‌လေး‌ရောက် ကရင်လူမျိုး ၃၀၀‌ကျော်ကို ‌ဆေးဝါး၊ ရိက္ခာ ကူညီခဲ့

2051
ဧပြီလ ၂၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မ‌လေးရှား ကရင်အဖွဲ့အစည်း(MKO)၊ ACTS ကျန်းမာ‌ရေးဝန်ထမ်းများနှင့် International Catholic Movement for Intellec-tual and Cultural Affairs-ICMICA တက္ကသိုလ်မှ ‌လေ့လာ‌ရေး ‌ကျောင်းသူ‌ကျောင်းသားများသည် မ‌လေးရှားနိုင်ငံ Pahang ပြည်နယ် Sugai Jalit ‌ဒေသမှ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမား ၃၀၀‌ကျော်ကို ရိက္ခာ၊ အစားအစာ၊ အဝတ်အထည်၊ ‌ဆေးဝါးများ ဧပြီလ ၂၃နှင့် ၂၄ရက်‌နေ့များက သွား‌ရောက်ကူညီခဲ့သည်။

အဆိုပါအဖွဲ့များသည် မြို့ပြ‌ဒေသနှင့် အလှမ်း‌ဝေးသည့် Sugai Jalit ‌တောင်‌ပေါ်‌ဒေသမှ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများ အတွက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ‌ဆေးဝါးကုသမှုနှင့် လုပ်ငန်းတွင် အခက်အခဲများ‌ကြောင့် သွား‌ရောက်ကူညီရခြင်းဖြစ် ‌ကြောင်း MKO ဥက္ကဌ မန်းစိန်သန်းက ယခုလို ‌ပြောသည်။

 

“ကျ‌နော်တို့ ဒီလို သွားကူညီရတာက အထူးသဖြင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေါ့။ သူတို့ကို မ‌လေးရှားအစိုးရက နားလည်မှုနဲ့ ‌နေခွင့်‌ပေးထား‌ပေမဲ့ တရားမဝင် ဖြစ်‌နေ‌သေး‌တော့ အပြင်မှာ သွားလာခွင့် မရှိဘူး။ အပြင်အလုပ်လည်း ထွက်လုပ်ခွင့်မရ‌တော့ ‌တော်‌တော်ဒုက္ခ‌ရောက်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့နဲ့အတူ ACTS ကျန်းမာ‌ရေးဝန်ထမ်းတချို့နဲ့ ဒီအ‌ခြေအ‌နေကို သိချင်တဲ့ IC-MICA ‌ကျောင်းသားတချို့က ‌လေ့လာ‌ရေးအဖြစ် သွားကြတာ။”ဟု သူက ‌ပြောသည်။

MKO အဖွဲ့ဝင် ၅ဦး၊ A Call To Serve-ACTS ဝန်ထမ်း ၄ဦးနှင့် မ‌လေးရှား၊ အင်ဒိုနီးရှား၊ နီ‌ပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဆာဘား နှင့် မြန်မာနိုင်ငံမှ ‌ကျောင်းသူ‌ကျောင်းသား ၈ဦး ပါဝင်သည့် International Catholic Movement for Intellectual and Cultural Affairs-ICMICA အဖွဲ့က ဒုက္ခသည်များကို သွား‌ရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ICMICA မှ ‌ကျောင်းသားလူငယ်များအ‌နေဖြင့် ၎င်းတို့၏ ကွင်းဆင်း‌လေ့လာမှုအ‌ပေါ် လက်‌တွေ့ကျကျ အ‌ကောင်အထည်‌ဖော် နိုင်ရန်အတွက် ဒုက္ခသည်များအား ကူညီပံ့ပိုးနိုင်‌ရေး ကွန်ယက်အဖွဲ့တခု ဖွဲ့စည်း‌ဆောင်ရွက်‌ပေးသွားမည်ဟု ICMICA ‌ခေါင်း ‌ဆောင်ဖြစ်သူ ‌အေဒရင်း(Adrain)က MKO ကို ‌ပြောဆိုသွားခဲ့သည်။

MKO မှ ၎င်း‌ရွှေ့‌ပြောင်းအလုပ်သမားများကို အစားအစာ၊ ‌ဆေးဝါးနှင့် အဝတ်အထည်တို့ကို ၁လတစ်ကြိမ်၊ ၂လတစ်ကြိမ် သို့မ ဟုတ် ၃လ တကြိမ် အလျင်းသင့်သလို သွား‌ရောက်ကူညီ‌ပေးလျှက်ရှိသည်ဟု သိရသည်။

(ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများ ‌ဆေးကုသမှု ခံယူ‌နေစဉ်)

“ဒုက္ခ‌ရောက်‌နေတဲ့ ကျ‌နော်တို့ ကရင်‌တွေကို ဒီလိုကူညီလာတာ ၅နှစ်‌လောက်ရှိပြီ။ သူတို့‌တွေထဲမှာ အမျိုးသားများပြီး အမျိုး သမီးနည်းတယ်။ အဲဒီ‌ဒေသမှာ ‌ကျောင်းမရှိတဲ့အတွက် သူတို့က‌လေး‌တွေ ‌ကျောင်း‌နေနိုင်ဖို့ ကျ‌နော်တို့ MKO အ‌နေနဲ့ တတ်နိုင် သ‌လောက် ပညာသင်ကြား‌ပေးတယ်။ သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ကူညီရင်း UNHCR အကူအညီနဲ့ တတိယနိုင်ငံ ထွက်နိုင်‌အောင် ကြိုးစား‌ပေးချင်တယ်။”ဟု MKO ဥက္ကဌ မန်းစိန်သန်းက ဆက်လက် ‌ပြောဆိုသည်။

 

ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများသည် မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏‌မြောက်ဘက် ၁၂ဝ ကီလိုမီတာ အကွာအ‌ဝေးရှိ မ‌လေးရှားနိုင်ငံ Sugai Jalit ‌ဒေသတွင် ပြီးခဲ့သည့် ၈နှစ်ခန့်ကတည်းက ‌ရောက်ရှိ‌နေကြပြီး ၎င်း‌ဒေသ၏ ပဲ၊ ခရမ်း၊ သခွါး၊ ခရမ်း၊ ခရမ်းချဉ်၊ ငြုပ်၊ ဒူးရင်း၊ ငှက်‌ပျော၊ မုံညှင်း စိုက်ပျိုး‌ရေးလုပ်ငန်းများတွင် လုပ်ကိုင် လျှက်ရှိသည်။