Home ထိပ်တန်းသတင်း ကြိတ်‌ကျေးရွာရှိ အစိုးရစစ်တပ်စခန်းအား ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ဝင်‌ရောက်ပစ်ခတ်

ကြိတ်‌ကျေးရွာရှိ အစိုးရစစ်တပ်စခန်းအား ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ဝင်‌ရောက်ပစ်ခတ်

1857
ဧပြီလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိတ်‌ကျေးရွာရှိ အစိုးရစစ်တပ်စခန်းအား ယမန်‌နေ့ ညတွင် နယ်ခြား‌စောင့်တပ်ကို ငြင်းဆန်‌နေ‌သော တိုးတက်‌သောဗုဒ္စဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့များက ဝင်‌ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယမန်‌နေ့ည ၁ဝနာရီခန့်တွင် ကြိတ်‌ကျေးရွာအနီးတဝိုက်တွင် လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)လက်‌အောက်ခံ တပ်ဖွဲ့ဝင်တချို့သည် ကြိတ်‌ကျေးရွာ အ‌ခြေစိုက်စခန်းရှိ အစိုးရ စစ်တပ်အား လက်နက်ကြီးလက်နက်ငယ်များဖြင့် ‌ရှောင်တခင်ဝင်‌ရောက်ပစ်ခတ်ခြင်းဖြစ် သည်ဟု ကြိတ်ရွာသားတဦးက ‌ပြောသည်။

၎င်းက“ မ‌နေ့ည ၁ဝနာရီအချိန်‌လောက်မှာ ဒီ‌ကေဘီ‌အေ အဖွဲ့ဝင်ပစ်တာဖြစ်တယ်။ ငါးမိနစ်၊ ‌ခြောက် မိနစ် ‌လောက်ပဲကြာမယ်။ ဘယ်သူမှလည်း မထိပါဘူး။ ပစ်ပြီး‌တော့ ထွက်‌ပြေး သွား ကြတာပဲ” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုသို့ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် စခန်းအနီးအနားရှိ ရွာသူရွာသားများသည် လွတ်‌မြောက်ရာ ‌နေရာများသို့ ကစဉ့်ကလျား ထွက်‌ပြေးတိမ်း‌ရှောင်‌ပေးခဲ့ရသည်သလို ယ‌နေ့ညတွင်လည်း ရွာ သားများသည် မိမိတို့‌နေအိမ်တွင် မအိပ်ရဲကြဘဲ လွတ်‌မြောက်ရာ အသိအိမ်များတွင် လိုက် အိပ်‌နေရသည်ဟု အဆိုပါ ကြိတ်ရွာသားက ‌ပြောသည်။

ထိုပစ်ခတ်မှုတွင် ကြိတ်‌ကျေးရွာရှိ အစိုးရစစ်တပ်စခန်းကို ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက မီးရှို့ ပစ်ဖျက်ဆီးပစ်လိုက်သည်ဟု ဒီ‌ကေဘီ‌အေ သတင်းရပ်ကွက်က ဆိုသည်။

ကြိတ်‌ကျေးရွာအ‌ခြေစိုက် တပ်အင်အား ၃၀‌ကျော်ရှိ အဆိုပါ အစိုးရစစ်တပ်အား ယခင်က လည်း ၎င်းဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက လက်နက်ကြီးလက်နက်ငယ်များဖြင့် မကြာခဏဝင် ‌ရောက် ပစ်ခတ်လျှက်ရှိသည်ဟု ရွာသားများက ‌ပြောသည်။