Home ထိပ်တန်းသတင်း တိုက်ပွဲ‌ကြောင့် နအဖတပ်ဖွဲ့ဝင်များ ဆက်တိုက် ထိခိုက်‌သေဆုံးမှုရှိ‌နေ

တိုက်ပွဲ‌ကြောင့် နအဖတပ်ဖွဲ့ဝင်များ ဆက်တိုက် ထိခိုက်‌သေဆုံးမှုရှိ‌နေ

1401
‌ဖေ‌ဖော်ဝါရီလ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)အတွင်း DKBA-KNLA ပူး‌ပေါင်းတပ်ဖြစ်သည့် ကရင်တပ် ဖွဲ့နှင့် နအဖအကြား ‌နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားလျှက်ရှိရာ ယ‌နေ့တိုက်ပွဲတွင် နအဖဘက်မှ ၃ဦး ‌သေဆုံးပြီး ၃ဦး ဒဏ် ရာရရှိခဲ့သည်။

ယ‌နေ့ ‌နေ့လည်အချိန်တွင် မြဝတီမြို့နယ်၊ ကနဲ‌လေးနှင့် ဘုရင့်‌နောင်ကုန်းအကြား၌ ကရင်တပ်ဖွဲ့နှင့် နအဖ စစ်ကွပ်ကဲ‌ရေးဌာန ချုပ်-စကခ(၅) လက်‌အောက်ခံ ခမရ(၅၆၃)တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအ‌ခြေအ‌နေနှင့် ပတ်သက်၍ DKBA တပ် မှူးတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “ဒီမနက် ၁၁နာရီအချိန် ကနဲ‌လေးနဲ့ ဘုရင့်‌နောင်ကုန်းကြားမှာ ကျ‌နော်တို့နဲ့ နအဖတပ် တိုက်ပွဲဖြစ်‌တော့ နအဖဘက်က ၃‌ယောက်‌သေတယ်။ ၁‌ယောက်ဒဏ်ရာရတယ်။ ‌နောက် ည‌နေ ၂း၁၃မိနစ်မှာ ဖလူးနဲ့ ‌ကျောက်ခက်‌ဒေသ ဘလယ့်ဒို့မှာ နအဖ တပ်မ(၂၂)လက်‌အောက်ခံ ခလရ(၂၁၀)တပ်ရင်းက ၂‌ယောက် ‌မြေမြုပ်မိုင်းထိတယ်။ ခင်‌ဇော်ဦးဆိုတဲ့ တပ်ကြပ်ကြီး ၁‌ယောက် ပါတယ်။ ဒီ‌နေ့တိုက်ပွဲမှာ ကျ‌နော်တို့ဘက်က‌တော့ ထိခိုက်မှု တစုံတရာဘာမှမရှိဘူး။ ဘာဖြစ်လဲဆို‌တော့ ကျ‌နော်တို့ သူတို့ရဲ့အ လစ်ကို ရုတ်တရက်တိုက်ပြီး ‌ရှောင်ထွက်တာပဲ။” ဟု ‌ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်‌ဒေသတွင် လူထု‌နေထိုင်သည့် ‌နေရာနှင့် ‌ဝေးသဖြင့် လူထု ထိခိုက်မှုမရှိသလို ထွက်‌ပြေးတိမ်း‌ရှောင်ရခြင်း လည်း မရှိ‌ပေ။

ယခုလ ၂၄ရက်‌နေ့၌လည်း KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ရှိ ကနဲ‌လေးဂွင် ဖို့ခဲတဒို့နှင့် ခီးကု‌ဒေါ့်ခီးဂွင် ‌ဖောမု‌ဘောထာ့ ‌နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်ရင်းတို့အကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၁ဝဦး‌ကျော် ထိ ခိုက်‌သေဆုံးခဲ့သည်။