Home ထိပ်တန်းသတင်း ပစ်ခတ်မှု‌ကြောင့် လူထု ၁,၀၀ဝ ‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ရ

ပစ်ခတ်မှု‌ကြောင့် လူထု ၁,၀၀ဝ ‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ရ

1558
‌ဖေ‌ဖော်ဝါရီလ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် လှုပ်ရှား‌နေသည့် အစိုးရစစ်တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ‌ကျေးရွာအတွင်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ရွာသူရွာသား ၁,၀၀၀‌ကျော် ‌တော‌တောင်ထဲသို့ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့ညအချိန်တွင် အစိုးရစစ်တပ် စကခ (၁၀)လက်‌အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်ရှိ တယ်ဘိုးပ‌လောဂွင်မှ ‌ကျေးရွာ (၇)ရွာကို အ‌ကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များ ‌မြောက်များစွာဖြင့် လှမ်း၍ ပစ်ခတ်ခဲ့သည့်အတွက်‌ကြောင့် ‌ဒေသခံရွာသူရွာသားများသည် နီးစပ်ရာ ‌တောင်‌တောင်ကြားတွင် ယ‌နေ့အချိန်ထိ ထွက်‌ပြေးပုန်း‌အောင်း‌နေရဆဲဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) သစ်‌တော‌ရေးရာ တာဝန်ခံတီး‌ဝေါ်က ‌ပြောသည်။

၎င်းက “အပစ်ခံရတဲ့ရွာ‌တွေက‌တော့ ‌စော်ကဲ့ဒဲ၊ လယ်ကလားပယ်ခို၊ ထီးမူးထာ၊ ‌ဟော်လာထာ၊ ပလာ့‌လော်တယ်၊ ထီးမီး‌တော် ရွာ‌တွေဖြစ်တယ်။ ညအချိန်မ‌တော် လှမ်းပစ်ခတ်တဲ့အချိန်ကျ‌တော့ ရွာသား‌တွေဟာ ဝတ်တထည် ကိုယ်တခုနဲ့ ‌တောထဲကို ထွက်‌ပြေးပုန်း‌ရှောင်‌နေခဲ့တာ ဒီက‌နေ့အထိပဲ။”ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် ‌နောက်‌နေ့မနက် ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့ ၇နာရီခန့်တွင် ၎င်းတို့ ပစ်ခတ်ခဲ့သည့် ‌ကျေး ရွာများအတွင်း ဝင်‌ရောက်လာကာ ရွာသားများပိုင်ဆိုင်သည့် ကြက်၊ ဝက်၊ ဘဲ များကို ဖမ်းယူစား‌သောက်ပစ်သည့်အပြင် လူ‌နေ အိမ်တချို့နှင့် စပါးကျီတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)က ‌ပြောသည်။

လက်ရှိ ‌တောထဲတွင် ထွက်‌ပြေးတိမ်းပုန်း‌အောင်း‌နေရသည့် ၎င်းရွာသူရွာသားများကို ကရင်လူမှုကယ်ဆယ်‌ရေးအဖွဲ့များက စားနပ်ရိက္ခာနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ ‌ထောက့်ပံ့ကူညီ‌ပေးလျှက်ရှိသည်ဟု မြန်မာပြည်လွတ်‌မြောက်‌ရေးအဖွဲ့(FBR) မှ အဖွဲ့ဝင်တဦးက ‌ပြောသည်။