Home ထိပ်တန်းသတင်း ကရင်ပြည်သူ ၈‌သောင်း‌ကျော် မစ္စတာဘန်ကီမွန်းထံ ‌မေတ္တာရပ်ခံ

ကရင်ပြည်သူ ၈‌သောင်း‌ကျော် မစ္စတာဘန်ကီမွန်းထံ ‌မေတ္တာရပ်ခံ

1512
‌ဖေ‌ဖော်ဝါရီလ ၂၈ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ဗမာပြည်ရှိ ပြည်တွင်းတိုက်ခိုက်မှုများ ရပ်ဆိုင်း‌ရေးအတွက် ကူညီ‌ဖြေရှင်း‌ပေးရန် ကရင်ပြည်သူလူထု ၈၄,၀၀ဝဦးက လက်မှတ် ‌ရေးထိုးကာ ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ‌မေတ္တာရပ်ခံသည့် ပန်ကြားလွှာတစ်‌စောင် ‌ပေးပို့ခဲ့ကြသည်။

အသက် ၁၆နှစ်မှ ၁၀၃နှစ်အရွယ် ရွာသူရွာသားများ ပါဝင်သည့် ၎င်းပန်ကြားလွှာကို ‌ဒေသခံ‌ခေါင်း‌ဆောင်များက ၂၀၁ဝခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း စု‌ဆောင်းရယူခဲ့ပြီး အဆိုပါ ကရင်ပြည်သူများ၏ ‌မေတ္တာရပ်ခံချက်အရ ပြည်တွင်း ပြည်ပရှိ ကရင်လူမှုအသိုင်းအဝိုင်း ‌ခေါင်း‌ဆောင်များနှင့် ပူး‌ပေါင်းကာ ကရင်အမျိုးသားအစည်းအရုံး(KNU)က လူထုကိုယ်စား မစ္စတာဘန်ကီမွန်းထံသို့ ‌ပေးပို့တင်ပြခဲ့ခြင်း ဖြစ်သည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ဒီစု‌ဆောင်းရယူထားတဲ့ လူထု‌တွေရဲ့ လက်မှတ်‌တွေကို Scan ဖတ်ယူထားတဲ့ ဖိုင်လ်နဲ့ ‌ကေအဲန်ယူအတွင်း‌ရေးမှူးရဲ့ ‌ပေးစာကို စီဒီထဲမှာထည့်ပြီး ‌ကေအဲန်ယူကိုယ်စားလှယ် ‌နော်ထူး‌ဖောနဲ့ ‌စောစတီဗင်ဒွန်းက နယူး‌ယော့ခ်မြို့က ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ်ရဲ့ ရုံးခန်းမှာ သွားပို့‌ပေးတာပါ။ ကျမတို့က လူထု‌တွေရဲ့ ‌တောင်းဆိုချက်အရ လုပ်‌ဆောင်‌ပေးရတာဖြစ်သလို ဗမာပြည်နဲ့ အခြားနိုင်ငံ ၁၅နိုင်ငံက ကရင်လူမှုအဖွဲ့အစည်း ၃၁ဖွဲ့က လည်း ပံ့ပိုးကူညီ‌ပေးကြပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ ဘန်ကီမွန်းထံ လက်မှတ်‌ရေးထိုး တင်ပြသည့် ခရိုင် ၇ခုစလုံးမှ ကရင်ပြည်သူများသည် နအဖစစ်တပ်၏ အဓမ္မ လုပ် အား‌ပေးခံရခြင်း၊ လုယက်ခြိမ်း‌ခြောက်ခံရခြင်း၊ အိုးအိမ်လယ်ယာ ဖျက်ဆီး ‌ပြောင်း‌ရွှေ့ခံရခြင်း၊ အ‌ကြောင်းမဲ့ အသတ်ခံရခြင်းအ ပြင် အမျိုးသမီးနှင့် က‌လေးသူငယ်များမှာ မတရား နှိပ်စက် အဓမ္မပြုကျင့်ခံရခြင်းများကို ဆယ်စုနှစ်များစွာ ခံစားရသူများဖြစ်ကြ သည်။ ၎င်းအပြင် ဗမာပြည်အ‌ရှေ့ပိုင်းမှ ကရင်‌ကျေးရွာ‌ပေါင်း ၃,၆၀၀‌ကျော်မှာ ပြီးခဲ့သည့် ၁၅နှစ်အတွင်း ဖျက်ဆီးခံရပြီး ပျှမ်းမျှ အားဖြင့် တပတ်လျှင် ၄ရွာနှုန်း ဖြစ်သည်ဟု သိရသည်။

၂၀၁ဝခုနှစ် နိုဝင်ဘာ‌ရွေး‌ကောက်ပွဲ မတိုင်ခင်ကာလ ‌ကေအဲန်ယူ၏ စစ်တမ်း‌ကောက်ယူချက်အရ ကရင်ပြည်နယ်အတွင်း၌ အရပ်သား ၁၈ဦး အသတ်ခံရပြီး ၃၈ဦး ညှင်းပမ်းနှိပ်စက်ခံရကာ ၅၂ဦး ဖမ်းဆီးခံရသည့်အပြင် ၂,၃၃၆ဦးမှာ အဓမ္မခိုင်း‌စေခံရ သည်ဟု မစ္စတာဘန်ကီမွန်းထံ ‌ပေးပို့သည့် ပန်ကြားလွှာထဲတွင် ‌ရေးသား‌ဖော်ပြထားသည်။

လက်ရှိအ‌ခြေအ‌နေတွင် ကရင်ပြည်နယ်အတွင်းရှိ ဖာပွန်၊ ဒူးပလာယာခရိုင် အပါအဝင် စစ်အစိုးရ လွှတ်‌တော်အစည်းအ‌ဝေး ကျင်းပသည့် ‌နေပြည်‌တော်နှင့် နီးစပ်‌သော ‌တောင်ငူ၊ ‌ညောင်‌လေးပင်‌ဒေသများ၌လည်း စစ်တပ်က အရပ်သားများကို ပစ်မှတ် ထားကာ စစ်လက်နက်ခဲယမ်း သယ်‌ဆောင်ခိုင်းခြင်းများ၊ လူထု၏ ကား၊ ‌လှေ၊ လှည်းများကို ယူ‌ဆောင်အသုံးပြုမှုများ ရှိ‌နေ ‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

‌ကေအဲန်ယူသည် ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံ၊ ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ၊ ဥ‌ရောပသမဂ္ဂ၊ အ‌မေရိကန်နှင့် အခြားနိုင်ငံ များ အကြံပြုခဲ့သည့်အတိုင်း သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးပြုလုပ်ရန် စစ်အစိုးရအား ‌တောင်းဆိုခဲ့‌သော်လည်း စစ်အုပ်စုမှာ အရပ်သားများကိုသာ ပစ်မှတ်ထား ဆက်လက် တိုက်ခိုက်‌နေခဲ့သည့်အတွက် ကုလသမဂ္ဂ အတွင်း‌ရေးမှူးချုပ်အ‌နေဖြင့် ကမ္ဘာ့ နိုင်ငံများမှ အစိုးရများနှင့် ပူး‌ပေါင်းကာ အပစ်ခတ်ရပ်စဲ‌ရေး၊ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမှသည် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ဒီမိုက‌ရေစီ ‌ဖော်‌ဆောင်နိုင်‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်‌ပေးရန် လိုအပ်‌နေ‌ကြောင်း ‌နော်စီဖိုးရာစိန်က ဆိုသည်။

“တကယ်‌တော့ ဒီအ‌ခြေအ‌နေ‌တွေ အားလုံးဟာ နှစ်‌ပေါင်းများစွာ တကယ်ဖြစ်ပျက်‌နေတာ‌တွေ အမှန်ချည်းပါပဲ။ ‌ကေအဲန်ယူအ ‌နေနဲ့ အခုလို ပန်ကြားလွှာ ‌ပေးပို့‌ပေးရတာကလည်း ကုလသမဂ္ဂ အတွင်း‌ရေးမှူးအ‌နေနဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စစ် အစိုးရက ကရင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသား‌ဒေသ‌တွေက လူမျိုးစုအရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်‌နေတာ‌တွေ ရပ်စဲ သွား‌အောင် ဖိအား‌ပေးဖို့ လိုအပ်‌နေပြီလို့ ‌ပြောချင်ပါတယ်။”ဟု ‌နော်စီဖိုးရာစိန်က ဆိုသည်။

အလားတူ ယ‌နေ့တစ်ရက်တည်းတွင် အဂင်္လန်နှင့် ဩစ‌တြေးလျားနိုင်ငံများမှ ကရင်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ နိုင်ငံများ၏ ဝန်ကြီးချုပ်များရုံးသို့ အဆိုပါလက်မှတ်‌ရေးထိုးထားသည့် စီဒီမိတ္တူများကို သွား‌ရောက်‌ပေးပို့ခဲ့ကြသည်ဟု သိရ သည်။

ယခုလို ‌ကေအဲန်ယူအ‌နေဖြင့် လူထု၏‌တောင်းဆိုချက်ဖြင့် ပြည်တွင်းပြည်ပမှ ကရင်လူမှုအသိုင်းအဝိုင်း၏ ‌ထောက်ခံပံ့ပိုးမှုဖြင့် ကုလသမဂ္ဂထံ ပန်ကြားလွှာ‌ပေးပို့မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။