Home ထိပ်တန်းသတင်း မြဝတီ‌ဆေးရုံအုပ်က ဝန်ထမ်းများကို မဲကိစ္စ စည်း‌ဝေး‌ခေါ်ယူ

မြဝတီ‌ဆေးရုံအုပ်က ဝန်ထမ်းများကို မဲကိစ္စ စည်း‌ဝေး‌ခေါ်ယူ

1370
နိုဝင်ဘာလ ၄ရက်။ ‌ကေအိုင်စီ

မြဝတီမြို့နယ် ‌ဆေးရုံအုပ်သည် ယ‌နေ့မနက်တွင် ‌ဆေးရုံဝန်ထမ်းများအား ‌ခေါ်ယူ‌တွေ့ဆုံကာ မဲ‌ပေးရမည့် ကိစ္စနှင့် ပတ်သက် ၍ ရှင်းလင်း‌ပြောကြားခဲ့သည်ဟုလည်း မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“‌ဆေးရုံအုပ်က ဝန်ထမ်း‌တွေကို ဒီ‌နေ့မနက်မှာ အစည်းအ‌ဝေး‌ခေါ်တယ်။ မဲ‌ပေးမဲ့ကိစ္စ ‌ခေါ်‌ပြောတာပဲ‌လေ။ ‌ဆေးရုံဝန်ထမ်း အ များစုကလည်း ကရင်လူမျိုး‌တွေဆို‌တော့ ‌ဆေးရုံအုပ်က ကရင်‌တွေကို ‌ဘောလုံးကွင်းမှာ မဲသွားထည့်ရမယ်။ ကျန်လူမျိုး‌တွေက အထက်တန်း‌ကျောင်းမှာ မဲသွားထည့်ရမယ်လို့‌ပြောတယ်။”ဟု အဆိုပါမြို့ခံက ဆိုသည်။

အဆိုပါ‌ဆေးရုံအုပ်သည် ယခင်ရက်များက မယက၊ ရယက များနှင့် သွား‌ရောက်စည်း‌ဝေးခဲ့ပြီး‌နောက် ‌ဆေးရုံဝန်ထမ်းများအား ကြံ့ဖွံ့ပါတီမှ ဦးသံတိုင်နှင့် ဖလုံ-စ‌ဝေါ်ပါတီမှ ဦးမန်း‌အောင်ပြည်စိုးတို့ ဝင်အ‌ရွေးခံမည်ဟု ရှင်းပြခဲ့‌ကြောင်း သိရသည်။

သို့‌သော် ဝန်ထမ်းအများစုမှာ ၎င်းလွှတ်‌တော်ကိုယ်စားလှယ်နှစ်ဦးစလုံးကို နှစ်သက်မှုမရှိ၍ မဲမထည့်လို‌ကြောင်း ‌ဆေးရုံဝန်ထမ်း များက ‌ပြောဆို‌နေကြသည်။

အလားတူ မကြာခင် ကျင်းပ‌တော့မည့် ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်သည့်အ‌နေဖြင့် မြဝတီမြို့ရှိ စာသင်‌ကျောင်းများကို ယ‌နေ့မှစ၍ မဲထည့်သည့်‌နေ့အထိ ပိတ်ထားလိုက်ပြီဖြစ်‌ကြောင်း သိရသည်။

အလယ်တန်း‌ကျောင်းသားမိဘတစ်ဦးက “ကျမသမီးက မြဝတီ အထက်တန်း‌ကျောင်းမှာ တက်တယ်‌လေ။ ဒီ‌နေ့‌တော့ က‌လေး ‌တွေကို ‌ကျောင်းက ‌နေ့ခင်းမှာ လွှတ်‌ပေးလိုက်ပြီး လာမဲ့ တနဂင်္‌နွေ‌နေ့အထိ ‌ကျောင်းပိတ်လိုက်ပြီးလို့ ပြန်လာ‌ပြောတယ်။”ဟု ဆို သည်။