Home ထိပ်တန်းသတင်း မဲရုံ‌ဆောက်ရန် ဝါး၊ ‌ငွေနှင့် လုပ်အားပါ ‌ပေး‌နေရ

မဲရုံ‌ဆောက်ရန် ဝါး၊ ‌ငွေနှင့် လုပ်အားပါ ‌ပေး‌နေရ

2619
နိုဝင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဧရာဝတီတိုင်း ပန်းတ‌နော်မြို့နယ် မဲဆန္ဒနယ်‌မြေ အမှတ်(၁)တွင် နိုဝင်ဘာလ ၂ရက်‌နေ့က ‌ဆောက်လုပ်ပြီးစီးခဲ့သည့် မဲရုံတရုံအ တွက် ‌ဒေသခံများက တအိမ်လျှင် ဝါးလုံး ၂လုံးစီ‌ပေးခဲ့ရပြီး လုပ်အားပါ ပါဝင်ခဲ့ရသည်ဟု သိရသည်။

အဆိုပါ မဲဆန္ဒနယ်‌မြေမှ ကိုရီက “အမှတ်(၁)မဲဆန္ဒနယ်ထဲမှာ ‌ဆောက်ပြီးသွားတဲ့ မဲရုံအတွက် ရွာသား‌တွေက တအိမ်ကို ဝါးနက် ဝါး ၂‌ချောင်း။ ပျမ်းမျှခြင်းတန်ဘိုးက ပိုက်ဆံ ၆၀၀‌လောက်ရှိတာ‌ပေါ့။ ဝါးနှစ်‌ချောင်းမ‌ပေးနိုင်ရင် ပိုက်ဆံ ၆၀၀‌ပေး‌ပေါ့။ ပိုက်ဆံပါ မ‌ပေးနိုင်တဲ့သူက‌တော့ လူကိုယ်တိုင် လုပ်အား‌ပေးလိုက်ရတယ်‌လေ။”ဟု ဆိုသည်။

ထိုသို့‌ကောက်ခံသူများမှာ လက်ရှိ ‌ကျေးရွာ ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ(ရယက) လူကြီးများဖြစ်ပြီး ၎င်းတို့၏အ မိန့်ဖြင့် ဆယ်အိမ်မှူးများကို လိုက်လံ‌ကောက်ခံခိုင်းခဲ့‌ကြောင်း သိရသည်။

“လက်ရှိက‌တော့ ရယယက အာဏာအရှိဆုံး‌လေ။ အဲဒီ ရယက‌တွေရဲ့ အမိန့်နဲ့ ဆယ်အိမ်မှူး‌တွေကို လိုက်‌ကောက်ခိုင်းခဲ့တာ ‌ပေါ့။ ရွာသား‌တွေက‌တော့ တာဝန်‌ကျေ လိုက်လုပ်လိုက်‌ရော‌ပေးတာပဲ ရှိတယ်။”ဟု ရွာသားတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်တွင် မဲဆန္ဒနယ်‌မြေနှစ်ခုရှိသည့်အနက် အမှတ်(၁)မဲဆန္ဒနယ်‌မြေ၌သာ မဲရုံတရုံကို ‌ဆောက် လုပ်ပြီးစီးခဲ့ပြီး ကျန်‌နေရာများတွင် မဲရုံ‌ဆောက်လုပ်မည့် အလားအလာ မရှိ‌တော့ဘဲ စာသင်‌ကျောင်းများကိုသာ မဲရုံအဖြစ် အသုံး ပြုသွားမည်ဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ယခု ‌ဆောက်လုပ်ပြီးခဲ့သည့် မဲရုံမှာ ပန်းတ‌နော်မြို့‌တောင်ဘက် ရန်ကုန်-ဝါးခယ်မကားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိသည်။

၎င်းအပြင် မဲရုံတရုံလျှင် မဲ‌ကော်မရှင် ၇ဦးသတ်မှတ်ထားပြီး အ‌တော်များများမှာ လက်ရှိ အာဏာပိုင်များက ‌ရွေးချယ်ထားပြီးသူ များဖြစ်‌ကြောင်း ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “အုပ်စုလိုက် ‌ကော်မရှင်မှာက ၇ဦးဆိုရင် သူတို့လူ ၆ဦး‌လောက် ထည့်ထားတာ။ သူတို့ လိုချင်သလို သုံးလို့ရမဲ့သူ‌တွေ ‌လေ။ ကျန်တဲ့တ‌ယောက်က ဟိုဘက်ဒီဘက် ဘက်မလိုက်တဲ့ အမှန်အကန် လူတစ်‌ယောက်ကို ကြားညှပ်ထားတယ်။ အဲဒီ သ‌ဘော။ ဒါက အများ‌ရှေ့မှာ ရုပ်ပြသ‌ဘော‌ပေါ့။”ဟု ‌ပြောသည်။