Home ဆောင်းပါး ဒုက္ခသည်စခန်းထဲက ကမ္ဘာ့ဖလားသံများ

ဒုက္ခသည်စခန်းထဲက ကမ္ဘာ့ဖလားသံများ

1896
ဇူလိုင်လ ၁၂ရက်။ ‌ခေါင်ဆူလိုင့် (‌ကေအိုင်စီ)

ကမ္ဘာ့‌ဘောလုံးအဖွဲ့ချုပ် (FIFA)က ဦးစီးကာ ‌တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁ဝခုနှစ်၊ ကမ္ဘာ့ဖလား ‌ဘော လုံးပွဲ၏ ‌နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်နိုင်ငံက ကမ္ဘာ့ဖလား ‌ဘောလုံးချန်ပီယံဆုကို ဆွတ်ခူးရရှိရင်း ပြီးဆုံးသွားပြီဖြစ်သည်။

ဇူလိုင်လ ၁၂ရက်‌နေ့၊ မြန်မာစံ‌တော်ချိန် မနက် ၁နာရီအချိန်တွင် ‌နောက်ဆုံးဗိုလ်လုပွဲကို တက်လာခဲ့သည့် နယ်သာလန်နှင့် စပိန်နိုင်ငံအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားလာခဲ့ရာ အချိန်ပို ဒုတိယပိုင်းမပြီးဆုံးခင် ၃မိနစ်အလို၌ စပိန်အသင်းက နယ်သာလန်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ၆၂မိနစ်တွင် နယ်သာလန်အသင်း၏ ‌ကျောနံပါတ်(၁၁) ‌ဘော်လုံးသမား‌ရော်ဘင်သည် စပိန်ဂိုးသမားနှင့် တစ် ‌ယောက်ချင်းအ‌တွေ့တွင် အပိုင်ဂိုးကို ကန်သွင်းခဲ့‌သော်လည်း ‌ဘော်လုံးမှာ ဂိုးသမား၏ ညာဘက်‌ခြေ‌ထောက်နှင့် ထိမိသည့်အ တွက် ဂိုးမရရှိဘဲ ကမ္ဘာ့ဖလားနှင့် လွဲ‌ချော်ခဲ့ရသည်။

ယခုနှစ် ကမ္ဘာ့ဖလား ‌ဘောလုံးပွဲ စတင်ကတည်းက ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများ စိတ်ဝင်တစား ကြည့်ရှုအား‌ပေးလာခဲ့သလို သတင်းဌာနအသီးသီးကလည်း အဆိုပါ‌ဘောလုံးသတင်းကို မပြတ်တမ်း ထုတ်လွှင့်တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၌လည်း အမျိုးသားများအပြင် အမျိုးသမီးနှင့် က‌လေးများပါမကျန် ကြည့်ရှုအား‌ပေးလာကြ‌ကြောင်းလည်း ပြည်တွင်း ပြည်ပရှိ မြန်မာ့သတင်းမီဒီယာများတွင်လည်း ‌ရေးသား‌ဖော်ပြခဲ့ကြသည်။

ယင်းသို့ ပြည်တွင်းပြည်ပ ‌ဘောလုံးပရိဿတ်များထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကလည်း ပွဲစတင်ခဲ့သည့်အချိန်မှစ၍ ဗိုလ်လုပွဲ ပြီးဆုံးသည်အထိ စိတ်ပါဝင်စားစွာ အဆက်မပြတ် ကြည့်ရှုအား‌ပေးခဲ့ကြသည်။

ဒုက္ခသည်စခန်းများတွင် ကမ္ဘာ့ဖလား ‌ဘောလုံးပွဲကို စခန်းတစ်ခုလုံးနီးပါး စိတ်ဝင်စားကြ‌ကြောင်းကို မယ်လဒုက္ခသည်စခန်းမှ ကမ္ဘာ့ဖလားပွဲကို မပြတ်တမ်း ကြည့်ရှုအား‌ပေးခဲ့သူ ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောအယ်ထီး‌ကော်က ယခုလို ‌ပြောပြသည်။

“စခန်းထဲမှာ‌တော့ ‌ဘောလုံးပွဲကို စိတ်ဝင်စားမှုက အမျိုးသမီး‌တွေထက်စာရင် အမျိုးသား‌တွေ ပိုများပါတယ်။ စခန်းတစ်ခုလုံးနီး ပါးပဲ။ ဒီအမျိုးသား‌တွေထဲမှာ‌တောင် လူငယ်ပိုင်းက အ‌ရေအတွက် ပိုပြီးများတယ်လို့ ‌ပြောနိုင်တာ‌ပေါ့။”ဟု သူက ‌ပြောသည်။

ဇုံစီ ရပ်ကွက်(၂)မှ ‌ဘောလုံးဝါသနာရှင် ‌နော်ဝါးဝါးက “‌ဘောလုံးပွဲရှိတဲ့ည‌တွေဆို စခန်းထဲက လူ‌တွေက နီးစပ်ရာအိမ်‌တွေမှာ လိုက်ကြည့်ဖို့ လမ်းသွယ်‌တွေက‌နေ သွားလာကြ‌တော့ ‌ခွေး‌ဟောင်သံ‌တွေက ဆူညံ‌နေတာပဲ။ ‌နောက်ပြီး ဂိုးသွင်းလိုက်ပြီဆိုရင် ဂိုး ဆိုပြီး ထ‌အော်ကြတာ ညဘက်မှာ အကျယ်ကြီးပဲ။ မကြည့်တဲ့သူ‌တွေက‌တော့ နားလည်‌ပေးထားရတာ‌ပေါ့။”ဟု ဆိုသည်။

ဒုက္ခသည်စခန်းအတွင်း ‌ဘောလုံးပွဲကို သာမန်ကြည့်ရှုကြသူများရှိသလို မိသားစုအတွင်း၌ဖြစ်‌စေ၊ မိတ်‌ဆွေသူငယ်ချင်း အချင်း ချင်းဖြစ်‌စေ အ‌ပျော်တမ်းအ‌လောင်းအစားများကိုလည်း စိတ်ထွက်‌ပေါက်အဖြစ် လုပ်‌ဆောင်မှုများလည်းရှိ‌ကြောင်း စခန်းတွင်း ‌နေထိုင်သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

“ကျမတို့လင်မယားဆို နှိုးစက်‌ပေးလို့တမျိုး၊ ‌ကော်ဖီ‌သောက်ပြီး အိပ်မငိုက်‌အောင် မပြတ်တမ်းကြည့်ပြီး ပွဲတိုင်း ‌လောင်းကြတာ။ ‌တောက်‌လျှောက် ‌လောင်းလာလိုက်တာ ‌နောက်ဆုံးဗိုလ်လုပွဲကျမှပဲ ကျမ နိုင်‌တော့တယ်။ ‌လောင်းတာကလည်း ‌ပြောရရင် ရီစရာဖြစ်မယ်။ ငါနိုင်ရင် နင် ငါနဲ့ ငါးရက် လာမအိပ်နဲ့ အဲသလို‌ပေါ့။”ဟု သူမက ရယ်‌မောကာ ‌ပြောသည်။

တချို့ဒုက္ခသည်များသည် ညဦးပိုင်းကတည်းက လက်ဖက်ရည်ဆိုင်တွင် ‌ဘောလုံးပွဲလာသည်အထိ ‌စောင့်ဆိုင်း‌နေကြပြီး ‌ဘော လုံးပွဲပြီးမှ မနက်စာစားပြီး အိမ်ပြန်လာကြသူများရှိသလို အချို့မှာ ‌ဘောလုံးပွဲကြည့်သည့်အိမ်၌ ‌ခေါက်ဆွဲ‌ကြော် စုစားကြပြီး ‌ဘောလုံးပွဲလာသည်အထိ ‌စောင့်ကြည့်အား‌ပေးကြသည်။

လူငယ်တဦးက “‌ဘောလုံးပွဲတိုင်းကို ‌စောင့်‌စောင့်ကြည့်‌နေရလို့ လူက အ‌တော်‌လေး‌တောင် ပိန်သွားသလိုပဲ။ ဒါကလည်း စခန်း ထဲမှာ‌နေရတဲ့ စိတ်ထွက်‌ပေါက်တခု‌ပေါ့‌လေ။ ကိုယ်အား‌ပေးတဲ့အသင်းက ဂိုးသွင်းလိုက်ရင် ‘ဂိုး’လို့ ‌အော်လိုက်ရတာ အ‌တော် ‌ကျေနပ်တယ်။ နိုင်တဲ့သူကို မနက်ကျရင် လက်ဖက်ရည်တစ်ဝိုင်းစာ စားလိုက်ရတာတို့၊ ‌ဈေး‌နေ့မှာ ဝက်သား၊ အမဲသား တစ်ကီ လို ဝယ်‌ပေးရတာတို့ အဲလိုမျိုး‌လောက်ပဲ ‌လောင်းကြပါတယ်။”ဟု ‌ပြောသည်။

မယ်လစခန်းတွင် ဒုက္ခသည်များသာမက ‌အော‌ဆော် ‌ခေါ် ထိုင်းလုံခြုံ‌ရေးအဖွဲ့များပါမကျန် စပိန်ပရိဿတ် ဖြစ်ခဲ့ကြ‌သော်လည်း အုန်းဖျန်စခန်းတွင်မူ ပွဲစဉ်အလယ်ပိုင်းက ဂျာမဏီ၊ ဘရာဇီးလ်၊ အာဂျင်တီးနားနှင့် စပိန်အသင်းများကို လူကြိုက်များပြီး ယခု ‌နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်နှင့် နယ်သာလန်ကို ထက်ဝက်စီခန့် အား‌ပေးခဲ့ကြသည် စခန်းတွင်း ‌နေထိုင်သူတစ်ဦးက ‌ပြော သည်။

အသက် ၅၀‌ကျော်အရွယ်ရှိ အုန်းဖျန်ဒုက္ခသည် ဦး‌အောင်‌ကျော်မြင့်က “အုန်းဖျန်မှာ‌တော့ စပိန်နဲ့ နယ်သာလန်ကို ဆတူပါပဲ။ ကျ‌နော်က‌တော့ ‌ဘောလုံးပွဲဆို အရူးအမူး‌လေ။ အိမ်နီးချင်း‌တွေက ကျ‌နော့်အိမ်မှာ လာကြည့်ကြတယ်။ တခါကြည့် တစ် ‌ယောက် ငါးဘတ်‌ပေါ့။ များ‌သောအားဖြင့် အမျိုးသား‌တွေ များပါတယ်။ အမျိုးသမီး‌တွေက သူတို့ ‌ယောက်ျားလာ‌တော့ အိမ်မှာမ ‌နေရဲလို့ လိုက်လာကြတာ။ မိုးကလည်းရွာ‌တော့ ‌ဝေး‌ဝေးသွားမကြည့်ကြဘူး။”ဟု ‌ပြောသည်။

ပုံမှန်အတိုင်းဆိုလျှင် ‌လေးနှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့ဖလား ‌ဘော်လုံးပွဲတွင် အများဆုံးချန်ပီယံအဖြစ် ဘရာဇီးလ်နိုင်ငံက ၅ကြိမ်ရရှိပြီး အီတလီနိုင်ငံက ၄ကြိမ်၊ ဂျာမဏီနိုင်ငံက ၃ကြိမ်၊ အာဂျင်တီးနားနှင့် ဥရု‌ဂွေးက ၂ကြိမ်စီ၊ အဂင်္လန်နှင့် ပြင်သစ်က ၁ကြိမ်စီ ဆုရရှိခဲ့ပြီး စပိန်နိုင်ငံ ‌ဘောလုံးအသင်းမှာ ကမ္ဘာ့ဖလား၏ ၈သင်း‌မြောက် ချန်ပီယံအဖြစ် ယခုနှစ်တွင် ရရှိခဲ့သည်။

ကမ္ဘာ့ဖလားပွဲကို ၁၉၃ဝ ခုနှစ်တွင် ဥရု‌ဂွေးနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် ၁၉ကြိမ်‌မြောက်ရှိသွားပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၆ခုနှစ် ၁၈ကြိမ်‌မြောက် ကမ္ဘာ့ဖလားပွဲတွင် အီတလီနိုင်ငံရရှိပြီး ၁၇ကြိမ်‌မြောက်တွင်မူ ဘရာဇီးလ်နိုင်ငံ ရရှိခဲ့‌သော်လည်း အာရှနိုင်ငံအသင်းများမှာ အကြိုဗိုလ်လုပွဲအထိသာ တက်‌ရောက်နိုင်ခဲ့ကြသည်။

ယခုနှစ်တွင်လည်း အာရှနိုင်ငံများအဖြစ် ‌တောင်ကိုရီးယား၊ ‌မြောက်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အပြင် ဩစ‌တြေးလျားနိုင်ငံ လည်း ပါဝင်လာပြီး ဂျပန်အသင်းတစ်ခုသာ ပါရာ‌ဂွေးနိုင်ငံအသင်းနှင့် ရှုံးထွက်ပွဲတွင် ‌နောက်ဆုံးကျန်ရစ်ခဲ့ပြီး အကြိုဗိုလ်လုပွဲပင် မ‌ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။

“ကွာတားဖိုင်နယ်လ်မှာ အာရှနိုင်ငံ‌တွေ၊ လက်တင်အ‌မေရိကား‌တွေအ‌နေနဲ့ Record မကျန်ဖူး‌တော့ ကျန်‌စေချင်တယ်‌လေ။ ‌နောက်ဆုံးအာရှအသင်းအ‌နေနဲ့ ဂျပန်ကျန်ခဲ့တဲ့ပွဲစဉ်မှာ အား‌ပေးလိုက်ရတာဗျာ။ ဂျပန်ကလည်း အစွမ်းကုန် ကြိုးစား‌ပေမဲ့ ပဲန် နယ်တီမှာ ရှုံးသွားတာ အရမ်းဝမ်းနည်းသွားတယ်။ ကံပဲ‌ပေါ့‌လေ။”ဟု ဦး‌အောင်‌ကျော်မြင့်က ဆက်လက်‌ပြောဆိုသည်။

အုန်းဖျန်စခန်း၌ ‌ဘောလုံးပွဲကို အထူးပြသသည့် ‌နေရာ ၅ခုရှိသလို လက်ဖက်ရည်ဆိုင်များတွင်လည်း ‌နေ့စဉ် ‌ဘောလုံးပရိ ဿတ်‌ပေါင်း ၅၀‌ကျော်ရှိသည်ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

အဆိုပါဆိုင်ပိုင်ရှင်က “ညဘက်ပြတဲ့အချိန်မှာ မကြည့်တဲ့သူ‌တွေက မနက်ကျရင် လက်ဖက်ရည်၊ မုန့်လာသုံး‌ဆောင်ရင်း ‌ဘော လုံးပွဲကို ပြန်ကြည့်ကြတယ်‌လေ။ ကြည့်ပြီးသားလူ‌တွေကလည်း ဆိုင်မှာ ပြန်စမြုံ့ပြန်တာ‌ပေါ့ဗျာ။”ဟု ‌ပြောသည်။

မယ်လစခန်းမှ ‌စောခွားစိက “ကြည့်သမျှ ပွဲစဉ်ထဲမှာ‌တော့ ဂျာမဏီနဲ့ စပိန်ပွဲကို အကြိုက်ဆုံးပဲ။ အနီကဒ်‌တွေ၊ အဝါကဒ်‌တွေ အပြခံရတာလည်း မရှိဘူး။ ပြစ်ဒဏ်‌ဘော‌လောက်ပဲ။ ‌နောက်ဆုံးဗိုလ်လုပွဲဆိုရင် အဝါကဒ်‌တွေက ကြည့်လို့‌တောင် မ‌ကောင်း ဘူး။”ဟု ဆိုသည်။

ဒုက္ခသည်စခန်းများတွင် ည ၉နာရီ‌ကျော်လျှင် စခန်းတွင်း သွားလာခွင့်မပြု‌တော့‌သော်လည်း ‌ဘောလုံးပွဲရှိသည့်ညများတွင် စခန်းလုံခြုံ‌ရေးများက နားလည်မှု‌ပေးထားပြီး မူးယစ်‌သောက်စားကာ ရမ်းကားသူများကိုသာ အ‌ရေးယူ‌ကြောင်း မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စောအားမူက ‌ပြောသည်။

“ပုံမှန်အတိုင်းဆို ည ၉နာရီ‌ကျော်ရင် ထွက်ခွင့်မရှိ‌ပေမဲ့ ‌ဘောလုံးဝါသနာရှင်‌တွေကို နားလည်မှု ‌ပေးထားတယ်။ လက်ဖက်ရည် ဆိုင်‌တွေကလည်း ‌ကောင်း‌ကောင်းမကြည့်ရင် ပိတ်လိုက်မယ်လို့ ‌ပြောထား‌တော့ သူတို့လည်း ‌ဘောလုံးပွဲမကြည့်ရမှာစိုးလို့ ‌အေး‌အေး‌ဆေး‌ဆေးပဲ ကြည့်ကြပါတယ်။ စခန်းလုံခြုံ‌ရေးတချို့လည်း ‌ဘောလုံးဝါသနာရှင်‌တွေ ရှိတယ်။ ကျ‌နော်ကိုယ်တိုင် ‌တောင် မပြတ်တမ်းပဲ။ ‌ဘောလုံးကလည်းလုံး‌တော့ ခန့်မှန်းရခက်တယ်‌လေ။ ‌ရေဘဝဲကလည်း စပိန်နိုင်မယ်လို့ ‌ဟောကိန်း ထုတ်ထား‌တော့ တစ်စခန်းလုံး စပိန်မှ စပိန်ပဲ။”ဟု ‌စောအားမူက ဆိုသည်။

ပွဲပြီးရန် ၅မိနစ်အလိုတွင် စပိန်အသင်းမှ အဲန်ဒရီအင်ဒီယက်စတားက အနိုင်ဂိုးကိုသွင်းခဲ့ပြီး ယခုဆိုလျှင် ကမ္ဘာ့‌ဘောလုံးချန်ပီ ယံအဖြစ် စပိန်အသင်းက ဆု‌ကြေး‌ငွေ ‌ဒေါ်လာသန်း ၃ဝရရှိမည်ဖြစ်ပြီး ဒုတိယချန်ပီယံဖြစ်သည့် နယ်သာလန်အသင်းက ‌ဒေါ် လာ ၂၄သန်း ရရှိမည်ဖြစ်သည်။

ဤဗိုလ်လုပွဲကို ‌တောင်အာဖရိက၏ နိုင်ငံ‌ရေးမီးရှူးတန်‌ဆောင်ဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်း‌ရေးနိုဘဲလ်ဆုရှင် အသက် ၉၁နှစ်အ ရွယ် နယ်လ်ဆင်မန်ဒဲလားက ပွဲမစတင်မီ လာ‌ရောက်အား‌ပေးခဲ့သည်။ ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဂျာမဏီအသင်းမှ ‌သော မတ်စ်မူလာက အ‌ကောင်းဆုံး လူငယ်‌ဘောလုံးသမားအဖြစ် ကမ္ဘာ့‌ဘောလုံးအဖွဲ့ချုပ် (FIFA)၏ ‌ရွှေဖိနပ်ဆုကိုလည်း‌ကောင်း၊ ဥရု‌ဂွေးအသင်းမှ တိုက်စစ်မှူး ဒီ‌အေဂူး‌ဖော်ရမ်က ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အ‌ကောင်းဆုံး‌ဘောလုံးသမားဆုကို ရရှိခဲ့ပြီး ချန် ပီယံဖြစ်သွားသည့် စပိန်‌ဘောလုံးအသင်း၏ ဂိုးသမား ကာဆီလက်မှာ ကမ္ဘာ့အ‌တော်ဆုံး ဂိုးဖမ်းသူအဖြစ် ‌ရွေးချယ်ခံခဲ့ရသည်။

ကမ္ဘာ့‌ဘောလုံးအဖွဲ့ချုပ်(FIFA)၏ မှတ်တမ်းအရ ရုပ်မြင်သံကြားမှ ကမ္ဘာ့အားကစားဝါသနာရှင် သန်း‌ပေါင်း ၇၀၀‌ကျော် ကြည့်ရှု ခဲ့ကြသလို ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်က ဒုက္ခသည်စခန်းတွင် ‌နေထိုင်ကြသည့် သိန်းနှင့်ချီ‌သော မြန်မာဒုက္ခသည်များက လည်း ‌ဘောလုံးပွဲစတင်သည့် ဇွန်လ ၁၁ရက်‌နေ့မှစ၍ ဗိုလ်လုပွဲနှင့် ပိတ်ပွဲကျင်းပသည့် ဇူလိုင်လ ၁၁ရက်‌နေ့အထိ အချိန် ကာလ တစ်လတိတိအတွင်း ပွဲစဉ်တိုင်းကို မလွတ်တမ်း ကြည့်ရှုအား‌ပေးကာ စိတ်အပမ်း‌ဖြေနိုင်ခဲ့ကြသည်။