Home သတင်း နအဖစစ်တပ်များ ဝင်‌ရောက်‌သောင်းကျန်းမှု‌ကြောင့် ရွာသား ၅၀၀‌ကျော် ‌တောထဲ ‌ပြေးပုန်း‌နေရ

နအဖစစ်တပ်များ ဝင်‌ရောက်‌သောင်းကျန်းမှု‌ကြောင့် ရွာသား ၅၀၀‌ကျော် ‌တောထဲ ‌ပြေးပုန်း‌နေရ

2354
‌ဖေ‌ဖော်ဝါရီလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်တွင် ယခုလဆန်းပိုင်းအတွင်း လှုပ်ရှား‌နေ ‌သော နအဖစစ်တပ်များသည် ‌ကေအဲန်ယူထိန်းချုပ်ရာ နယ်‌မြေရှိ ‌ကျေးရွာအတွင်း ဝင်‌ရောက်‌သောင်းကျန်းမှု ‌ကြောင့် ‌ဒေသခံရွာသား ၅၀၀‌ကျော်မှာ ‌တော‌တောင်ထဲသို့ ထွက်‌ပြေးပုန်း‌အောင်း‌နေရသည်ဟု သိရသည်။

ထို‌ဒေသ၌ လှုပ်ရှား‌နေ‌သော နအဖစစ်တပ် စစ်ကွပ်ကဲ‌ရေး ဌာနချုပ် (စကခ-၁၀) လက်‌အောက်ခံ နည်းဗျူဟာ (၃) မှ ခမရ(၃၆၂)၊ (၃၆၇)တို့ ပူး‌ပေါင်းတပ်ရင်းသည် ယခုလ (၇)ရက်နှင့် (၉)ရက်‌နေ့တွင် ‌ကျောက်ကြီးမြို့နယ် ကွီး လား‌ကျေးရွာအုပ်စုအတွင်း ဝင်‌ရောက်လှုပ်ရှားခဲ့ရာတွင် ရွာ ၃ရွာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာပြည်လွတ်‌မြောက် ‌ရေးအဖွဲ့(FBR)မှ ‌စော‌ဘောဘိုးက ‌ပြောသည်။

၎င်းက “မီးရှို့ခံရတဲ့ ရွာ‌တွေက‌တော့ ဟီတိုထာ့၊ ဒီးဒီးမုဒဲနဲ့ ကဟီ‌ဒေးရွာ‌တွေဖြစ်တယ်။ အဲဒီရွာမှာရှိတဲ့ ‌ဆေး‌ပေးခန်း တခုရယ်၊ မူလတန်း‌ကျောင်းတလုံးရယ် နအဖက အကုန်လုံး မီးရှို့ပစ်လိုက်ပြီ။ ‌လော‌လောဆယ် ရွာသား ၅၀ဝ ‌ကျော် ‌တောထဲကို ထွက်‌ပြေးပုန်း‌အောင်း‌နေကြရတယ်။ နအဖစစ်တပ်‌တွေ ရွာထဲမှာ လှုပ်ရှား‌နေတုန်းပဲ ဖြစ်‌နေ ‌တော့ ရွာသား‌တွေက လုံးဝ အ‌တွေ့မခံဘူး။ နအဖကလည်း ‌တွေ့တာနဲ့ ဘာမှမ‌မေးဘဲ တန်းပြီး သတ်ပစ်တာကိုး” ဟု ‌ပြောသည်။

အိမ်‌ခြေ ၅ဝနီးပါးရှိ အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် ‌ကျေးရွာများသည် ‌ရေတိုအချိန်တွင် ၎င်းတို့ သို‌လှောင်ထား သည့် အစားအစာများဖြင့် ဖူလှုံနိုင်‌သော်လည်း ‌ရေရှည်တွင် စားနပ်ရိက္ခာအခက်အခဲများနှင့် ကြုံရနိုင်သည်ဟု ‌စော ‌ဘောဘိုးက ဆက်‌ပြောသည်။

ဌာ‌နေမဲ့ ပြည်တွင်း ကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီမှ ‌စောစတိဗ်က “အဲဒီထွက်‌ပြေးတိမ်း‌ရှောင်‌နေတဲ့ ရွာ သား‌တွေကို စီအိုင်ဒီ‌ကေပီအ‌နေနဲ့က လက်ရှိ ‌ကျောက်ကြီးမြို့နယ်မှာ ကျ‌နော်တို့လူ‌တွေ ရှိတယ်‌လေ။ ရွာသား‌တွေ လိုအပ်တဲ့ အိုးခွက်ပန်းကန်တို့၊ အဝတ်အစား၊ ‌စောင်၊ ခြင်‌ထောင်တို့ဆိုရင် အခု လိုက်‌ပေး‌နေပြီ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၃)နယ်‌မြေ ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်ရှိ ကွီးလား‌ကျေးရွာအုပ်စုသည် ရွာ ‌ပေါင်း ၁ဝရွာ‌ကျော်ရှိပြီး အဆိုပါ ရွာများသည် နအဖစစ်တပ်ကို အ‌တွေ့မခံ‌သော ရွာပုန်းရွာ‌ရှောင်များဖြစ်ကြသည် ဟု သိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၁၇ရက်‌နေ့က ၎င်းနအဖ ခမရ(၃၆၇)တပ်ရင်းသည် ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့ နယ် ခဲဒဲ‌ကျေးရွာအုပ်စုအတွင်း စစ်‌ရေးလှည့်လည်လှုပ်ရှား‌နေစဉ် ရွာသားနှစ်ဦး ပစ်သတ်ခဲ့ပြီး ရွာကိုပါ မီးရှို့ဖျက် ဆီးခဲ့သည်။