Home သတင်း ရွာ(၃)ရွာကို စခန်း‌ဆောက်ရန် ဒီ‌ကေဘီ‌အေ အဓမ္မခိုင်း‌စေ

ရွာ(၃)ရွာကို စခန်း‌ဆောက်ရန် ဒီ‌ကေဘီ‌အေ အဓမ္မခိုင်း‌စေ

2164
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေ၏ တပ်မဟာ (၉၉၉)လက်‌အောက်ခံ တပ်ရင်း(၇)က ၎င်းတို့အ‌ခြေစိုက်တပ်စခန်းသစ် အပြီးသတ်တည်‌ဆောက် ရန်အတွက် ကရင်ပြည်နယ်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်အတွင်းရှိ ဝါ့မီကလား‌ကျေးရွာအုပ်စု ရွာ(၃)ရွာကို ဒုတိယအကြိမ် အဓမ္မလုပ်အား‌ပေး ခိုင်း‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဓမ္မလုပ်အား‌ပေးခိုင်းခံရသည့် ရွာ(၃)ရွာမှာ က‌လေ့ဖိုးကလိုး၊ က‌လေ့မိုခီးနှင့် ထီးတို‌ကော်(လို့လာ့‌လေး)ရွာများဖြစ်ပြီး မသွား မ‌နေရ စနစ်ဖြင့် ခိုင်း‌စေခြင်းဖြစ်‌ကြောင်း ဝါ့မီကလား‌ကျေးရွာအုပ်စုမှ ‌ဒေသခံရွာသားတဦးက ‌ကေအိုင်စီကို ယ‌နေ့မနက်တွင် ‌ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂ရက်က သွားလုပ်ရတာ။ မသွားမ‌နေရပဲ။ ကျ‌နော်တို့ ရွာသား‌တွေ တရက်ကို တရွာစီ အလှည့်ကျစနစ်နဲ့ သွားရ တယ်။ တရွာကို ၄‌ယောက်က‌နေ ၈‌ယောက်အထိ သွားရတယ်။ လမ်းခရီးက ၂းဝဝနာရီ သွားရတယ်။ အလုပ်လုပ်‌ပေးရတာ အရမ်းပင်ပန်းတယ်။ ထမင်း‌တော့ ‌ကျွေးတယ်။ ဒါ‌ပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး။ သူတို့(ဒီ‌ကေဘီ‌အေ)ကို ‌ကြောက်လို့ပဲ သွားရတာ”ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံ၊ နိုဘိုး‌ကျေးရွာ ‌သောင်ရင်းမြစ်တဖက်ကမ်းတွင်ရှိ‌သော ဒီ‌ကေဘီ‌အေ၏ ဝါ့‌ခေါကျိုးတပ်စခန်းကို ယခု ‌ဖေ‌ဖော်ဝါရီလ ၁ဝရက်‌နေ့မှစ၍ အဆိုပါ‌ကျေးရွာများက သွား‌ရောက်‌ဆောက်လုပ်‌ပေးခဲ့ရာ ခြံစည်းရိုးကာ၊ ဝါးခုတ်နှင့် ဝါးသဲပုတ်‌ပေါက် စသည့် အလုပ်များကို တ‌နေကုန် လုပ်ခဲ့ရခြင်းဖြစ်သည်ဟု သူက ဆက်လက်‌ပြောဆိုသည်။

ဒီ‌ကေဘီ‌အေ၏ လုပ်ရပ်မှာ ထို‌ဒေသရှိ ရွာသူရွာသားများအတွက် စားဝတ်‌နေ‌ရေး ပိုမိုခက်ခဲလာနိုင်‌ကြောင်း ပိုင်ကျုံ(တာက ရယ်)မြို့နယ်အတွင်း လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)မှ တပ်ရင်း (၂၂) ဒုရင်းမှူး ‌စောဒီးကွယ်က ယခုလို ‌ပြောသည်။

၎င်းက “အခုက ‌နေ့တိုင်းလိုလို ရွာသား‌တွေ သွားရတယ်။ ရွာသား‌တွေကို စိတ်တိုင်းကျ ခိုင်းတယ်။ ဒီလိုလုပ်‌တော့ ရွာသား ‌တွေဟာ သူတို့အလုပ်ကို သူတို့ မလုပ်အားကြ‌တော့ဘူး။ ဒီလိုဆက်လုပ်မယ်ဆိုရင် ရွာသား‌တွေ စားဝတ်‌နေ‌ရေးပြဿနာနဲ့ ပိုရင် ဆိုင်လာရနိုင်တယ်”ဟု ဆိုသည်။

သို့‌သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ (၉၉၉)လက်‌အောက်ခံ တပ်ရင်း(၇) ဒုဗိုလ်မှူးကြီး ‌စောလိုက်သိမ့်အား ဖုန်းဆက်‌မေးမြန်းခဲ့ရာ ၎င်းက မဟုတ်မှန်‌ကြောင်းနှင့် မိမိတို့တပ်စခန်းကို မည်သည့်ရွာသူရွာသားမျှ လာ‌ရောက်‌ဆောက်လုပ် ‌ပေးခြင်းမရှိ‌ကြောင်း ပြန်လည်‌ဖြေဆိုခဲ့သည်။

ဒီ‌ကေဘီ‌အေ၏ အမိန့်အရ ယခုလ ၁ဝရက်‌နေ့တွင် ထီးတို‌ကော်ခီးရွာမှ ရွာသား ၆ဦး၊ ယမန်‌နေ့ ၁၁ရက်‌နေ့တွင် က‌လေ့ဖိုးက လိုးရွာမှ ရွာသား ၄ဦးတို့က စခန်းအပြီးသတ်တည်‌ဆောက်‌ရေးအတွက် သွား‌ရောက်လုပ်ကိုင်‌ပေးခဲ့ရသည်ဟု သိရသည်။

အလားတူ က‌လေ့ဖိုးကလိုး၊ က‌လေ့မိုခီးနှင့် ထီးတို‌ကော်ရွာသားများသည် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ၎င်းစခန်းအ တွင်းရှိ ခြံစည်းရိုးကာရံခြင်း၊ တဲ‌ဆောက်လုပ်‌ပေးခြင်းနှင့် ‌ဆေးရုံ‌ဆောက်လုပ်‌ပေးခြင်းကို ဝါးအလုံး ၁,၀၀၀၊ ဝါးသဲပုတ် ၄၀ဝ ချပ် ယူ‌ဆောင်ကာ ပထမအကြိမ်အဖြစ် သွား‌ရောက်‌ဆောက်လုပ်ခဲ့ရ‌သေးသည်။