Home သတင်း ဒီ‌ကေဘီ‌အေမှ ဗိုလ်နှုတ်ခမ်း‌မွှေး ထိုးစစ်အတွက် ဖားပြ‌ကျေးရွာသို့ ‌ရောက်ရှိ

ဒီ‌ကေဘီ‌အေမှ ဗိုလ်နှုတ်ခမ်း‌မွှေး ထိုးစစ်အတွက် ဖားပြ‌ကျေးရွာသို့ ‌ရောက်ရှိ

2195
ဇူလိုင်လ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေးသည် ‌ကေအဲန်ယူတပ်မဟာ (၆)နယ် ‌မြေကို ထိုးစစ်ဆင်ရန်အတွက် ဇူလိုင်လ ၂၉ရက်‌နေ့က ဝင်း‌ရေးမြို့နယ်၊ ဖားပြ‌ကျေးရွာတွင် ‌ရောက်ရှိ‌နေပြီဟု ‌ဒေသခံများ က ‌ပြောသည်။

“မ‌နေ့ည (၈)နာရီ‌လောက်မှာ သူ့လူအ‌ယောက်(၁၂၀)နဲ့ ဖားပြရွာကို ‌ရောက်လာပြီး‌တော့ ရွာလယ်ဘုန်းကြီး‌ကျောင်းမှာ တည်းတယ်။ အဲဒီထဲမှာ (၉၀၁)၊ (၉၀၆)၊ (၉၀၇)တပ်ရင်း‌တွေပါတယ်လို့ ကျ‌နော်တို့ သိရတယ်။ တပ်မဟာ(၆)ကို မ‌နေ့က တည်းက ထိုးစစ်ဆင် စတင်‌နေပြီ‌လေ။ ဟိုးနည်းနည်း ဒီနည်းနည်းပဲဆို‌တော့ ‌ကေအဲန်အယ်လ်‌အေကလည်း ဒီအတိုင်းပဲ ကြည့်‌နေ‌သေးတယ်”ဟု နယ်‌မြေခံတဦးက ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှ အရာရှိတဦးက “ကျ‌နော်တို့ဘက်က‌တော့ ကရင်အချင်းချင်း ‌သွေးထွက်သံယို မဖြစ်ချင်တဲ့အ‌ပေါ်မှာ အတတ်နိုင်ဆုံး ‌ရှောင်‌နေမှာပဲ။ ဒါ‌ပေမဲ့ ကျ‌နော်တို့နယ်‌မြေကို ‌မွှေ‌နှောက်လှုပ်ရှားလာမယ်ဆိုရင် ‌တော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အ‌နေနဲ့ ကျ‌နော်တို့ တိုက်ပွဲဆင်နွဲရမှာပဲ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့သည် ဖားပြရွာသို့ ဇူလိုင် (၂၉)ရက်‌နေ့ည‌နေတွင် ‌ရောက်ရှိခဲ့ပြီး ထို‌နေ့မနက်ပိုင်းတွင် နအဖ၊ ဒီ‌ကေဘီ‌အေနှင့် ‌ကေပီအက်ဖ်တို့ ပူး‌ပေါင်းထား‌သောတပ်ဖွဲ့သည် ‌ကေအဲန် အယ်လ်‌အေ တပ်ရင်း(၁၆)တပ်ဖွဲ့နှင့် ဖားပြအဝင်ဝနှင့် ကျုံခွန်‌ကျေးရွာ၌ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ‌ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိ‌သော်လည်း နအဖနှင့် ပူး‌ပေါင်းတပ်တို့ဘက်က ထိ ခိုက်မှုများရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၆)သတင်းများအရ သိရသည်။

ယင်းထိုးစစ်အတွက် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှ တပ်ရင်း (၅)ရင်း၊ နအဖ တပ်မ(၂၂)နှင့် (၇၇)တို့၏ လက်‌အောက်ခံ တပ်ရင်းများ ပါဝင်ရမည်ဖြစ်ပြီး ဒီ‌ကေဘီ‌အေ (၉၉၉)နှင့် (၃၃၃)တပ်မဟာများက စစ်ကူအဖြစ် လိုက်ပါရမည်ဟု နအဖမှ စီစဉ်ထား‌ကြောင်း ဘုရားသုံးဆူမှ ‌ကေပီအက်ဖ် ထိပ်ပိုင်း‌ခေါင်း‌ဆောင်တဦးက ‌ပြောသည်။

ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်မည့် ဒီ‌ကေဘီ‌အေတပ်များသည် ‌ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်‌မြေများဖြစ်သည့် မဲ့ကသာဂွင်၊ ကိုဒူကွဲဂွင်နှင့် ဘုရားသုံးဆူရှိ ကျွန်း‌ချောင်းဂွင်များကို ထိုးစစ်ရန်အတွက် ပထမပစ်မှတ်အဖြစ် ဘုရားသုံးဆူ ဂွင်ကို ဦးစွာ ရှင်းလင်းသွားမည်ဖြစ်ပြီး ဇူလိုင် (၃၁)ရက်‌နေ့ မွန်းလွဲပိုင်းတွင် ဗိုလ်နှုတ်ခမ်း‌မွှေးက ဒီ‌ကေဘီ‌အေ တပ်မဟာ (၅၅၅)၊ (၃၃၃)၊(၉၉၉)ထံမှ စစ်ကူကြိုတင်‌တောင်းထားသည်ဟု သတင်းရရှိသည်။

အဆိုပါထိုးစစ်စတင်မည့် သတင်း‌ကြောင့် နယ်စပ်‌ဒေသတွင် ဖြစ်ပွားလာမည့် တိုက်ပွဲများအ‌ပေါ် ‌ဒေသခံ ရွာသူရွာသား များမှာ စိုးရိမ်ထိတ်လန့်မှုများရှိ‌နေကြသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ကို တပ်ရင်း(၅)ရင်းဖြင့် ယခုနှစ်‌မေလတွင် အသစ်ဖွဲ့စည်းကာ ယခင် ကလိုထူး‌ဘော ဗျူဟာ မှူး ဗိုလ်နှုတ်ခမ်း‌မွှေးကို တာဝန်‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။