Home ဆောင်းပါး ဒုက္ခ သုက္ခ‌တွေကြားက ဆက်လှမ်းမယ့် ‌ခြေလှမ်း

ဒုက္ခ သုက္ခ‌တွေကြားက ဆက်လှမ်းမယ့် ‌ခြေလှမ်း

2236

‌ခေါင်ဆူလိုင့်

အသက် ၁၉နှစ်အရွယ် ‌ကေအဲန်အယ်လ်‌အေ ရဲ‌ဘော်‌လေး ‌စောမူ‌စေးဟာ ‌ခြေတဖက် ဖြတ်လိုက်ရ‌ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတ ဖြစ်သွားရတဲ့ သူ့ဘဝ အတွက် စိတ်ဓာတ် မကျဘဲ ဖြစ်ပျက်ပုံကို ပြန်‌ပြောရင်း ‌ကျေနပ်‌နေခဲ့တယ်။

“ဒီ‌ကေဘီ‌အေက စစ်သားသစ် ‌ကောက်လို့ ထွက်‌ပြေးလာတဲ့ ရွာသား‌တွေကို ကျ‌နော်တို့တ‌တွေ လမ်းရှင်း‌ပေးရတာ သုံး‌လေးခါ‌လောက် ရှိပြီ၊ ဒါ‌ပေမဲ့ ဒီတ‌ခေါက်မှာ ဒီ‌ကေဘီ‌အေ ‌ထောင်ထားတဲ့ ဗုံးကို ကျ‌နော် နင်းမိ‌တော့တာပဲ။ ‌တော်‌သေးတယ်‌နော်၊ ကျ‌နော်သာ မနင်းမိဘဲ ရွာသား‌တွေထဲက အများစုဖြစ်တဲ့ က‌လေးငယ်နဲ့ မိခင်‌တွေသာ နင်းမိရင်‌တော့ ဒုက္ခပဲ” လို့ သူက ‌ဖြေသိမ့်‌တွေးနဲ့ ‌ပြောပြ‌နေတယ်။

၂၀၀၉ ခုနှစ် ‌မေလလယ်‌လောက် ကတည်းက လှိုင်းဘွဲ မြို့နယ် ထီးပယ်ရွာသား‌တွေ နယ်စပ်ဘက်ကို ထွက်လာတာ လမ်းမှာ မိုင်းဗုံး‌တွေ နင်းမိမှာစိုးလို့ ဒုရင်းမှူးနဲ့အတူ ‌စောမူ‌စေးတို့ တပ်ရင်း (၂၂) က ရဲ‌ဘော်‌တွေ လမ်းရှင်း‌ပေးပြီး ရာနဲ့ချီတဲ့ ရွာသား‌တွေကို တသုတ်ပြီးတသုတ် ‌ခေါ်ထုတ် လာခဲ့ရတယ်။ ထီးပယ် ရွာသား‌တွေဟာ ရွာလုံးကျွတ် ‌နေအိမ်ကို စွန့်ခွာလာခဲ့ပြီး ‌သောင်ရင်း‌ချောင်း ကမ်းနံ‌ဘေးက လယ့်‌ဘော်ဟဲ ပြည်တွင်းဒုက္ခသည် စခန်းကို ‌မေလ (၂၀) ရက်‌နေ့ကစလို့ ‌ဘေးအန္တရာယ် ကင်းစွာနဲ့ ‌ရောက်ရှိ လာခဲ့ကြတယ်၊ သူတို့အတွက် ကယ်ဆယ်‌ပေးခဲ့ရတဲ့ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်‌တွေဟာလည်း မိုးထဲ‌လေထဲမှာ အ‌တော်ပင်ပန်း ဆင်းရဲခဲ့ရတယ်။

‌စောမူ‌စေးဟာ အသက် (၉)နှစ် အရွယ်ကတည်းက စစ်သား လုပ်ချင်လွန်းလို့ ‌ကေအဲန်ယူ တပ်ရင်း (၂၂) ကို ‌ရောက်လာခဲ့တယ်၊ တပ်ရင်းမှူးက အရမ်းငယ် ‌သေးလို့ သူ့ကို ‌ကျောင်းထားခဲ့‌ပေမယ့် ‌ကျောင်းမ‌ပျော်တဲ့ သူ့ကို အသက်မပြည့်‌သေး‌တော့ တပ်ရင်းမှူးက အသက် ၁၈နှစ် ပြည့်မှပဲ စစ်သား လုပ်ခွင့်‌ပေး‌တော့ တယ်‌လေ၊ နှုတ်လျှာသွက်လက်ပြီး လူချစ်ခင်‌အောင် ‌နေတတ်တဲ့ ‌စောမူ‌စေး အခုလို ရွာသား‌တွေကို ကူညီ‌ပေးရင်း ညာဖက် ‌ခြေ‌ထောက်ကို ဖြတ်ထုတ် လိုက်ရ‌တော့ သူ့ကို အရမ်းချစ်တဲ့ တပ်ရင်းမှူးက “မင်းကို အသက်ပြည့်လို့ အလုပ်မှာ ခိုင်းမယ်ဆိုကာမှ အခု‌တော့ မင်း ‌ခြေတဖက် ဖြတ်လိုက်ရတာကို စိတ်မ‌ကောင်း ဖြစ်မိတယ်” လို့ ‌ပြော‌ကြောင်း သူက ပြန်‌ပြောပြပါတယ်။

မီးတွင်းထဲမှာ မိခင်ဆုံးပြီး‌တော့ ဖခင်က ‌နောက်အိမ်‌ထောင်နဲ့ ညီမလုပ်တဲ့သူက ပုသိမ်မှာ ‌ကျောင်း‌နေတဲ့အချိန်၊ သူက ‌တော်လှန်‌ရေးမှာ စစ်သားဘဝနဲ့ ‌ပျော်‌မွေ့‌နေခဲ့တယ်။ “ကျ‌နော်သာ ‌ကျောင်း‌နေ‌ပျော်ရင် အခု‌လောက်ဆို ညီမ‌လေးလိုပဲ ပညာတတ် တ‌ယောက် ဖြစ်‌နေ‌လောက်ပြီ၊ ဒါ‌ပေမဲ့ ကျ‌နော်က စစ်သားဘဝကိုပဲ ခုံမင်တယ်”၊ ငယ်ငယ်က တပ်ရင်းက‌နေ ရွာကိုပြန်လည်‌တော့ သူ့တကိုယ်လုံး ထိုးထားတဲ့ ထိုးကွင်းမှင်‌ကြောင်‌တွေကို မြင်ပြီး အဖွားဟာ ‌သွေးတက်ခဲ့ဖူးတာကို ပြန်‌ပြော ရယ်‌မော ‌နေ‌သေးတယ်၊ ဘဝကို စိတ်ပျက် အားငယ်မှု ကင်းစွာနဲ့ ‌ကျေနပ် ‌ရောင့်ရဲတတ်တဲ့ ‌စောမူ‌စေးမှာ စိုးရိမ်တာ တခုက ဖြတ်ထားတဲ့ ‌ခြေ‌ထောက်အနာ သက်သာလာရင် ပြန်‌နေစရာ တပ်ရင်း‌နေရာမှ ရှိပါ့‌တော့မလား‌ပေါ့။

ကိုယ်တိုင်က ‌ဆေးကုသမှုသာ ခံယူ‌နေရ‌ပေမဲ့ မိခင်တပ်ရင်း (၂၂) နဲ့အတူ တပ်ရင်း(၁၀၁)၊ တပ်ရင်း (၂၁) ကို ဒီ‌ကေဘီ‌အေ‌တွေ ‌နေရာဝင်ယူ လိုက်ပြီ ဆိုတာကို ကြားသိလိုက်ရတယ်၊ ဇွန်လ ၃ ရက်‌နေ့ ကတည်းက ‌ကေအဲန်ယူ တပ်မဟာ (၇) လက်‌အောက်ခံ တပ်ရင်း ‌ဒေသ‌တွေကို ဒီ‌ကေဘီ‌အေနဲ့ နအဖ တပ်‌တွေက ထိုးစစ် ဆင်လာလိုက်တာ ‌နေ့စဉ် ရက်ဆက်ပါပဲ၊ နအဖ တပ်မ (၂၂) လက်‌အောက်ခံ တပ်ရင်း‌တွေ ဖြစ်တဲ့ ခလရ (၈၁)၊ ခမရ (၂၀၁)၊ (၂၀၂)၊ (၂၀၃)၊ (၂၀၅) နဲ့ (၂၁၀) တပ်ရင်း‌တွေက အ‌နောက်က‌နေ ၈၁-မမ၊ ၆၀-မမ၊ အာရ်ပီဂျီ-၇ စတဲ့ လက်နက်ကြီး‌တွေနဲ့ ကူပစ်‌ပေးပြီး ဒီ‌ကေဘီ‌အေ (၉၉၉)၊ (၅၅၅)၊ (၃၃၃) တပ်မဟာနဲ့ ဗဟို လုံခြုံ‌ရေး တပ်ဖွဲ့ဝင်‌တွေက ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) နယ်‌မြေကို လက်နက်ကြီးငယ်‌တွေနဲ့ အပြုတ် တိုက်ခိုက်‌နေတယ်။

အဲဒီအတွက် ဖားအံခရိုင်၊ လှိုင်းဘွဲနဲ့ ပိုင်ကျုံ မြို့နယ်ထဲမှာရှိတဲ့ ‌စေဖိုးခီး၊ ပနွယ့်ပူ၊ မဲ့လာအား၊ ပို‌ပေါ့‌လေး၊ ခလဲ့ခို့၊ ခလယ့်‌ဒေး၊ ဝါးမီကလား၊ ထီးက‌ဟော၊ တာကလယ်ခီး၊ ‌မောပယ်ခို့၊ ‌မောသူးခီး၊ ဝါးရှို့ခို့၊ ခလယ့်ကာ့၊ ထီး‌ဘော်‌ဒေး၊ မဲ့ကဲ့၊ မဲ့တပူးထာ့၊ ကွီး‌လေး၊ ‌ဟောသူးခီး၊ ထီးပယ် စတဲ့ ရွာ‌ပေါင်း နှစ်ဆယ် နီးပါးက ရွာသူရွာသား ၄၀၀ဝ ‌လောက်ဟာ ထိုင်းဘက်ကမ်းအထိ ထွက်‌ပြေး လာရတယ်။ အ‌တော်များများက‌တော့ အသက် ၁၃ နှစ်‌အောက် က‌လေးသူငယ်‌တွေနဲ့ သားသည်မိခင် အမျိုးသမီး‌တွေပါပဲ။ ဒါ့အပြင် ‌ကျောင်းဖွင့်စမှာ စာ‌လေး‌တောင် မသင်ရ‌သေးတဲ့ ‌ကျောင်းသား လူငယ်‌လေး‌တွေလည်း ‌ကျောင်း မတက်ရ။ ရွာမပြန်ရနဲ့ ပျင်းရိငြီး‌ငွေ့ ‌နေကြရတယ်၊ ‌လော‌လောဆယ်‌တော့ ဘယ်‌သောင် ဘယ်ကမ်း နားရမှန်း မသိ‌သေးတဲ့ အနာဂတ်လမ်းစ ‌ပျောက်‌နေ သူ‌တွေလိုပါပဲ။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ်က အူးသူးထာ့၊ နိုဘိုး၊ မဲ့တရီနဲ့ က‌လေ့ထာ့ ‌နေရာ‌တွေမှာ ထိုးစစ်‌ကြောင့် ထွက်‌ပြေးလာရတဲ့ ကရင်ရွာသူ ရွာသား‌တွေကို ယာယီအဖြစ် အ‌ရေး‌ပေါ် ‌နေရာချ ထား‌ပေးတယ်၊ အဲဒီ ဒုက္ခသည် ရွာသား‌တွေကို ထိုင်း-မြန်မာ နယ်စပ် ကူညီ ‌စောင့်‌ရှောက်‌ရေး အဖွဲ့  (တီဘီဘီစီ) က ဆန်၊ ဆား၊ အိုးခွက် ပန်းကန်၊ ‌စောင်၊ ခြင်‌ထောင် စတာ‌တွေ ‌ပေးပြီး ကရင်ဒုက္ခသည် ‌ကော်မတီ (‌ကေအာရ်စီ) နဲ့ အခြား ကရင်လူမှု အဖွဲ့အစည်း‌တွေ ကလည်း အဝတ်အစား‌တွေ၊ နို့စို့ က‌လေး‌တွေအတွက် အနှီး‌တွေ ‌ပေး‌နေတဲ့အပြင် ‌ဆေးဝါး‌တွေကိုလည်း ကရင်ကျန်းမာ‌ရေး အဖွဲ့‌တွေနဲ့ ‌ဒေသဆိုင်ရာ ထိုင်း ကျန်းမာ‌ရေးဌာနကလည်း တတ်နိုင်သမျှ ကြည့်ရှု ‌ပေးကြတယ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဒုက္ခသည်‌တွေ ယာယီ‌နေထိုင်‌ရေးအတွက် တာလပတ်မိုး‌တွေကို လာ‌ရောက် ကူညီ‌ပေးတာလည်း ရှိတယ်။

ဒါ့အပြင် နယ်စပ်တိုက်ပွဲ‌ကြောင့် ‌ဒေသခံရွာသား‌တွေကလည်း ‌ပေါ်တာ‌တွေအဖြစ် ဒီ‌ကေဘီ‌အေ စစ်‌ကြောင်း‌တွေနဲ့ ‌ရှေ့တန်းကို လိုက်ပါရပြီး ထွက်‌ပြေးသူ ‌ပြေး၊ မိုင်း ထိသူထိနဲ့ အတိဒုက္ခ‌ရောက် ကြရပြန်တယ်၊ စစ်အစိုးရက‌တော့ ကရင်ပြည်နယ်မှာ အခုဖြစ်တဲ့ နယ်စပ်တိုက်ပွဲဟာ နအဖစစ်တပ်နဲ့ မဆိုင်ဘဲ ကရင်‌တွေ အချင်းချင်း တိုက်ခိုက်‌နေတာ ဖြစ်တယ်လို့ ဆိုတယ်၊ နိုင်ငံတကာက သတင်း‌ထောက်‌တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း‌တွေ‌တောင်မှ လူ သားချင်းစာနာစိတ်နဲ့ တတ်နိုင်သမျှ လာ‌ရောက် ကူညီ‌ပေး ‌နေတဲ့ကြားက နအဖနဲ့ ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်‌ကြောင့် ‌နေအိမ်စွန့်၊ ရွာစွန့်၊ ‌ကျောင်းစွန့်ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ထွက်‌ပြေး လာတဲ့သူ‌တွေဟာ သာမန်အရပ်သား‌တွေ မဟုတ်ဘဲ ‌ကေအဲန်ယူ‌တွေရဲ့ မိသားစု‌တွေလို့ စစ်အုပ်စုက မျက်နှာလွဲ ခဲပစ် ‌ပြော‌နေပြန်တယ်။

၎င်းတို့ စစ်အုပ်စု‌တွေကသာ မြန်မာပြည်ရဲ့ ရာစုနှစ်ဝက်‌ကျော်ကြာတဲ့ ပြည်တွင်းစစ်နဲ့ နယ်စပ်တိုက်ပွဲ‌တွေကို ဖန်တီး လုပ်‌ဆောင်‌နေပြီး ၂၀၁ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်‌စေ‌ရေး တရားဝင် အတည်ပြုဖို့ ကြိုတင်ပြင်ဆင်‌နေတဲ့ တကယ့်သမိုင်း တရားခံ အစစ်အမှန်ပါပဲ။

အခုထိုးစစ်မှာ စစ်အစိုးရကို ခုခံ‌တော်လှန်‌နေတဲ့ ‌ကေအဲန်ယူ တပ်မဟာ (၇)ရဲ့ နယ်‌မြေ‌တွေကို နယ်ခြား‌စောင့်တပ်ရဲ့ တပ်ရင်း‌နေရာ‌တွေ ဖြစ်‌အောင် မရအရ သဲကြီးမဲကြီး ဇွတ်တိုး တိုက်ခိုက်‌နေတဲ့ ဒီ‌ကေဘီ‌အေ တပ်ထဲက အရာရှိကအစ ‌အောက်‌ခြေရဲ‌ဘော်အဆုံး ရက်သတ္တ နှစ်ပတ်အတွင်းမှာ ရာနဲ့ချီပြီး ထိခိုက် ‌သေ‌ကြေ ‌နေကြရတယ်။

ကရင့်‌တော်လှန်‌ရေး တပ်ဖွဲ့‌တွေဖြစ်တဲ့ ‌ကေအဲန်ယူ တပ်မဟာ (၇)ဘက်ကလည်း ‌နောက်မဆုတ်တမ်း ‌ရှေ့ဆက်တိုးလာ‌နေတဲ့ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့‌တွေကို ဘယ်လိုမှ တားဆီးလို့ မရ‌တော့တဲ့အဆုံး ‌ပြောက်ကျားစစ်ကို ဆင်နွဲသွား‌တော့မယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်‌စေ တကယ်ထိခိုက်ကျဆုံးတာလည်း ကရင်ရဲ‌ဘော်‌တွေပဲ ဖြစ်သလို၊ တကယ်ဒုက္ခ ‌ရောက်‌နေရတာကလည်း ကရင် ပြည်သူလူထုပဲမို့ နိုင်ငံ‌ရေးအရ အမြတ်ထွက် ‌နေတာက‌တော့ တိုင်းပြည်ကို မတရား အုပ်ချုပ်ထားတဲ့ အစိုးရ အမည်ခံ စစ်အာဏာရှင် အုပ်စု‌တွေပါပဲ။

ဒီ စစ်အာဏာရှင်‌တွေ မပြုတ်ကျ သ‌ရွေ့‌တော့ ရှမ်း၊ ချင်း၊ ကချင်၊ ကယား စတဲ့ အခြား လက်နက်ကိုင် တိုင်းရင်းသား ‌တွေနဲ့အတူ ကရင့်‌တော်လှန်‌ရေးဟာလည်း အမှန်တရားအတွက် ဆက်လက် တိုက်ပွဲဝင် ‌နေမယ်လို့ ‌စောမူ‌စေးက ယုံကြည်ထားတယ်။

လှိုင်းဘွဲ မြို့နယ်၊ ပီတူးထာ့ ရွာသားတဦးဖြစ်တဲ့ ‌စောမူ‌စေးက‌တော့ ဘယ်လိုပဲဖြစ်ဖြစ် ‌တော်လှန်‌ရေး စစ်သားပဲ ဆက်လက်လုပ်သွားဖို့ ဆုံးဖြတ်ချက်ကို‌တော့ ဘယ်‌တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူးလို့ အခုလို ‌ပြောပါတယ်၊ “ကျ‌နော့်လို ‌ခြေ‌ထောက်ပြတ်ဖူးတဲ့ ‌တော်လှန်‌ရေး ရဲ‌ဘော်ဦး‌လေးကြီး‌တွေ အများကြီး ရှိခဲ့ဖူးတာပဲ၊ သူတို့‌တွေဆို ‌တောင်တက်တာ လူ‌ကောင်း‌တွေထက်‌တောင် ပိုမြန်‌သေးတယ်၊ ကျ‌နော်လည်း ပြန်‌လေ့ကျင့်ရင် အဲလိုမြန်နိုင်မှာပါ၊ ကျ‌နော် အသက်ရှင် ‌နေသ‌ရွေ့‌တော့ ကရင်ပြည်သူ‌တွေအတွက်၊ ကရင့်‌တော်လှန်‌ရေးအတွက် တရားတဲ့စစ်ကို ဆက်တိုက်‌နေအုံးမယ်” ဟု ‌စောမူ‌စေးက စိတ်အားတက်ကြွစွာ ‌ပြော‌နေပါ‌တော့တယ်။