Home အယ်ဒီတာ့အာဘော် ‌ဖျောက်ဖျက်မရသည့် သမိုင်းတန်ဖိုး

‌ဖျောက်ဖျက်မရသည့် သမိုင်းတန်ဖိုး

1944

_MG_7245
အယ်ဒီတာ့အာ‌ဘော်

လူတဦးတ‌ယောက် သို့မဟုတ် တစုတဖွဲ့၏ လုပ်‌ဆောင်မှုများသည် ‌နောင်တချိန်တွင် သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်စမြဲပင်၊ အသက်ရှင်ရပ်တည်‌နေသည့် ကာလတ‌လျှောက်လုံး မိမိတို့၏  လုပ်‌ဆောင်မှုများသည် တဦးတည်းအတွက်၊ မိသားစုအတွက်၊ အဖွဲ့တခုအတွက်၊ လူထုတရပ်လုံးအတွက် မည်မျှ တန်ဘိုးရှိသည်။ မည်မျှ‌ကောင်းကျိုးရသည်ကို ပြန်လည်ဆန်းစစ်ရန် လိုသကဲ့သို့ မလုပ်‌ဆောင်မှီအချိန်ကလည်း ကြိုတင်ချင့်ချိန်တတ်ရန် လိုအပ်သည်။

မကြာ‌တော့‌သောအချိန်တွင် လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်‌နေသည့် နအဖ စစ်အစိုးရသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ၎င်းတို့ နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားအဖွဲ့များအား မိမိတို့၏ ‌ဒေသများ၌ နယ်ခြား‌စောင့်တပ်အဖြစ် လက်ခံဖွဲ့စည်း‌ရေးကို အပူတပြင်း ကမ်းလှမ်းလျှက်ရှိသည်၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ဝ အစရှိသည့် အပစ်ရပ်တိုင်းရင်းသားများကို သက်ဆိုင်ရာ တိုင်းမှူးများက နယ်လှည့်စည်းရုံးခဲ့ကြသည်။

ယမန်နှစ် ‌မေလက အဓမ္မလိမ်ညာ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၌ မြန်မာပြည်တွင် တပ်မ‌တော်တခုတည်းသာ ရှိရမည်ဖြစ်ပြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များက တပ်ရင်းတခုလျှင် အင်အား ၃၂၆ဦးဖြင့် နယ်ခြား‌စောင့်တပ်အဖြစ် ကာကွယ်‌ရေးဦးစီးဌာန‌အောက်တွင် ရပ်တည်သွားရမည်ဟု ပါရှိသည်၊ တပ်ရင်းတခုစီလျှင် နအဖစစ်တပ်မှ အင်အား ၃ဝဦး ပါဝင်ဖွဲ့စည်းသွားကာ ပုံမှန်လစာများအပြင် ဇွန်လမကုန်မီ စစ်အစိုးရထံ မိမိလူနှင့် လက်နက်စာရင်း၊ အသက် ၅၀‌ကျော် ပင်စင်စားအရာရှိများစာရင်း တင်ပြပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းထားခိုင်းခဲ့သည်။

သို့‌သော် မျက်‌မှောက်ကာလ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ မွန်ပြည်သစ်ပါတီသည် နအဖက ‌ရေးဆွဲအတည်ပြုထား‌သော ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လက်မခံနိုင်‌ကြောင်း ငြင်းဆိုထားခဲ့ပြီး တိုင်းရင်းသားအပစ်ရပ်တပ်ဖွဲ့များကို နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်း‌ရေးကိစနှင့် ပတ်သက်၍ မည်သည့်သ‌ဘောထားမှ ထုတ်ပြန်ခြင်းမရှိ‌သေးသလို ၁၉၉၄ ခုနှစ်က နအဖနှင့် အပစ်ရပ်ခဲ့သည့် ကချင်ပြည်လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအိုင်‌အေ)၏ ‌မေ ၃ဝရက်‌နေ့ လိုင်ဇာမြို့လူထုအစည်းအ‌ဝေးတွင် လူထုနှင့် တပ်ဗိုလ်တပ်မှူးများက တပ်အသွင်‌ပြောင်း‌ရေးကို လက်မခံ‌ကြောင်း တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

‘၀’ပြည်‌သွေးစည်းညီညွတ်‌ရေးပါတီ(UWSA)ကလည်း ပန်ဆန်းဌာနချုပ်အ‌နေဖြင့် တပ်အသွင်‌ပြောင်းမည့်ကိစ လက်မခံနိုင်‌ကြောင်းကို နအဖ ဗိုလ်ချုပ်ကြီးရဲမြင့်ထံသို့ ‌မေလ (၂၀) ရက်‌နေ့က အ‌ကြောင်းပြန်ကြားလိုက်ပြီး သျှမ်းပြည်နယ်‌တောင်ပိုင်းရှိ ၎င်းတို့၏ စစ်‌ရေးအချက်အခြာကျ‌သော တပ်စခန်း (၃)ခု ဆုတ်ခွာ‌ပေး‌ရေးနှင့် ကာကွယ်‌ရေးဌာနလက်‌အောက် မှ နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်း‌ရေးအတွက် နအဖ၏ ထပ်မံသတိ‌ပေးလာမှုအ‌ပေါ် အပြန်အလှန် ဆက်ဆံ‌ရေးတင်းမာလာပြီး နှစ်ဖက်စလုံး စစ်‌ရေးပြင်ဆင်ထားလျှက်ရှိ သည်၊

ဒီ‌ကေဘီ‌အေ၏ ထိုးစစ်‌ကြောင့် ထွက်‌ပြေးလာရသည့် ဒုက္ခသည်က‌လေးငယ်အချို့
ဒီ‌ကေဘီ‌အေ၏ ထိုးစစ်‌ကြောင့် ထွက်‌ပြေးလာရသည့် ဒုက္ခသည်က‌လေးငယ်အချို့

၎င်းတို့နှင့် ဆန့်ကျင်ခြားနားစွာ ဒီ‌ကေဘီ‌အေ စစ်‌သွေးကြွ‌ခေါင်း‌ဆောင်များသည် နအဖ စစ်အစိုးရ၏ ‌နောက်ခံ‌ပေးမှုဖြင့် ညီအစ်ကိုချင်း ရန်သူမှတ်။ ရန်သူကို မိတ်‌ဆွေ‌တော်စပ်ကာ စစ်အာဏာရှင်စနစ်ကို ‌တော်လှန်‌နေသည့် လူမျိုးတူရဲ‌ဘော်များကို ပြင်းထန်စွာ ထိုးစစ်ဆင်ပြီး လူထုကို အနိုင်ကျင့်‌နေသည့်အတွက် ကရင်လူထုအပါအဝင် တိုင်းရင်းသားပြည်သူ တရပ်လုံးက မျက်မုန်းကျိုးရွံရှာကုန်ပြီဖြစ်သည်။ ယခုအချိန်တွင် ဒီ‌ကေဘီ‌အေသည် နယ်ခြား‌စောင့်တပ်အဖြစ်လည်း ‌ကြေးစားတပ်အသွင်သို့ လုံးလုံးကျ‌ရောက်‌နေပြီဟု ဒီ‌ကေဘီ‌အေ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တဦး မကြာ‌သေးခင်က ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

တိုင်းရင်းသားများအ‌ပေါ် နိုင်ငံ‌ရေးအရ အမြတ်ထုတ်‌နေကျဖြစ်သည့် နအဖ စစ်အုပ်စု၏ မရိုးသား‌သော သ‌ဘောထားကို အခြားအပစ်ရပ်အဖွဲဏ္ဍများက သိနားလည်ပြီး တင်းခံဆန့်ကျင်‌နေသည့်ကြားမှ ‌ပေးသမျှအခွင့်အ‌ရေးကိုယူကာ ခိုင်းသမျှကို ကမ်းကုန်‌အောင် လုပ်‌ဆောင်‌နေသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ အနိ္တမပန်းတိုင်မှာ တန်ဖိုးရှိ‌သော သမိုင်းတခုဆိုသည်ထက် မှတ်သား‌လောက်‌သော သမိုင်းတခုအဖြစ်သာ ကျန်ရစ်‌နေ‌တော့မည်ဖြစ်‌လေသည်၊