Home သတင်း ‌လော်ခီးလာတွင် ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ စာတမ်းများ စနစ်တကျပြည့်စုံ‌စေ‌ရေး ‌ဆွေး‌နွေးမည်

‌လော်ခီးလာတွင် ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ စာတမ်းများ စနစ်တကျပြည့်စုံ‌စေ‌ရေး ‌ဆွေး‌နွေးမည်

1853

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံတွင် ကျင်းပပြီးစီးခဲ့သည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအပြီး ရရှိလာခဲ့သည့် စာတမ်း‌လေးခုကို ပြည့်စုံစနစ်ကျ‌သော စာတမ်းများဖြစ်ရန် ‌ဆွေး‌နွေးပွဲတစ်ခုကို လာမည့် ဇန်နဝါရီလ ၂၈ရက်‌နေ့မှ စတင် ကာ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်‌မြေ ဖားအံခရိုင်၊ ‌လော်ခီးလာ(‌လေးဝါး)တွင် ထပ်မံ ကျင်းပသွားမည်ဖြစ် ‌ကြောင်း သိရသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲကို ဇန်နဝါရီ ၂၈ ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲမှ အတည်ပြုပြီး ထွက်ရှိလာသည့် စာတမ်းများကို် ပြန်လည်‌ဆွေး ‌နွေးကြမည်ဖြစ်သည်ဟု KNU ဗဟို‌ကော်မတီ ဝင်တစ်ဦးက ယ‌နေ့ (ဇန်နဝါရီ ၂၆) တွင် ‌ပြောသည်။

၎င်းက “ဖားအံက‌နေ ထွက်လာတဲ့ ရလဒ်‌တွေကိုပဲ အနှစ်သာရ မပျက်‌စေပဲနဲ့ ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျဖြစ်တဲ့ စာတမ်း‌တွေဖြစ် ‌အောင် ပြန်ပြီး‌ဆွေး‌နွေးကြမယ့် သ‌ဘောပဲဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မကြာမီကျင်းပမည့် ‌လေးဝါး‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သယံဇာတဆိုင်ရာ ကဏ္ဍများ အပြင် ဖားအံ‌ဆွေး‌နွေးပွဲတွင် မပါဝင်ခဲ့သည့် လုံခြုံ‌ရေးဆိုင်ရာ ကဏ္ဍများကိုပါ ထည့်သွင်း‌ဆွေး‌နွေးသွားမည်ဟု ‌ဆွေး‌နွေးပွဲ အစီ အစဉ်အရ သိရသည်။

ထိုသို့‌ဆွေး‌နွေးရာတွင် ကဏ္ဍအလိုက်စာတမ်းများကို တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်‌စေရန် ‌ဆွေး‌နွေးမှုများအပြင် ကရင်အမျိုး သားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို စနစ်တကျ ဆက်လက်‌ဆောင်ရွက်နိုင်ရန် ‌ရှေ့လုပ်ငန်း စဉ်များ‌ရေးဆွဲ‌ဖော်ထုတ်ခြင်း၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများတွင် ဦးစား‌ပေး‌ဆွေး‌နွေးရမည့် ‌ခေါင်းစဉ်များကို ‌ဖော်ထုတ် ‌ဆွေး‌နွေးခြင်းများပြုလုပ်ကြမည် ဖြစ်သည်ဟု သိရ သည်။

ယင်းစာတမ်းများကို အ‌ချောသတ်ပြင်ဆင်အတည်ပြုပြီးပါက မကြာမီ ကျင်းပရန်ရှိသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံတွင် တင်သွင်းသွားမည်ဖြစ်သည်ဟု သိရသည်။ ထို့အတူ တနသင်္ာရီတိုင်း‌ဒေသကြီးတွင် နိုင်ငံ ‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံဇာတ စသည့် ကဏ္ဍကြီး ၃ရပ်ကို ‌ဆွေး‌နွေးသည့် ‌ဒေသအလိုက် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ တစ်ရပ်ကိုလည်း ဇန်နဝါရီ ၂၃ရက်မှ ၂၅ရက်‌နေ့အထိ ကျင်းပခဲ့ပြီးဖြစ်သည်။