Home သတင်း လှိုင်းဘွဲမြို့နယ်အတွင်း ရွာသူကြီးတစ်ဦး မိုင်းနင်းမိ

လှိုင်းဘွဲမြို့နယ်အတွင်း ရွာသူကြီးတစ်ဦး မိုင်းနင်းမိ

1668

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး -KNU ၏ နယ်‌မြေတစ်ခုဖြစ်သည့် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထီးချားရာရွာ အနီး တွင် ဇန်နဝါရီလ ၂၅ရက်‌နေ့ မနက်ပိုင်းက ရွာသူကြီး တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်မဟာ ၇ ဌာနချုပ်မှ အရာရှိတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

၎င်းအရာရှိက “မ‌နေ့က မနက် ၇ နာရီ‌လောက် ကျ‌နော်တို့ တပ်မဟာ ၇ ဂွင်ထဲမှာပဲ ရွာသားတစ်‌ယောက် မိုင်း နင်းမိတယ်။ ကျ‌နော်တို့ဆီကို ‌ရောက်လာတယ်။ ‌ခြေသလုံးရယ်၊ ‌ပေါင်နဲ့ ‌ခြေဖဝါး‌တွေမှာ အနည်းငယ်သာ ဒဏ်ရာရသွားတယ်။ ‌ခြေဖဝါးမှာ ‌ရောင်ရမ်းပြီး အရည်ကြည်ဖု‌လေးထွက်လာတယ်။ ပြတ်ထွက်တဲ့ အထိ‌တော့ မဖြစ်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိုင်း‌ကြောင့် ဒဏ်ရာရရှိသွားသူမှာ အဆိုပါ ထီးချားရာသူကြီးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ‌စောလားဆို သူဖြစ်ပြီး လက်ရှိ KNLA တပ်မဟာ ၇ ‌ဆေးခန်းတွင် ‌ဆေးကုသမှုခံယူ‌နေရဆဲဖြစ်‌ကြောင်း သိရသည်။

အဆိုပါ မိုင်းများမှာ DKBA (ခွဲထွက်)မှ ဗိုလ်ဘိတို့ ‌ထောင်ထားသည့်မိုင်းဖြစ်‌ကြောင်း KNLA ဘက်မှ ‌ပြောဆိုမှုများရှိ‌သော်လည်း ယင်း‌ပြောဆိုမှုများအ‌ပေါ် DKBA ခွဲထွက် အဖွဲ့ကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေး မြန်း၍ မရသလုို သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

၎င်း DKBA ခွဲထွက်မှာ မဲ့သ‌ဝေါ‌ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားပြီး‌နောက် KNLA တပ်မဟာ ၇ နယ်‌မြေအတွင်း ဝင်‌ရောက်လှုပ်ရှားကာ ရွာအနီးဝန်းကျင်တွင် မိုင်းများ လာ‌ရောက်‌ထောင်ထားသည့် အ‌ခြေအ‌နေ များရှိလာ‌ကြောင်းလည်း အဆိုပါ KNLA အရာရှိက ‌ပြောသည်။

DKBA ခွဲထွက်အ‌နေဖြင့် လာ‌ရောက်ပူး‌ပေါင်းမည်ဆိုပါက ကြိုဆိုလက်ခံ‌ကြောင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ‌အောက်တိုဘာ ၄ ရက်‌နေ့က KNUဘက်မှ သ‌ဘောထားထုတ်ပြန်ထား‌သော်လည်း ခွဲထွက် အဖွဲ့ဘက်မှ ယ‌နေ့ ထိ လာ‌ရောက်ပူး‌ပေါင်းသူ တစ်ဦးတစ်‌ယောက်မှ မရှိ‌ကြောင်းလည်း KNU ဘက်မှ ‌ပြောဆိုမှုများ အရ သိ ရသည်။