Home သတင်း ထိုင်းကျန်းမာ‌ရေးဌာနမှ ‌ပေးအပ်သည့် ‌ကျောင်းကျန်းမာ‌ရေးဆုကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇ ‌ကျောင်းရရှိ

ထိုင်းကျန်းမာ‌ရေးဌာနမှ ‌ပေးအပ်သည့် ‌ကျောင်းကျန်းမာ‌ရေးဆုကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇ ‌ကျောင်းရရှိ

2395

ဇန်နဝါရီ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ကျန်းမာ‌ရေးဌာနနှင့် မဲ‌ဆောက်‌ဆေးရုံအပါအဝင် ပညာ‌ရေး၊ ကျန်းမာ‌ရေး အသင်းအဖွဲ့များမှ ‌ပေးအပ် ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် ‌ကျောင်းကျန်းမာ‌ရေး ဆု ၇ ဆုကို မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ကျောင်း ၇ ‌ကျောင်းမှ အသီးသီး ရရှိသွား‌ကြောင်း သိရသည်။

အဆိုပါ ဆုများကို တာ့ခ်ခရိုင် လက်‌ထောက်ကျန်းမာ‌ရေး တာဝန်ခံ ကိုယ်တိုင် ဇန်နဝါရီ ၂၆ ရက်‌နေ့က မဲ‌ဆောက်‌ဆေးရုံ တွင် ‌ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ‌ကျောင်းကျန်းမာ‌ရေး အစီအစဉ်တွင် ပါဝင်သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၁၁ ‌ကျောင်းအနက် ၇ ‌ကျောင်းကို ဆုအမျိုးအစား ၃ မျိုးဖြင့် ‌ရွေးချယ်‌ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆုရရှိသည့် ‌ကျောင်းများ အနက်တစ်ခု အပါအဝင်ဖြစ်သည့် Children’s Development Centre – CDC မှ ‌ကျောင်းအုပ်ကြီး မန်း‌ရွှေနှင်းက ‌ပြောသည်။

သူက “သူတို့(ထိုင်းကျန်းမာ‌ရေးဌာန)အ‌နေနဲ့ ဆုကို ‌ရွေးချယ်တဲ့‌နေရာမှာ သတ်မှတ်ထားတဲ့ ‌ကျောင်းကျန်းမာ‌ရေးစံနှုန်း ၁ဝ ချက်နဲ့ ကိုက်ညီတဲ့‌ကျောင်း‌တွေကို ‌ရွှေတံဆိပ်၊ ‌ငွေတံဆိပ်၊ ‌ကြေးတံဆိပ်ဆု‌တွေဆိုပြီး‌ပေးတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့( ဇန်နဝါရီ ၂၇ )တွင် ‌ပြောသည်။

၂၀၁၆ ခုနှစ်အတွက် ‌ကျောင်းကျန်းမာ‌ရေး ‌ရွှေတံဆိပ်ဆုကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများဖြစ်သည့် မြန်မာနိုင်ငံ အလုပ်သမား‌သွေးစည်းညီညွတ်‌ရေးအဖွဲ့ – BLSO ‌ကျောင်းနှင့် New Wave၊ ‌ငွေတံဆိပ်ဆုကို CDCနှင့် အာရုံဦး၊ ‌ကြေးတံဆိပ်ဆုကို ပါရမီ၊ New Day နှင့် သုခဟသင်္ာ‌ကျောင်းတို့မှ အသီးသီး ရရှိသွား‌ကြောင်း သိရသည်။

‌ကျောင်းကျန်းမာ‌ရေးအစီအစဉ်အရ သတ်မှတ်ထားသည့် ကျန်းမာ‌ရေးစံနှုန်းများမှာ ‌ရွှေ့‌ပြောင်း‌ကျောင်းများဆိုင်ရာ မူဝါဒ၊ ‌ကျောင်းစီမံခန့်ခွဲမှု၊ ‌ကျောင်းနှင့်ရပ်ကွက်လူထုပါဝင်သည့် စီမံကိန်း အ‌ခြေအ‌နေ၊ ကျန်းမာ‌ရေးနှင့် ညီညွတ်သည့် ‌ကျောင်းပတ်ဝန်းကျင်၊ ကျန်းမာ‌ရေးဝန်‌ဆောင်မှု၊ ပညာ‌ပေးမှု၊ အဟာရနှင့် အစားအစာ ‌ဘေးကင်း လုံခြုံမှု၊ ‌လေ့ကျင့်ခန်းနှင့် စိတ်အပန်း‌ဖြေခြင်း၊ နှစ်သိမ့်‌ဆွေး‌နွေးမှုနှင့် လူမှု‌ရေးပံ့ပိုးမှုစသည့် အချက် ၁ဝ ချက်ဖြစ်သည်ဟု သိရသည်။

‌ငွေတံဆိပ်ဆုရရှိသည့် CDC ‌ကျောင်းမှ အဌမတန်း‌ကျောင်းသား ‌စောစိုအဲ‌ဖေါင်က “‌ကျောင်းမှာက အမှိုက်ပုံး ‌တွေကို အ မှိုက်အမျိုးအစားလိုက် အပြာ၊ အစိမ်း၊ အဝါ၊ အနီ ဆိုပြီး ခွဲထားတယ်‌လေ။ အပြာက စားထားတဲ့မုန့် အိတ်ခွံ‌တွေပစ်တာ။ အစိမ်းက စားကြွင်းစားကျန်‌တွေ။ အဝါက ဗူးခွံ‌တွေနဲ့ အနီ‌ရောင်ပုံးက အန္တရာယ်ဖြစ်‌စေ တတ်တဲ့ ပုလင်းကွဲ‌တွေ၊ မှန်စ‌တွေ ပစ်တာ အဲလိုခွဲထားတယ်။ ကျ‌နော်တို့လည်း ‌တော်‌တော် သန့်ရှင်း‌အောင် လုပ်ခဲ့ရတာပဲ။ အခုလို ‌ကျောင်းကဆုရ‌တော့ ဝမ်းသာတာ‌ပေါ့”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မြို့နယ် ၄ မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ကျောင်း ၆၄ ‌ကျောင်းမှ ‌ကျောင်းသူ/‌ကျောင်းသား‌ပေါင်း တစ်‌သောင်းခွဲဝန်းကျင်နှင့် ဆရာ/ ဆရာမ ၇၀ဝ ‌ကျော်ရှိသည်ဟု သိရပြီး အဆိုပါ မြန်မာ ‌ရွှေ့‌ပြောင်း‌ကျောင်းများထဲမှ ၁၁ ‌ကျောင်းသာ ယင်း‌ကျောင်းကျန်းမာ‌ရေးအစီအစဉ်တွင် ပါဝင်နိုင် ‌သေးသည်ဟု သိရသည်။

မြန်မာ‌ရွှေ့‌ပြောင်း က‌လေးငယ်များ၏ ကျန်းမာ‌ရေးနှင့် ‌ကျောင်းကျန်းမာ‌ရေး ‌ဆောင်ရွက်မှုများတွင် သတ်မှတ်စံ နှုန်းများနှင့်အညီ ဆက်လက်လုပ်‌ဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ စတင်ကာ ‌ကျောင်းကျန်းမာ ‌ရေးအစီအစဉ်ကို စတင် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ‌ရွှေ၊ ‌ငွေ၊ ‌ကြေးတံဆိပ် ‌ပေးအပ်မှုများကို ယခုနှစ်မှသာ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။