Home သတင်း ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်ကိုယ်စားလှယ်များကို ဖိတ်ကြားမည်

‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်ကိုယ်စားလှယ်များကို ဖိတ်ကြားမည်

1923

နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)အ‌နေဖြင့် လာမည့် မတ်လအတွင်း ကျင်းပရန် စီစဉ်ထားသည့် ၁၆ကြိမ်‌မြောက်ကွန်ဂရက်တွင် ပြည်တွင်းရှိ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်အ‌ရေးလုပ်‌ဆောင်‌နေသည့် အဖွဲ့ အစည်းများနှင့် ပြည်ပရှိ ကရင်ကိုယ်စားလှယ်များပါဝင်တက်‌ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဟု သိရ သည်။

‌အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၁ဝရက်‌နေ့အထိ ‌ကေအဲန်ယူ၊ ဖားအံခရိုင်၊ ‌လေးဝါး(‌လော်ခီးလာ) စခန်း၌ ကျင်းပသည့် ၁၅ကြိမ်‌မြောက် ကွန်ဂရက်အပြီး ၅ကြိမ်‌မြောက် ဗဟို‌ကော်မတီအစည်းအ‌ဝေးတွင် ထို သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ယ‌နေ့ (နိုဝင်ဘာ ၁၁ရက်)‌နေ့တွင် ‌ပြောသည်။

“အခု အချိန်ကာလမှာ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေတဲ့အချိန်ကာလဖြစ်သလို ‌ကေအဲန်ယူကလည်း ကရင် တစ်မျိုးသားလုံးကို ကိုယ်စားပြုထားတယ်လို့ ခံယူထားတဲ့အခါကျ‌တော့ ပြည်တွင်း၊ ပြည်ပက ကရင်အမျိုး သား‌တွေအားလုံး ပါလာနိုင်‌အောင် အ‌ခြေခံစဉ်းစားပြီး‌တော့ အရင်က ညီလာခံ‌တွေ ထက်ပိုမိုကျယ်ပြန့် ‌အောင် အဲလို‌တော့ သ‌ဘောထားဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်” ဟု ‌ပြောသည်။

၎င်းအပြင် ဖိတ်ကြားခံရသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအ‌နေဖြင့် ကွန်ဂရက်တွင် မည်သို့မည်ပုံ ပါဝင် လာနိုင်‌ရေးမှာ ဆက်လက်‌ဆွေး‌နွေးဆုံးဖြတ်ရအုံးမည်ဖြစ်ပြီး အနည်းဆုံး ၎င်းတို့အ‌နေဖြင့် ကရင်အမျိုးသား ‌ရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် တင်ပြ‌ဆွေး‌နွေးအကြံပြုနိုင်မည်ဖြစ်‌ကြောင်း ပဒိုမန်း မန်းမန်းက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်တွင် ကျင်းပခဲ့‌သော ‌ကေအဲန်ယူ ၁၅ကြိမ်‌မြောက်ကွန်ဂရက်တွင် ပြည်ပရှိ ကရင် ကိုယ်စားလှယ်များသာ ထည့်သွင်းဖိတ်ကြားမှုပြုခဲ့ပြီး ပြည်တွင်းရှိ ကရင်ကိုယ်စားလှယ်များကို လာမည့် ၁၆ ကြိမ်‌မြောက်ကွန်ဂရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားရန် ‌ကေအဲန်ယူက ဆုံးဖြတ်လာ ခြင်းဖြစ် သည်။

ရန်ကုန် အ‌ခြေစိုက် ကရင်အမျိုးသားပါတီ(KNP) တွဲဘက်အတွင်း‌ရေးမှူး (၁) မန်းမင်းရဲ‌ထွေးက “ကျ‌နော့်အမြင်က‌တော့ အခက်အခဲဘာ‌တွေရှိ‌နေလဲ။ အားလုံးပါဝင် စဉ်းစား အကြံပြုပြီး ဆုံးဖြတ်တယ် ဆိုရင်‌တော့ အမှားနည်းတာ‌ပေါ့။ အခုလို အသိအမှတ်ပြုတဲ့သ‌ဘောနဲ့ အားလုံးကိုအသိ‌ပေးပြီး ဖိတ်မယ်ဆို‌တော့ အဲဒီ အ‌ပေါ် ကျ‌နော်တို့လည်း ကြိုဆိုပါတယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက်ကွန်ဂရက် ကျင်းပ‌ရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ဖြစ်‌မြောက်‌ရေး ‌ကော်မတီကို ယင်းဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ဖွဲ့စည်းလိုက်ပြီး အဆိုပါ ကွန်ဂရက်တွင် ပါဝင်တက် ‌ရောက်မည့် ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများအား ဖိတ်ကြားမည့်အစီအစဉ်နှင့်ပတ်သက်၍ ဖြစ်‌မြောက် ‌ရေး‌ကော်မတီ ဥက္ကဋ္ဌဖြစ်သူ တွဲဘက်အတွင်း‌ရေးမှူး (၁) ပဒို‌စော‌သောသီဘွဲက ယခုလို‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်လူမှုအဖွဲ့အစည်း၊ ကရင် လက်နက်ကိုင်အဖွဲ့ အဲဒါ‌တွေဖိတ်ဖို့ စဉ်းစားထားချက်‌တွေရှိတယ်။ အဲဒါကို လာမယ့်နိုဝင်ဘာလ တတိယအပတ်မှာ ဖြစ်‌မြောက်‌ရေး ‌ကော်မတီ က အစည်းအ‌ဝေးထိုင်ပြီး ဖိတ်ကြားသင့် ဖိတ်ကြားထိုက်တာ‌တွေကို စဉ်းစားဆုံးဖြတ်မယ်။ ပြီးရင် အဲဒါကို ဗဟိုအလုပ်အမှု‌ဆောင်ဆီပြန်တင်ပြပြီး သူတို့က ဆုံးဖြတ်မှအတည်ဖြစ်မယ်” ဟု‌ပြောသည်။

‌ကေအဲန်ယူ၏ ကွန်ဂရက်တွင် အစဉ်အလာအရ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များကို ပြန်လည်‌ရွေး‌ကောက် တင်‌မြောက်ခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အတည်ပြုခြင်းများကို လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။