Home သတင်း NCA အ‌ထောက်အကူပြုရန် UNFC က ၎င်းတို့တင်ပြချက် ၈ချက်ကို အစိုးရနှင့် သွား‌ရောက်ညှိနှိုင်းမည်

NCA အ‌ထောက်အကူပြုရန် UNFC က ၎င်းတို့တင်ပြချက် ၈ချက်ကို အစိုးရနှင့် သွား‌ရောက်ညှိနှိုင်းမည်

1564

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို အ‌ထောက်အကူပြုရန် ညီညွတ်‌သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)က ၎င်းတို့၏ တင်ပြချက် ၈ချက်ကို ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အစိုးရနှင့် သွား‌ရောက်ညှိနှိုင်းမည်ဟု ယ‌နေ့ ‌အောက်တိုဘာ ၁၃ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်သည့် ဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးတွင် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ‌ပြောသည်။

“ဒီအစည်းအ‌ဝေးက DPN အဖွဲ့အ‌နေနဲ့‌ပေါ့‌နော်။ ပြည်တွင်းထဲကို ဝင်ရမယ်။ သွားညှိရမယ်။ အဲဒီအတွက်ကို သူတို့အ‌နေနဲ့က ဗဟိုအလုပ်အမှု‌ဆောင်ရဲ့ သ‌ဘောထားကို ရယူတဲ့သ‌ဘောပါ။ နက်ဖြန်၊ သန်ဘက်ခါ သွားမယ်‌လေ။ NCA အတွက် အ‌ထောက် အကူပြုဖို့‌ပေါ့‌နော်။ တင်ပြထားတဲ့ ၈ချက်ကို အဓိက အဲဒီကိစ္စကို သွားပြီး‌တော့ ညှိမှာပါ။”ဟု နိုင်ဟံသာက သတင်း‌ထောက်များ ကို ‌ပြောကြားခဲ့သည်။

‌နေပြည်‌တော်၌ လာမည့် ‌အောက်တိုဘာ ၁၅ရက်‌နေ့၊ မွန်းလွဲပိုင်းတွင် UNFC ဘက်က ဖွဲ့စည်းထားသည့် နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် အစိုးရဘက်က ငြိမ်းချမ်း‌ရေး‌ကော်မရှင်အဖွဲ့ (Peace Commission)တို့ ‌တွေ့ဆုံညှိနှိုင်းကြမည်ဖြစ် သည်။

UNFC ၏ တင်ပြချက်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ကြောင်း ‌ကြေငြာခြင်းကို အစိုးရ၊ တပ်မ‌တော်မှ ဤသ‌ဘောတူညီ ချက် ရရှိသည့်‌နောက် ၂၄နာရီအတွင်း ထုတ်ပြန်ပြီး UNFC အဖွဲ့ဝင်အဖွဲ့အစည်းများက ၄၈နာရီအတွင်း အသီးသီး ထုတ်ပြန်သွား ရန်၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အ‌ခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေးများ အာမခံချက် အပြည့်အဝရှိ‌သော ဖက်ဒရယ် ဒီမိုက‌ရေစီပြည်‌ထောင်စုနိုင်ငံ တည် ‌ဆောက်သွားရန်တို့ ပါဝင်သည်။

နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအဆင့်ဆင့်တွင် အစိုးရ၊ လွှတ်‌တော်နှင့် တပ်မ‌တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက် ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းအားလုံး၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ ပါဝင်‌စေပြီး တိုင်း ရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်‌သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်‌သော ကဏ္ဍများတွင် သာ ပါဝင်ရန် ‌ဖော်ပြထားသည်။

ထို့အပြင် ၂၁ပင်လုံညီလာခံမှ ထွက်‌ပေါ်လာ‌သော ဆုံးဖြတ်ချက်များအ‌ပေါ်အ‌ခြေခံ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အပါအဝင် ဥပ‌ဒေ များကို ‌ရေးဆွဲပြဋ္ဌာန်းရန်၊ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်(CoC)နှင့် ‌စောင့်ကြည့်‌ရေးလုပ်ငန်းလမ်းညွန် (ToR)နှင့် တပ်‌နေရာ ပြန်လည်ချထား‌ရေးတို့ကို ကြိုတင်သ‌ဘောညီမှု ရယူရန်လည်း ပါဝင်သည်။

အလားတူ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အများယုံ ကြည်‌လေးစား‌သော ပုဂ္ဂိုလ်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီတစ်ရပ်ကို နှစ်ဖက် သ‌ဘောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား‌သော ကြီးကြပ်‌စောင့်ကြည့်‌ရေးအဖွဲ့နှင့်အ တူ ဖွဲ့စည်းရန်၊ NCA နှင့် ဤသ‌ဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မ‌ပြေလည်မှု ‌ပေါ်‌ပေါက်လာလျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက် သ‌ဘောတူညီ‌သော ဥပ‌ဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင် ‌သော လွတ်လပ်သည့်ဖျန်‌ဖြေ‌ရေး ခံယူရမည်ဟုလည်း ပါရှိသည်။
02-1
နို်င်ဟံသာက “ဘာ‌ကြောင့်လည်းဆို‌တော့ အခု အချို့က NCA ‌တောင် ထိုးထားတယ်။ အခု RCSS နဲ့‌တောင် တိုက်ပွဲ‌တွေပြန်ဖြစ် ‌နေတယ်။ ဒါက NCA ရဲ့ မခိုင်မာမှုသ‌ဘောပါပဲ။ ကျ‌နော်တို့က‌တော့ NCA ကို ခိုင်ခိုင်မာမာ ဖြစ်‌စေချင်တယ်။ ‌နောက် JMC ကိစ္စ မှာလည်း ‌စောင့်ကြည့်တဲ့အဖွဲ့‌တွေ ‌ကောင်း‌ကောင်းမွန်မွန်၊ ခိုင်ခိုင်မာမာ ရှိထားဖို့ လိုတယ်။ အဲဒါ‌တွေကို သွားပြီး ညှိနှိုင်းမှာပါ”ဟု ‌ပြောဆိုသည်။

၎င်းအချက် ၈ချက် ညှိနှိုင်းမှု ‌ပြေလည်မှုရရှိပါက UNFC ၏ Delegation for Political Negotiation-DPN အဖွဲ့သည် ‌အောက်တို ဘာ ၁၈ရက်နှင့် ၁၉ရက်‌နေ့တွင် ရန်ကုန်မြို့ ၊ ‌ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန-NRPC ရုံးတွင် ကျင်းပမည့် နိုင်ငံ‌ရေးမှုဆိုင်ရာ မူ‌ဘောင်‌ဆွေး‌နွေးပွဲ တက်‌ရောက်နိုင်မည်ဟု UNFC က ‌ပြောသည်။

ထို‌နေ့မတိုင်ခင် UNFC ၏ DPN အ‌နေဖြင့် ‌အောက်တိုဘာ ၁၇ရက်‌နေ့တွင် အပစ်ရပ် ၈ဖွဲ့ဖြင့် ဖွဲ့စည်းထား‌သော ‌ဆွေး‌နွေးညှိနှိုင်း ‌ရေးအလုပ်အဖွဲ့ (CT)နှင့် ရန်ကုန်မြို့တွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်အကြိုသုံးသပ်ခြင်း သီးသန့်‌တွေ့ဆုံမည်ဟု သိရ သည်။

NCA ကို လက်မှတ်‌ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့‌တွေ မူလ သ‌ဘောတူထားတာက စီတီနဲ့ ဒီပီအဲန်နဲ့ Frame Reviewကို ကြိုတင်ညှိနှိုင်းမယ့် သတ်မှတ်ချက်ရှိတယ်။ ၁၈၊ ၁၉ မှာ Frame Work ကို အတူတကွ Reviews ဆိုတာ သူတို့(DPN) ဘက် အဆိုပြုထားတဲ့ရက်ဖြစ်တယ်။ ဒါက တရားဝင် သူတို့ဆီက ကြားရတာဖြစ်တယ်”ဟု ‌ပြောသည်။

NCA သ‌ဘောတူညီချက်အရ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ကျင်းပပြီး (၆)လအတွင်း အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲကို ကျင်းပသွားမည်ဟု ‌ပြောဆိုထားပြီး အဲန်စီ‌အေ လက်မှတ်မ‌ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေ ဖြင့် ဦး‌ဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်‌ဆွေး‌နွေးခွင့်မရှိဘဲ ‌လေ့လာသူအဖြစ်သာ တက်ခွင့်ရှိမည်ဟု သိရသည်။

ထို့အတွက်‌ကြောင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် အားလုံးပါဝင်နိုင်ရန် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု‌ကော် မတီက (UPDJC)က အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မူ‌ဘောင် ညှိနှိုင်းမှုများကို အပစ်မရထားသည့် တိုင်းရင်းသားအဖွဲ့ များနှင့် ကနဦး လုပ်‌ဆောင်ရမည်ဖြစ်ရာ ကရင်ပြည်နယ်တွင် ‌အောက်တိုဘာလ ၁၂ရက်မှ ၁၄ရက်‌နေ့အထိ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အဖွဲ့အစည်းများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဖားအံမြို့၊ ဇွဲကပင်ခမ်းမတွင် ပြုလုပ်လျက်ရှိသည်