Home သတင်း အမျိုးသားအဆင့်နိုင်ငံ‌ရေးမူ‌ဘောင်များနှင့်အခွင့်အ‌ရေးများကို အ‌ခြေခံပြီး ကရင်အမျိုးသားလိုလားချက်ကို ဖြည့်ဆည်းနိုင်ရန်တွက် ဝိုင်းဝန်းလုပ်‌ဆောင်ရန် KNUဥက္ကဋ္ဌတိုက်တွန်း

အမျိုးသားအဆင့်နိုင်ငံ‌ရေးမူ‌ဘောင်များနှင့်အခွင့်အ‌ရေးများကို အ‌ခြေခံပြီး ကရင်အမျိုးသားလိုလားချက်ကို ဖြည့်ဆည်းနိုင်ရန်တွက် ဝိုင်းဝန်းလုပ်‌ဆောင်ရန် KNUဥက္ကဋ္ဌတိုက်တွန်း

1944

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

အမျိုးသားအဆင့်နိုင်ငံ‌ရေး မူ‌ဘောင်များနှင့်အခွင့်အ‌ရေးများကို အ‌ခြေခံပြီး ကရင်အမျိုးသား ပြည်သူလူထု လိုလားချက်အားလုံးကို ဖြည့်ဆည်းနိုင်ရန်အတွက် ဝိုင်းဝန်းစု‌ပေါင်းလုပ်‌ဆောင်သွားကြရန် ‌အောက်တိုဘာ ၁၂ရက်‌နေ့မှ စတင်ကာ ကျင်းပလျှက်ရှိသည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး -KNU ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးက တိုက်တွန်း‌ပြောဆို လိုက်သည်။

၎င်းက “ဒီအစည်းအ‌ဝေးဟာ ကရင့်သမိုင်းမှာ မရှိဘူး‌သေးတဲ့ ကရင့်အမျိုးသားများအနာဂတ်အတွက် ကရင့် ‌ခေါင်း‌ဆောင်‌တွေ ကိုယ်စားလှယ်‌တွေ ကရင်အဖွဲ့အစည်း‌တွေ အတူတကွ ‌ဆွေး‌နွေးခွင့်ရတဲ့ ပွဲဖြစ် တဲ့အတွက် ဒီ‌တွေ့ဆုံပွဲက‌နေ အမျိုးသား အဆင့်နိုင်ငံ‌ရေး မူ‌ဘောင်များနဲ့ အခွင့်အ‌ရေးများကို အ‌ခြေခံပြီး က ရင်အမျိုးသားအားလုံး ပြည်သူလူထု လိုလားချက်အားလုံးကို ဖြည့်ဆည်းနိုင်ဖို့အတွက် အားလုံး စု‌ပေါင်း လုပ်‌ဆောင်ကြဖို့ နှိုး‌ဆော်ပါတယ်။”ဟု ‌ဆွေး‌နွေးပွဲ အမှာစကားတွင် ‌ပြောကြားသည်။

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ‌ဆောင်တွင် ‌အောက်တိုဘာ ၁၄ရက်‌နေ့အထိကျင်းပမည့် ‌ဆွေး ‌နွေးပွဲမှာ ၂၁ ရာစုပင်လုံညီလာခံအပြီး အမျိုးသားအဆင့် နိုင်ငံ‌ရေး မူ‌ဘောင်များချမှတ်နိုင်‌ရေးအတွက် KNU အပါအဝင် ကရင်ပါတီများ၊ နိုင်ငံ‌ရေး ၊ လူမှု‌ရေး ဦး‌ဆောင်သူများ၊ ပြည်နယ်တွင်း အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းများ စသည့် ကရင်အစုအဖွဲ့များအားလုံးပါဝင်‌သော ပထမဆုံး‌ဆွေး‌နွေးပွဲလည်း ဖြစ်သည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကလည်း ကရင်အမျိုးသားအ‌ပေါင်းတို့၏ ဆန္ဒနှင့်မိမိ ဆန္ဒတစ်ထပ်တည်းဖြစ်ပါ‌ကြောင်း၊ အဖက်ဖက်မှနှိမ့်ကျ‌နေသည့် ကရင်လူမျိုးလူငယ်များ အနာဂတ် ‌အေးချမ်းသာယာစွာဖွံ့ဖြိုးတိုးတက်ကျန်ရစ်‌စေရန် ယ‌နေ့တက်‌ရောက်လာကြသည့် လူကြီးများမှ အတ္တ၊ မာန‌တွေ မထားဘဲ စု‌ပေါင်းကာ မိမိတို့ ကိုယ်စီနိုင်သ‌လောက် ပူး‌ပေါင်းပါဝင် လုပ်‌ဆောင်မှသာ လူငယ်များအတွက် ‌ကောင်းမွန်သည့် အနာဂတ်ဘဝထားခဲ့နိုင်မှာဖြစ်‌ကြောင်း ‌ပြောကြားသွားသည်။
photos-kic-2
၎င်း‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌနှင့် လွှတ်‌တော် ကိုယ်စားလှယ်များ ၊ ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ-KUPCအဖွဲ့ဝင်များ၊ KNU‌ခေါင်း‌ဆောင်များ၊ ‌ဒေသတွင်း ကရင်ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များတွင် ဦး‌ဆောင်ပါဝင်‌ဆောင် ရွက်‌နေ‌သော သံဃာ‌တော်များ၊ ခရစ်ယာန် သိက္ခာ‌တော်ရ ဆရာ‌တော်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ မြို့နယ်နှင့်‌ကျေးရွာ ကရင်လူထုကိုယ်စားလှယ်များ ကရင်ပါတီ ၅ပါတီမှ ပါတီ‌ခေါင်း‌ဆောင်နှင့်အဖွဲ့ဝင်များစုစု‌ပေါင်း ၁၅ဝဦးခန့်တက်‌ရောက်သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသည့် ကရင်‌ခေါင်း‌ဆောင်များ၊ ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ အ‌နေ ဖြင့် ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲ (‌လေးဝါး)တွင် ချမှတ်ထား‌သော ကရင်နိုင်ငံ‌ရေး၊ ကာ ကွယ်‌ရေးနှင့် လုံခြုံ‌ရေး၊ စီးပွား‌ရေး၊ အုပ်ချုပ်‌ရေးနှင့်လူမှု‌ရေး၊ ‌မြေယာနှင့် သယံဇာတစသည့်ကဏ္ဍကြီး ၅ခု အစုအဖွဲ့ များဖြင့်စုဖွဲ့‌ဆွေး‌နွေးကာ လုပ်ငန်းစဉ်များ ‌ရေးဆွဲချမှတ်နိုင်‌ရေး ‌ဆွေး‌နွေးကြမည်ဟု သိရသည်။

တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA အ‌ကောင်အထည်‌ဖော်မှုအရ အဆိုပါ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများမှရရှိလာသည့် ကဏ္ဍအလိုက်အဆိုပြုချက်များ၊ အကြံပြုချက်များကို သက်ဆိုင်ရာလုပ်ငန်း ‌ကော်မတီများမှတစ်ဆင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံတွင် ‌ဆွေး‌နွေးဆုံးဖြတ်မှုများ ပြုလုပ်နိုင်ရန် တင်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ရက်‌နေ့မှ စက်တင်ဘာ ၃ရက်‌နေ့အထိ ‌နေပြည်‌တော်တွင် ကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ၊ ၂၁ပင်လုံ ပထမအကြိမ်အစည်းပြီး‌နောက် ‌ခြောက်လအတွင်း အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကျင်းပသွားမည်ဟု ညီလာခံ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်များက ‌ပြောထားသည်။