Home သတင်း ‌ကော့ကရိတ်-အိန္ဒု အာရှအ‌ဝေး‌ပြေးလမ်းမစီမံကိန်း ‌ဒေသခံများနစ်နာမှုမရှိ‌ရေး လုပ်‌ဆောင်မည်ဟု ADB‌ပြော

‌ကော့ကရိတ်-အိန္ဒု အာရှအ‌ဝေး‌ပြေးလမ်းမစီမံကိန်း ‌ဒေသခံများနစ်နာမှုမရှိ‌ရေး လုပ်‌ဆောင်မည်ဟု ADB‌ပြော

1877

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့မှ အိန္ဒု‌ကျေးရွာအထိ ဆက်လက်‌ဖောက်လုပ်မည့် အာရှအ‌ဝေး‌ပြေး လမ်းမ‌ကြောင့် ‌ဒေသခံများနစ်နာမှုမရှိ‌စေ‌ရေးအတွက် အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)က လုပ်‌ဆောင်‌ပေးသွားမည် ဟု ‌အောက်တိုဘာ ၁၃ရက်‌နေ့က ဖားအံမြို့၊ သီရိဖားအံဟိုတယ်တွင် ပြုလုုပ်‌သော ADBနှင့် အစိုးရ၊ လွှတ်‌တော်၊ အရပ်ဘက်အဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ADBမှ တာဝန်ရှိသူ ကို‌အောင်‌ကျော်ဖြိုးက ‌ပြောသည်။

ယင်းစီမံကိန်းအတွက် ပြည်‌ထောင်စုအစိုးရက အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)မှ ‌ငွေ‌ကြေး‌ချေးယူ၍ ‌ဖော်‌ဆောင် သည့် စီမံကိန်းဖြစ်၍ ‌ဒေသခံတို့၏ လူမှု‌ရေးထိခိုက်နစ်နာမှုများသည့်အတွက် စံနှုန်းအတိုင်း ‌ဒေသခံနှင့် ‌တွေ့ဆုံ ညှိနှိုင်းပြီး အစိုးရနှင့်ပူး‌ပေါင်းကာ ထိခိုက်နစ်နာ‌ကြေးများ‌ပေး‌ဆောင်သွားမည်ဟု ကို‌အောင်‌ကျော်ဖြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီစီမံကိန်းမှာ ‌ဒေသခံအိမ်များ၊ ‌ဈေးဆိုင်များ၊ လယ်ယာ‌မြေများ ဖယ်ရှား‌ပေးရမှာဖြစ်တယ်။ ကျ‌နော်တို့ သတ်မှတ် ထားတဲ့ စံနှုန်းနဲ့အညီ ‌လျော်‌ကြေးမ‌ပေးရ‌သေးပဲ ဒီစီမံကိန်းကို လုပ်‌ဆောင်လို့မရပါဘူး။ ‌ဒေသခံ ပြည်သူ‌တွေ မနစ်နာရ‌လေ‌အောင် မတန်မဆလည်း မဖြစ်ရ‌လေ‌အောင်‌ပေါ့‌နော်။ နိုင်ငံ‌တော်အစိုးရ စီမံကိန်းဖြစ်တဲ့အတွက် အစိုးရကပဲ ‌လျော်‌ကြေး‌ပေးသွားမှာပါ။”ဟု သူက ‌ပြောသည်။

ထို့အပြင် ‌ဒေသခံအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းအ‌နေဖြင့် မိမိတို့ သိရှိလိုသည့် သတင်း အချက် အလက်များရရှိ‌စေရန် ADBသို့ အစဉ်အမြဲ လာ‌ရောက်‌မေးမြန်းနိုင်‌ကြောင်းနှင့် ‌ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျှက်ရှိသည်ဟုလည်း ကို‌အောင်‌ကျော်ဖြိုးက ဖြည့်စွက်‌ပြောသည်။

အဆိုပါ ADB အဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့များအား လာ‌ရောက်‌တွေ့ဆုံမှုတွင် ADB အ‌နေဖြင့် အစိုးရနှင့်ပူး‌ပေါင်းကာ မည်သည့်ပုံစံဖြင့် လုပ်‌ဆောင်‌နေ‌ကြောင်း၊ ADB ၏ မူဝါဒများနှင့် အ‌ကြောင်းအရာများ၊ အဓိကထား‌ဖော်‌ဆောင်‌နေသည့် ကဏ္ဍများနှင့် ‌နောင်လာမည့် ၅နှစ် အတွက် လုပ်‌ဆောင်သွားမည့်စီမံကိန်းများကို ရှင်းလင်းသွားသည်။

ယင်း‌ကော့ကရိတ်နှင့် အိန္ဒု အာရှအ‌ဝေး‌ပြေးလမ်းမ စီမံကိန်းကို လုပ်‌ဆောင်သည့်အချိန်တွင် အစိုးရနှင့်ADB အဖွဲ့တို့က ‌ဒေသခံများနှင့်အတူ ညှိနှိုင်း‌ဆွေး‌နွေးမှုများ ပိုမိုလုပ်‌ဆောင်သင့်သလို ပွင့်လင်းမြင်သာမှုများ ပိုမိုလိုအပ်‌နေ‌သေးသည်ဟု အရပ်ဘက်လူမှုအဖွဲ့မှ နန်းမြင့်‌အောင်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “သူတို့ လမ်းဧရိယာတိုင်လာ‌ထောင်တာက ဘယ်အချိန်ဘယ်အခါလဲမသိဘူး၊ လမ်းရဲ့ဧရိယာ ဘယ် ‌လောက် အကျယ်လဲ မသိရဘူး။ အဲလိုလုပ်‌တော့ ‌ဒေသခံ‌တွေက စိုးရိမ်‌နေကြတာ‌ပေါ့။ ‌ဒေသခံ‌တွေရဲ့ဆန္ဒက လာမယ်ဆိုရင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေနဲ့ အတူလာပြီး ‌ဒေသခံ‌တွေနဲ့ညှိညှိနှိုင်းနှိုင်း၊ ပွင့်ပွင့်လင်းလင်း တိုင် ပင် လုပ်‌ဆောင်သွား‌စေချင်ပါတယ်။ အခုက ခြိမ်း‌ခြောက်ခံရသလို ‌ဒေသခံ‌တွေက ခံစား‌နေကြရတယ်။”ဟု ‌ပြောသည်။

‌ကော့ကရိတ်မြို့မှ အိန္ဒု‌ကျေးရွာအထိ ဆက်သွယ်သွားမည့် အာရှအ‌ဝေး‌ပြေးလမ်းမစီမံကိန်း ‌ဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုအားနည်းပြီး ‌ဒေသခံများ လူမှုဘဝထိခိုက်နစ်နာမှုများ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများရှိသည်ဟု ဆိုကာ ‌ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများတို့က စု‌ပေါင်း ကန့်ကွက်မှုများလည်း ရှိခဲ့သည်။

ယင်းစီမံကိန်းအတွက် ‌ဒေသခံများ၏ အိမ်ခြံ၊ လယ်ယာ‌မြေ၊ ဥယျာဉ်‌မြေနှင့် ‌ဈေးဆိုင်များ ‌ပြောင်း‌ရွှေ့ရမည်ဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့များ၏ ခန့်မှန်း‌ခြေအရ ‌ပြောင်း‌ရွှေ့ခံရမည့် အိမ်‌ထောင်စု‌ပေါင်း ၄၀၀‌ကျော်ရှိဟု ‌ပြောဆိုထား‌သော်လည်း ADBအဖွဲ့၏ စစ်တမ်းအရ အိမ်‌ခြေ‌ပေါင်း ၂၀ဝ ဝန်းကျင်သာရှိသည်ဟု သိရသည်။

အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)သည် အာရှနှင့်ပစိဖိတ် ‌ဒေသတွင်း ဆင်းရဲနွမ်းပါးမှုအတွက် တိုက်ဖျက်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်‌ဒေသအတွင်း ၄၈နိုင်ငံနှင့် အာရှ ပစိဖိတ်ပြင်ပမှ ၁၉ နိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံ စုစု‌ပေါင်း ၆၇ဖြင့် ဖွဲ့စည်းထားသည်။